Posts

Showing posts from March, 2020

စာအုပ်ရပါပြီ

Image
အိပ်မက်မြစ်စာအုပ်ကို တစ်နိုင်ငံလုံးက အောက်ဖော်ပြပါဆိုင်တွေမှာ ဝယ်လို့ရပါပြီ။ Covid ကိစ္စပေါ်လာပေမယ့် စာအုပ်တွေ ဆိုင်တင်တဲ့ process က လုပ်လတ်စကြီးမို့ postpone မလုပ်တော့ပဲ ဆိုင်တွေပေါ် ပို့ထားလိုက်ပါတယ်။ အိမ်မှာတတ်နိုင်သလောက်နေဖို့နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ပဲ အကြံပေးပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။  ဒါက ဝယ်လို့ရနေမယ့် ဆိုင်စာရင်းပါ။ ရန်ကုန် ⏺စာပေနန်းတော် (36 လမ်းအလယ်ဘလောက်) ⏺ စာပေလောက (ပန်းဆိုးတန်း) ⏺စာပေလောက (လှည်းတန်း) ⏺စာပေလောက( Junction City) ⏺စာပေလောက (Central) ⏺ အင်းဝ (ပန်းဆိုးတန်း) ⏺ အင်းဝ(လှည်းတန်း) ⏺ အင်းဝ ( Myanmar Plaza) ⏺အင်း၀ (TimeCity) ⏺ရာပြည့် (ပန်းဆိုးတန်း) ⏺ ရာပြည့် (36လမ်း အထက်ဘလောက်) ⏺ စောဦးစာပေ (31လမ်းအထက်) ⏺ နေစေး (32 လမ်း အထက်ဘလောက်) ⏺ နေစေး (Yangon Book Plaza) ⏺ ကိုလတ်စာပေ (31 လမ်း) ⏺စောဦးစာပေ (သင်္ဃန်းကျွန်း) ⏺တော်ဝင်မြေစာပေ (ဒဂုံတက္ကသိုလ်) နယ်မှာဆိုရင်တော့ ⏺ထွန်းဦးစာပေ (မန္တလေး) ⏺နဂါးစာပေ (မန္တလေး) ⏺အင်းဝ(မင်္ဂလာမန္တလေး) ⏺စိတ်ကူးချိုချို (မန္တလေး) ⏺ ပြုံးချိုစာပေ (ပုသိမ်) ⏺ဝါးရုံစာပေ (ပုသိမ်) ⏺ သော်တာစန်းစာပေ (ပျဉ်းမနား) ⏺သရဖူစာပေ (ပျဉ်းမန...

Slow Dancing In the Dark

Image
ဘာမှမရှိတဲ့အထဲက ဘာမှထပ်ပြီးမဆုံးရှုံးချင်တော့ဘူး။ မဆုံးရှုံးနိုင်တော့ဘူး။ ငါကထုံပေနေပြီ။ ဘာကိုမှစိတ်မဝင်စားတဲ့မျက်ဝန်းတွေနဲ့ လမ်းတွေပေါ်မှာ ရွေ့လျားတတ်နေပြီ။ ငါ့အသံဟာ အိပ်မက်ယောင်သူတစ်ယောက်လို လည်ချောင်းထဲကနေ တစ်ခါတစ်ရံမှထွက်ပေါ်လာတော့တယ်။ ငါ့အသံကို ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး။ ပြီးတော့ ငါ့အသံရဲ့ခြေလှမ်းတွေဟာ သိပ်လေးလံနေခဲ့တာပဲ။ ပြောချင်တာတွေသိမ်းထားရတာများတော့  ငါ့မျက်နှာကအရေပြားဟာ အငွေ့ပျံကွာကျလာပြီး အဲ့ဒီနေရာမှာ ငါ့မျက်နှာရဲ့မပျော်တဲ့ဘက်ခြမ်းဟာ အပြီးတိုင်ရောက်လာတယ်။ ငါ့လည်ချောင်းတွေကို ဖွင့်ထုတ်အော်ဟစ်လိုက်တဲ့အခါ " အမှောင်" ဆိုတဲ့စကားလုံးပဲ ထွက်လာတော့တယ်။ အဲ့ဒီအချိန်ဆိုရင် မော့ထားတဲ့ငါ့ခံတွင်းကနေ လေးထောင့်ပုံမီးခိုးတန်းတစ်ခုထွက်လာတယ်။ အဲ့ဒီအမှောင်တန်းဟာ မိုးရွာခါနီးမည်းနက်နေတဲ့တိမ်တွေနဲ့ဆက်သွားတယ်။ ငါ့မျက်နှာပေါ်ကို မိုးတွေရွာကျလာတယ်။  စက်သေနတ်နဲ့ပစ်သလို ငါ့မျက်နှာပေါ်မိုးတွေတဖွဲဖွဲကျနေတယ်။ ညဘက်တွေဆိုရင် ငါ့နားထဲမှာ စန္ဒယားတီးလုံးသံတစ်ခုကြားတယ်။ စန္ဒယားသံဟာ ခလုပ်တစ်ခုချင်းကို တီးနေတဲ့အသံ။ စုစုပေါင်း note ၈ခုတီးတယ်။ အသံဟာတိုးရာကနေ ကျယ်လာတယ်။ ကျယ်ရာကနေပြန်တိ...

