Posts

Showing posts from February, 2020

အချစ်ဆိုသောအရာ

Image
(၁) "နင်ငါ့ကိုတကယ်မချစ်ပါဘူးဟာ" ဟု သူပြောတုန်းက ကျွန်တော်ငြင်းခဲ့​သေးသည်။ ထိုစဥ်က ဘာကြောင့် ငြင်းမိသည်ကို ကျွန်တော်မသိ။ ကျွန်တော့်၏ ဂုဏ်သိက္ခာအတွက်လား။ ကျွန်တော့်၏ ယောကျာ်းပီသချင်မှုအတွက်လား။ သေချာတာကတော့ သူအဲ့စကားပြောလာချိန်မှာ ကျွန်တော်အကြောက်အကန်ပြန်ငြင်းနေခဲ့ခြင်းဖြစ်သည်။ အိမ်ပြန်ရောက်တော့ စိတ်ထဲထိုင်းမှိုင်းနေသည်။ သွေးတော့အေးစပြုပြီ။ သေချာပြန်စဥ်းစားကြည့်တော့မှ သူပြောသောစကားလုံးတိုင်းအတွက် ကျွန်တော့်မှာ တုံ့ပြန်ငြင်းဆန်စရာစကားလုံးမရှိပါ။ မည်သည့်စကားလုံးမှ ရှိမနေခဲ့ပါ။ (၂) သူနှင့်ကျွန်တော်သည် ချစ်သူလည်းမမည်။ သူငယ်ချင်းလည်းမက။ သို့သော် အားလုံးကတော့ ကျွန်တော်တို့နှစ်ယောက်ကို တွဲနေကြပြီဟု သတ်မှတ်လိုက်ကြသည်။ ကျွန်တော်တို့ကလည်း အဲ့အပေါ်ကို ဘာမှတ်ချက်မှပြန်မပြု။ ဒီတော့ သူတို့ဘက်က ပိုပြီးအတည်ပြုကြသည်။ ကျွန်တော်တို့က ချစ်သူရည်းစားတွေဟူ၍။ သို့သော် ကျွန်တော့်နှုတ်က သူ့ကို "ချစ်တယ်" ဟူသောစကားလုံး အခုထိမပြောခဲ့ရသေး။ ထိုအချက်ကိုတော့ ဘယ်သူမှမသိပါ။ သိဖို့လည်းမလိုပါ။ ကာယကံရှင်ကိုယ်တိုင်က ထိုစကားလုံးအကြောင်း ဘာမှထုတ်မပြောလာသည့်အခါမှာတော့ အချိန်နှင့်အမျှ အနည်းငယ်ပြသနာ...

ကျနော်ကချင်သည်

Image
ဒီရက်ပိုင်း ကျနော်အရမ်းကချင်နေတယ်။ စိတ်လွတ်လက်လွတ်ကို ကျနော့်လည်ပင်းရိုးတွေ၊ ခေါင်းတွေ၊ ခြေလက်တွေ ပြုတ်ထွက်သွားအောင် လှုပ်ခါပြီးကချင်တာ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကကိုကပလိုက်ချင်တာ။ အဲ့စိတ်ကလည်း ခန္ဓာကိုယ်အတွင်းပိုင်းမှာ ယားနေတာကို ကျနော့်လက်တွေနဲ့ ကုပ်လို့မရသလို ပိုပိုပြီးပြင်းထန်လာခဲ့တယ်။ စိတ်ထဲ တလှပ်လှပ်နဲ့။ အားမလိုအားမရ ကလိကလိနဲ့။ ပြသနာက ဂျိုကာရုပ်ရှင်ကြည့်လိုက်တာကနေစတာပဲ။ တော်တော်များများလည်းကြည့်ပြီးလောက်ပါပြီ။ ဟာကွင်းဖီးနစ်သရုပ်ဆောင်ထားတဲ့ဂျိုကာလေ။ တစ်ဘဝလုံးစောက်သုံးမကျတဲ့ကောင်။ မအောင်မြင်တဲ့လူရွှင်တော်တစ်ယောက်။ လူတွေဝိုင်းအနိုင်ကျင့်ခံနေရတဲ့ကောင်။ ဖြစ်မယ့်ဖြစ်တော့ သူ့ကိုမြေအောက်ရထားပေါ်မှာ လူငယ်သုံးယောက်က အနိုင်ဝိုင်းကျင့်တယ်။ သည်းမခံနိုင်တော့တဲ့ဂျိုကာက အဲ့ထဲကရုန်းထွက်ပြီး အကုန်လုံးကို သေနတ်နဲ့အကုန်အသေပစ်သတ်လိုက်တယ်။ ခွေးမသားတွေ အသေဆိုးနဲ့သေကြ။ ပြီးတော့ ရဲတွေမမိခင် အိတ်ကိုအမြန်မပြီး ဝရုန်းသုန်းကားထွက်ပြေးလာတယ်။ တစ်ဘဝလုံးသောက်သုံးမကျဘဲ အရှုံးသမားဖြစ်ခဲ့တဲ့ကောင်က အခုလူသတ်ခဲ့မိပြန်ပြီ။ သတ်တာသုံးယောက်။ မိရင်တစ်သက်လုံးထောင်ထဲနေပေတော့ပဲ။ ပြေးနေရင်းမောလာတဲ့ဂျိုကာဟာ အများသုံးရေ...

