ကျဆိမ့်သောက်တတ်လာခြင်း


ကျဆိမ့်

ရုတ်တရက််ဆွဲစုတ်ခံရပြီး
စားပွဲပေါ်ရောက်လာတဲ့ တစ်ရှူးစတွေလို
ငါဘယ်လိုလူကြီးဖြစ်လာခဲ့တယ်မသိဘူး။

ငါသိတဲ့အချိန်မှာ 
ငါ့ကိုယ်တစ်ပိုင်းက အိမ်တံခါးမှာ
နောက်ထပ်ကိုယ်တစ်ပိုင်းက ဘဝထဲမှာ။

ငါဘာမှမသိဘူး
ငါ နှစ်ခုတော့သိတယ်။

ပထမတစ်ခုက
အသက်ကြီးလို့ အပြင်ရောက်လေလေ
အဖေ့ရဲ့ "အိမ်မှာစားသွားလေ"ဆိုတာကို သတိရလေပဲ။

နောက်တစ်ခုက
အမေ့အိမ်မှာ လက်ဖက်ထမင်းရနိုင်တယ်
လက်ဖက်ရည်ဆိုင်မှာတော့ အမေ့လက်ရာမရနိုင်ဘူး
ဘယ်တော့မှ။

-ဆပ်ရိပ်
၂၇.၂.၂၀

Comments