အခန်းထဲကတစ္ဆေ (၂)

Image
အခန်းထဲက တစ္ဆေ (၂) "ကျနော် ညဘက်တွေ အိပ်မပျော်ဘူး" "အင်း” "ကြာတော့ကြာပြီ။ အိပ်မပျော်ဘူးဆိုတာ လွယ်လွယ်နဲ့အိပ်မရတာကိုပြောတာပါ။ အိပ်ပြီးရင်လည်း တစ်ချက်တောင်မနိုးဘူး။ သေနေတယ်တောင်ထင်ရတယ်" "အင်း" တစ္ဆေဆီက ဘာသံမှမကြားတော့ဘူး။ ကျနော်လည်း လက်အငြိမ်မနေဘဲ အခန်းမီးခလုပ်ကိုဖွင့်လိုက်နဲ့လုပ်နေမိတယ်။ ညမီးရောင်က အဝါရောင်။ ဒါပေမယ့် မှိန်ဖျော့လွန်းတော့ အမှောင်ဘက်သန်းနေသလိုပဲ။ "အိပ်လည်းမအိပ်။ တခြားဘာမှလည်းမလုပ်ပဲ အိပ်ယာပေါ်လှဲပြီး မင်းဘယ်လိုနေနိုင်တာလဲ" "လူတွေ ဒီလိုပဲလုပ်ကြတာပဲလေ။ ပင်ပန်းတဲ့ကိစ္စမှမဟုတ်ပဲ။ ခင်ဗျားကရော ညဘက်ဘာလုပ်လဲ" "ငါမနေ့ကပြောဖူးသလိုပဲ။ အမှောင်ထဲလျှောက်သွားတယ်။ သစ်ပင်တွေအောက်ထိုင်တယ်။ လမ်းတွေပေါ် သွားတယ်။ မနက်အလင်းရောင်ရောက်လာရင် ငါပျောက်သွားတယ်။ ညမှောင်ရင် ပြန်ပေါ်လာတယ်။ တခြားဘာလုပ်ရမလဲ" "ခင်ဗျားဘဝကြီးက ကြောင်တောင်တောင်ပဲ" "အိပ်ရာပေါ်မျက်လုံးမှိတ်လှဲနေပြီး မအိပ်တဲ့ကောင်ကများ င့ါပြောရတယ်လို့" စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ လက်က အိပ်ရာခေါင်းရင်းကိုမှီထိုင်ပြီး တံခါးဘောင်ကိုခေါက်နေမိပြန်တယ်။ ...

အခန်းထဲကတစ္ဆေ (၁)