ဆောင်းအိပ်မက်ရှည်ထဲမှ

Image
တစ်ခါက သူကျနော့်ကို မေးဖူးတယ်။ သူ့အကြောင်းကို စာဘယ်လိုရေးမလဲတဲ့။ "သူ"ဆိုတာက ကျနော့်ဘဝမှာ ဘယ်အချိန်ကြည့်ကြည့် အရေးပါတယ်လို့ခံစားရတဲ့ တစ်ဦးတည်းသောအမျိုးသမီးတစ်ယောက်ပါ။ တကယ်တော့ အဲ့ဒီမေးခွန်းက ဖြေဖို့အတွက်ကြောင်စီစီနိုင်လှတယ်။ အဲ့ဒီရက်ပိုင်းတွေက ကျနော့်လွယ်အိတ်ထဲမှာ ကျနော်ဖတ်ဖြစ်နေတဲ့ ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များစာအုပ် အမြဲပါတယ်။ ကျနော်သူနဲ့ဆုံတော့ ရုတ်တရက်ကြီး။ အစီအစဉ်မရှိပဲ ကောက်ခါငင်ငါနဲ့ ငါတို့တွေ့မလားဆိုပြီး တွေ့ဖြစ်သွားကြတာ။ မတွေ့ဖြစ်တဲ့လတွေမှာ ဘာမှမဆက်သွယ်ခဲ့ပေမယ့် တွေ့ကြတော့လည်း ကျနော့်မှာသူ့ကိုပြောစရာတွေအများကြီးပဲ။ အဲ့ထဲကမှ ကျနော့်အိတ်ထဲက စာအုပ်အကြောင်းပြောဖြစ်တယ်။ နီကိုရဲရဲ့ မကြည်ပြာအကြောင်း။ ပြီးတော့ ဆရာနေမျိုးရဲ့ မဝင်းမေ၊ ဆရာစိုင်းခမ်းလိတ်ရဲ့ နွဲ့တင် စသဖြင့် ယောကျာ်းတစ်ဦးရဲ့ဘဝထဲက အရေးပါတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ "ငါ့အကြောင်းကိုရော နင်ဘယ်လိုရေးမလဲ" လို့ ရုတ်တရက်ကြီးသူမေးလိုက်တော့ စက္ကန့်ပိုင်းလောက် ကျနော်ဆွံ့အသွားတယ်။ ဒီမေးခွန်းက ရက်စက်တယ်လို့ပြောရင်လည်းရတယ်။ ဒီနှစ်ပိုင်းတွေမှာ သူဟာ ကျနော့်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတ...

