ဖျားနာ


ဖျားနာ

အမှောင်ရဲ့ပုံတွေကို
စိတ်နဲ့ရိုက်ကြည့်တဲ့အခါ
ဘဝတစ်ပါးက ပန်းခွေတွေကို
ညတိုင်းမြင်ရတယ်။

ငါနေမကောင်းဘူးလို့ပြောခဲ့ရင်
ငါ့နဖူးကိုမစမ်းခင်
ငါ့မျက်ဝန်းတွေကို အရင်ဖတ်ပါလား။

ငါဟာငါဖြစ်နေတဲ့အတွက်
ငါတောင်းပန်ပါတယ်
ငါ့ကိုယ်ငါရော
အားလုံးကိုရော။

ငါမပျော်ဘူးသိလား
အိပ်ယာနံဘေး တစ္ဆေတစ်ကောင်အိပ်နေ
လူတွေကိုနှစ်သိမ့်ခဲ့တဲ့ 
ငါ့လက်ဖဝါးထဲမှာ
အိပ်ဆေးတွေနဲ့။

-ဆပ်ရိပ်
၂၆.၂.၂၀

Comments