Image
အခန်းထဲက တစ္ဆေ အခန်းထဲမှာ တစ္ဆေတစ်ကောင်ရှိနေတယ်ဆိုတာကို ကျနော့်ကိုတစ်ယောက်ယောက်က လာပြောပြသွားခဲ့တယ်။ အဲ့ဒီလူဘယ်သူလည်း ကျနော်မမှတ်မိတော့ဘူး။ ဘယ်မှာပြောခဲ့တယ်ဆိုတာလည်း မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အခန်းထဲမှာ တစ္ဆေတစ်ကောင်ရှိနေတယ်ဆိုတာတော့ ကျနော်ယုံကြည်နေခဲ့တယ်။ ပိုသေချာခဲ့တဲ့ အကြောင်းကတော့ ကျနော်တို့စကားပြောဖြစ်ခဲ့လို့ပါပဲ။ ဟုတ်တယ်။ အခန်းထဲမှာ တစ္ဆေရှိတယ်ဆိုတာကိုသိပြီးကတည်းက ညဘက်တွေမှာ ကျနော်လုပ်ဖြစ်ခဲ့တာဟာ စကားပြောခြင်းပါ။ ခါတိုင်း ကျနော့်တစ်ယောက်တည်းလိုနေနေရာကနေ အခန်းထဲရောက်တာနဲ့ ပြန်ရောက်ကြောင်းအသိပေးတယ်။ တစ်ခုခုစားသောက်တဲ့အခါ လှမ်းမေးတယ်။ ကျနော့်မှာအခန်းဖော်တစ်ယောက်ရှိလာသလို ကျနော်ခံစားခဲ့ရတယ်။ နောက်ဆုံး အိပ်ခါနီးအချိန်ကျရင်တော့ မျက်လုံးတွေကိုမှိတ်ပြီး "Goodnight" လို့ပြောဖြစ်ပါတယ်။ တစ်ရက်တော့ မနေနိုင်တော့တဲ့ အခန်းထဲက တစ္ဆေဟာ ကျနော့်ကိုပြန်ဆက်သွယ်လာခဲ့ပုံရပါတယ်။ ကျနော် "Goodnight" လို့ပြောပြီးတဲ့အခါ အခန်းထဲမှာ စကားသံတစ်ခုကြားရတယ်။ သူနဲ့ ကျနော်စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ အခန်းထဲက တစ္ဆေနဲ့ပါ။ အခန်းထဲက တစ္ဆေ (၁) " Goodnight " "လူတွေ ဘ...

ဇာတ်ကောင်များအကြောင်း

Image
ဇာတ်ကောင်တွေအကြောင်းပြောကြစို့။ နေ့စဥ်ဘဝဟာ စက်ဝိုင်းတစ်ခုလို သံသရာလည်နေတယ်။ လူတွေအားလုံးက ကိုယ်ရောက်နေတဲ့ကဏ္ဍက လုပ်စရာအသီးသီးကို ပုံမှန်လုပ်ကိုင်ကြတယ်။ အဲ့ကနေမှ ကိုယ့်အတွက်ပိုကောင်းမယ်ထင်တာလေးတွေရှာကြတယ်။ ရလာတဲ့အခါ အဲ့ကောင်းတာလေးတွေကို ထိန်းသိမ်းဖို့နဲ့ ပိုကောင်းတာရရှိဖို့ ဆက်ပြီးပုံမှန်လုပ်ကိုင်ရပြန်တယ်။ ဒီသံသရာထဲကနေ နွမ်းနယ်လာတဲ့အခါမှာတော့ ရုပ်ရှင်လေး၊စာအုပ်လေး၊သီချင်းလေးတွေနဲ့ ဖြေသာပေါ့။ ယမကာလေးမှီဝဲပေါ့။ ခရီးလေးဘာလေးသွားပေါ့။ ဒီလိုသံတူကြောင်းကွဲ ပျင်းစရာကောင်းတဲ့နေ့စဥ်ဘဝထဲကိုရောက်လာတာကတော့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဇာတ်ကောင်တွေဟာ ပုံမှန်လူသားကမ္ဘာကိုငြီးငွေ့လာတဲ့ စိတ်ကူးယဥ်သူတွေဆီကနေတဆင့် ကျနော်တို့ဆီကိုရောက်လာကြတယ်။ စိတ်ကူးယဥ်မှုဟာ အတိုင်းအဆမဲ့တဲ့အတွက် ဇာတ်ကောင်ဖန်တီးသူတွေဟာ သူတို့စိတ်ကြိုက်ကမ္ဘာတွေကိုဖန်ဆင်းပြီး ကျနော်တို့ရဲ့ ပုံမှန်ကမ္ဘာထဲကို ပစ်ထည့်ပေးနိုင်လာတယ်။ စိတ်ကူးထဲမှာ လက်ထဲကလည်းမီးတောက်နိုင်တယ်။ တိရစ္ဆာန်တွေကလည်း စကားပြောနိုင်တယ်။ ဒီလို စိတ်ကူးယဥ်မှုပန်းပွင့်တွေဟာ ကျနော်တို့ရဲ့ကမ္ဘာထဲကို စက်သေနတ်တစ်ခုနဲ့ဒရစပ်ပစ်သလို ကျူးကျော်ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် သူတို့ကျူ...