မိသားစုဟင်းပွဲများ

Image
မနေ့မနက်က မနက်စာအတွက် ဘာစားရမလဲစဥ်းစားရင်း စျေးထဲရောက်ဖြစ်တယ်။ နည်းနည်းအေးတဲ့ရက်တွေမို့ စျေးထဲရောက်တော့ စျေးဝယ်သူတွေက အပေါ်အနွေးထည်ကိုယ်စီနဲ့။ စျေးလမ်းရဲ့ဘေးက ကန်စွန်းခင်းဘက်မှာလည်း မြူတွေခပ်ပါးပါးနဲ့။ တစ်နေရာရောက်တော့ အန်တီကြီးတစ်ယောက်ညည်းနေတာကြားတယ်။ သူနဲ့ပါလာတဲ့တစ်ယောက်ကို ပြောနေတာ။ " အိမ်အတွက်ဘာချက်ရမလဲမဆိုပါဘူးအေ" တဲ့။ သူ့မျက်နှာကြီးကလည်း ညည်းသံနဲ့အပြိုင်ရှုဲ့မဲ့နေတာပဲ။ တကယ်ခေါင်းခြောက်နေပုံကြီး။ သူညည်းနေတာကြားတော့ အိမ်ကအမေ့ကိုပြေးသတိရတယ်။ စဥ်းစားကြည့်ရင် အမေတစ်ယောက်အနေနဲ့ မိသားစုအတွက် ချက်ပြုတ်တဲ့တာဝန်ကိုယူရတာ မလွယ်လှဘူးရယ်။ အဲ့အန်တီကြီးပြောတဲ့ ဘာချက်ရမလဲမသိတဲ့ပြသနာက ပိုဆိုးပေါ့။ အိမ်မှာ လူတစ်ကိုယ် အကြိုက်တစ်မျိူး။ လူရှိသလောက် ပါးစပ်ပေါက်တွေရှိနေကြတယ်။ ပုံမှန်မိသားစုအတွက်ဆို အဲ့အပြင်ကိုမှ ချက်ပြုတ်ဖို့ရတဲ့တစ်ရက်စာဘက်ဂျက်နဲ့လည်း ပြန်ချိန်ရသေးတယ်။ အဲ့ဘက်ဂျက်အပေါ်အခြေခံပြီး အိမ်ကလူတွေခံတွင်းတွေ့အောင် ဘာချက်ရင်ကောင်းမလဲစဥ်းစားရတယ်။ ဒါမျိူးက အမေလည်းဖြစ်၊အမျိူးသမီးတွေလည်းဖြစ်လို့သာ လုပ်နိုင်တာပဲ။ သူတို့နေရာမှာ ယောကျာ်းလေးသာဆိုရင် ကြက်ဥကြော်ပဲ ရစရာရှိတယ်။ စိတ်ရှည်က...

လမ်းဖြတ်ကူးသောအိပ်မက်များ

Image
"နင် ဒါဘာလုပ်တာလဲ" ကျနော့်အသံတွေသိသိသာသာတုန်နေတယ်။ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ အဲ့ခံစားချက်အားလုံး ကျနော့်လည်ပင်းမှာ လာဆို့နေသလိုပဲ။ မေးလိုက်တဲ့စကားတောင် ပီရဲ့လားမသိ။ ပြီးတော့ ကျနော်မြင်နေရတဲ့သူ့မျက်ဝန်းတွေ။ အရင်ကတော့ အဲ့မျက်ဝန်းတွေဟာ ကြည်လင်နေတဲ့ဖန်သားပြင်လိုခံစားခဲ့ရတယ်။ ဖန်သားပြင်ရဲ့နောက်မှာ သစ်ပင်စိမ်းစိမ်းစိုစိုနဲ့ တောင်တန်းတွေနဲ့။ အဲ့လိုပေါ့ပါးပျော်ရွှင်မှုကို သူ့မျက်ဝန်းတွေဆီက ရခဲ့တယ်။ အခုကျနော်ကြည့်နေတာလည်း အဲ့မျက်ဝန်းတွေပဲ။ ဒါပေမယ့် မတူတော့ဘူး။  ပိုဆိုးတာက အခုအချိန်ထိ သူဘာမှပြန်မပြောသေးဘူး။ ပြီးတော့ အခုမြင်နေရတဲ့သူ့ပုံစံက ကျနော်တစ်ခါမှမမြင်ဖူးတဲ့ပုံစံ။ အဲ့ပုံစံက "နင်မြင်တဲ့အတိုင်းပဲလေ" ဆိုတဲ့ မထုံတတ်တေးမျက်နှာပေးဆီမှာ တအားသိသာနေတယ်။ ဘာမှပြန်မပြောပေမယ့် ရုတ်တရက်သူပြုံးနေကြအတိုင်းပြုံးပြတယ်။ ဘယ်ဘက်ပါးချိုင့်လေးထင်းသွားတဲ့အပြုံး။ ဖြူနုလွန်းလို့ သွေးကြောစိမ်းစိမ်းတွေကို ပါးပါးလေးမြင်နေရတဲ့သူ့ပါးပြင်။ အဲ့ပါးပြင်ပေါ်မှာ ပါးချိုင့်လေး ခွက်နေအောင် သူပြုံးနေကျ။ ကျနော်သိပ်သဘောကျရတဲ့အပြုံး။ အခုသူပြုံးလိုက်တော့ အဲ့အပြုံးပေါ်မှာ ဘာနူးညံ့မှုမှ မမြ...

