နွေဦး


နွေဦး

ငါ့အိမ်ရှေ့ခန်းတီဗီက
အရင်ကအကြောင်းတွေပဲ လွှင့်တယ်
ငါ့လက်ပတ်နာရီက
အရင်အချိန်တွေကိုပဲ ပြတယ်
ငါ့မှတ်ဥာဏ်က
အရင်အကြောင်းတွေပဲ တွေးတယ်

ငါဟာအတိတ်နာကျနေသူပါ
အလင်းမဲ့နွေ
အိပ်ယာခင်းကြေ
နာကျင်ကြေမွ
ပြန်မရနိုင်တော့တာတွေဆို
ငါ့စိတ်က "တ" လိုက်ရမှ။

ငါပြေးထွက်ခဲ့တာ အဝေးကြီး
ဒါပေမယ့်
စက်ဝိုင်းထဲမှာ။

-ဆပ်ရိပ်
၂၆.၂.၂၀

Comments