လူအုပ်ထဲမှာပျောက်ဆုံးခြင်း

Image
ခင်ဗျားက ပါတီပွဲတစ်ခုကိုရောက်နေမယ်။ မီးရောင်တဖျတ်ဖျတ်နဲ့ စိတ်လှုပ်ရှားစရာဂီတသံနဲ့။  ခင်ဗျားဘေးမှာလည်း လူတွေအများကြီးရှိနေတယ်။ အဲ့ဒီလူအုပ်ကြီးရဲ့ အလယ်မှာ ရောက်နေတာတောင်ဖြစ်နိုင်တယ်။ ဒါပေမယ့် ထူးဆန်းတဲ့ခံစားချက်က ခင်ဗျားစိတ်မှာ အရမ်းအထီးကျန်ဆန်နေတာပဲ။ မပျော်ရွှင်နေတာပဲ။ ရယ်မောပျော်ရွှင်နေတဲ့လူတွေရဲ့မျက်နှာတွေကို အဓိပ္ပါယ်မဲ့ငေးမောရင်း ဒီလူတွေကြားကနေ ခင်ဗျားထွက်ပြေးချင်လာလိမ့်မယ်။ နောက်ဆုံးတော့ ပါတီရဲ့အပြင်ဘက်ကိုရောက်သွားမယ်။ အမှောင်ထုကိုငေးမယ်။ ဆေးလိပ်တစ်လိပ်လောက်ထုတ်ဖွာမယ်။ ခုနကထက် စိတ်သက်သာရာရလာပေမယ့် ပိုဆိုးတဲ့အချက်က ငါသူတို့လိုဘာလို့မပျော်တာလဲဆိုတဲ့စိတ်ဟာ ခင်ဗျားကိုပိုဝမ်းနည်းနေတာပဲ။ နောက်ဆုံးတော့ လူတွေကိုတောင်နှုတ်မဆက်တော့ပဲ အမှောင်ထုအတိုင်း တစ်ယောက်တည်းအိမ်ကိုပြန်ခဲ့မယ်။ ကားမှတ်တိုင်မှာ ခင်ဗျားမသိတဲ့သူစိမ်းတွေရဲ့မျက်ဝန်းတွေ ခင်ဗျားကိုစောင့်နေတော့မယ်။ ဒီအဖြစ်အပျက်မျိုးကို တစ်ခါမကခံစားလာရတဲ့အခါ တစ်ခုခုများမှားယွင်းနေပြီလားလို့ ကျနော်စဥ်းစားမိတယ်။ ကျနော့်ကိုယ်တွင်းမှာ ဒါမှမဟုတ်လည်း ကျနော့်အာရုံကြောတွေမှာ ကြွက်တစ်ကောင်ဝင်ရောက်ကိုက်ဖြတ်သွားခဲ့ပြီလားပေါ့။ ပိုနားမလည်နိုင်စ...

ကမ္ဘာမြေကပန်းများ

Image
ကမ္ဘာမြေကပန်းများ တံတားပေါ်မှာ အိပ်တဲ့ကလေးဟာ အတူနေတဲ့ခွေးကို အစာအမြဲကျွေးတယ်။ တိုက်ခန်းဝရန်တာက ပန်းအိုးလေးရေ မင်းလည်းပဲ  လာဗင်ဒါပန်းခင်းကြီးလို လှပါတယ်ကွယ်။ -ဆပ်ရိပ် ၂၈.၂.၂၀

ကျဆိမ့်သောက်တတ်လာခြင်း

Image
ကျဆိမ့် ရုတ်တရက််ဆွဲစုတ်ခံရပြီး စားပွဲပေါ်ရောက်လာတဲ့ တစ်ရှူးစတွေလို ငါဘယ်လိုလူကြီးဖြစ်လာခဲ့တယ်မသိဘူး။ ငါသိတဲ့အချိန်မှာ  ငါ့ကိုယ်တစ်ပိုင်းက အိမ်တံခါးမှာ နောက်ထပ်ကိုယ်တစ်ပိုင်းက ဘဝထဲမှာ။ ငါဘာမှမသိဘူး ငါ နှစ်ခုတော့သိတယ်။ ပထမတစ်ခုက အသက်ကြီးလို့ အပြင်ရောက်လေလေ အဖေ့ရဲ့ "အိမ်မှာစားသွားလေ"ဆိုတာကို သတိရလေပဲ။ နောက်တစ်ခုက အမေ့အိမ်မှာ လက်ဖက်ထမင်းရနိုင်တယ် လက်ဖက်ရည်ဆိုင်မှာတော့ အမေ့လက်ရာမရနိုင်ဘူး ဘယ်တော့မှ။ -ဆပ်ရိပ် ၂၇.၂.၂၀

နွေဦး

Image
နွေဦး ငါ့အိမ်ရှေ့ခန်းတီဗီက အရင်ကအကြောင်းတွေပဲ လွှင့်တယ် ငါ့လက်ပတ်နာရီက အရင်အချိန်တွေကိုပဲ ပြတယ် ငါ့မှတ်ဥာဏ်က အရင်အကြောင်းတွေပဲ တွေးတယ် ငါဟာအတိတ်နာကျနေသူပါ အလင်းမဲ့နွေ အိပ်ယာခင်းကြေ နာကျင်ကြေမွ ပြန်မရနိုင်တော့တာတွေဆို ငါ့စိတ်က "တ" လိုက်ရမှ။ ငါပြေးထွက်ခဲ့တာ အဝေးကြီး ဒါပေမယ့် စက်ဝိုင်းထဲမှာ။ -ဆပ်ရိပ် ၂၆.၂.၂၀

ဖျားနာ

Image
ဖျားနာ အမှောင်ရဲ့ပုံတွေကို စိတ်နဲ့ရိုက်ကြည့်တဲ့အခါ ဘဝတစ်ပါးက ပန်းခွေတွေကို ညတိုင်းမြင်ရတယ်။ ငါနေမကောင်းဘူးလို့ပြောခဲ့ရင် ငါ့နဖူးကိုမစမ်းခင် ငါ့မျက်ဝန်းတွေကို အရင်ဖတ်ပါလား။ ငါဟာငါဖြစ်နေတဲ့အတွက် ငါတောင်းပန်ပါတယ် ငါ့ကိုယ်ငါရော အားလုံးကိုရော။ ငါမပျော်ဘူးသိလား အိပ်ယာနံဘေး တစ္ဆေတစ်ကောင်အိပ်နေ လူတွေကိုနှစ်သိမ့်ခဲ့တဲ့  ငါ့လက်ဖဝါးထဲမှာ အိပ်ဆေးတွေနဲ့။ -ဆပ်ရိပ် ၂၆.၂.၂၀

ဖေဖော်ဝါရီငါ

Image
ဖေဖော်ဝါရီငါ မနက်ခင်းအသစ် လိုင်းကားအဟောင်းကြီးပေါ်တက်လိုက်တာနဲ့ တံခါးဖွင့်စီးနေကြတဲ့ လူအဟောင်းတွေကိုတွေ့တယ်။ လူတွေဟောင်းနွမ်းဆွေးမြေ့နေတဲ့အနံ့ အသက် အနံ့တွေနဲ့အသက်တွေဟာ  တဆက်တည်းအိုမင်းခဲ့ရတယ်။ အဘွားကြီးတွေက ပလက်ဖောင်းပေါ်မှာ ဒန်ခွက်တစ်လုံးချပြီး သေမယ့်အချိန်ကိုစောင့်တယ်။ ငါလည်းကွန်ပျူတာရှေ့မှာ လိုင်းကားပေါ်မှာ လက်ဖက်ရည်ဆိုင်မှာ အိပ်ခန်းထဲမှာ ငါ့ဘဝထဲမှာပဲ။ အဲ့ငါ့ဘဝထဲမှာ ငါဘာကိုစောင့်နေမိတယ်မသိဘူး သံသရာမှ အခါခါလည်နေတာမဟုတ် ဘဝကလည်း ဒါတွေချည်းပဲလား။ ဖြစ်နိုင်ရင်တော့ ဇွန်ဘီတွေဝင်လာစေချင်တာ ကမ္ဘာဖျက်မယ့်ဂြိုလ်သားတွေရောက်လာစေချင်တာ။ ဒါပေမယ့် အဲ့ဒီငါကပဲ အော်ကြီးဟစ်ကျယ်စကားတွေမပြောချင်ဘူး ဘယ်သူနဲ့မှ မငြင်းခုန်ချင်ဘူး ရွေဆွဲကြိုးကြီးတွေ မဝတ်ချင်ဘူး လူနားမလည်တာတွေ မပြောချင်ဘူး။ သေရမှာကိုငါမကြောက်ဘူး ငါ့ကိုမသိတဲ့မျက်ဝန်းတွေထက်  ငါ့ကိုနားမလည်တဲ့မျက်ဝန်းတွေကြားထဲ တစ်သက်လုံးတိုးဝှေ့သွားရမှာကို ငါကြောက်လိုက်တာ။ (ထားလိုက်ပါတော့) ကော်ဖီတစ်ခွက်ပဲပေးပါ ကမ္ဘာတစ်ပတ်စာလောက် ငါငြိမ်သက်နေနိုင်ပါတယ်။ -ဆပ်ရိပ် ၂၄.၂.၂၀