ငှက်ကလေး

Image
ငှက်ကလေး (၁) ငှက်ကလေး ကိုယ့်လက်မောင်းပေါ်နားခဲ့တော့ ငှက်ကလေးရဲ့ ဆံနွယ်ရနံ့ ကိုယ့်မှတ်ဥာဏ်မှာ ပျံ့။ (၂) အိပ်မက်ထဲမှာလည်း ဝေးနေတာပဲ ဒါပေမယ့် အိပ်မက်ထဲမှာတော့ မြင်နေရပါသေးတယ်။ (၃) မကြားနိုင်ဘူးထင်လို့မခေါ် မရောက်နိုင်ဘူးထင်လို့မသွား မနီးနိုင်ရင်လည်း  မဝေးဘူးလို့ထင်ရတဲ့တစ်နေရာမှာ  နေနေမိတာ ဘယ်သူ့အတွက်မှ မမှားဘူးမှတ်လား။ (၄) အိမ်ပြန်ချိန်  တဖြေးဖြေးဝေးသွားတဲ့ မင်းနောက်ကျောပေါ် တဖွဲဖွဲကျနေတဲ့ ကိုယ့်မျက်ဝန်းလက်ဖဝါး မင်းကို မပိုင်ရတဲ့ကိုယ့်ရက်များမှာလေ။ (၅) ဘဝဟာ တော်ရုံပဲကောင်းတယ် ပျော်ရုံပဲကောင်းတယ် ပိုချင်ရင်တော့ ရင်နာရမှာပဲ* အဲ့ဒီအတိုင်း  ကျနော်လည်း နေမြဲအတိုင်းနေ ဘာမှထပ်မရရှိ၊ ဘာမှထပ်မဆုံးရှုံး အတွင်းဘက်မှာ တစ်ကိုယ်တည်းသေဆုံးလျက်။ (* = ကိုအရိုး၏ လေတိုက်တဲ့ညတွေ သီချင်းစာသား) (၆) သောက်မိတာနဲ့ ဆုံးရှုံးခဲ့သမျှ မှတ်ဥာဏ်မှာ တစ်ခုမကျန်ပြန်ရတာပဲ ဒါပေမယ့် အရိပ်တွေ။ (၇) လူကြီးမင်းရရှိဖူးသော ပျော်ရွှင်မှုအမျိုးအစားမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါ၍။ (၈) မနက်ပိုင်းမှာ ကော်ဖီကောင်းကောင်းသောက်ပြီး ညနေဘက်မှာ ဆူးလေတစ်လျှောက်လမ်းလျှောက်ပြီး ညဘက်ရောက်တဲ့အခ...

ရရှိဖူးသော မေတ္တာတရားများ

Image
လွန်ခဲ့တဲ့လေးနှစ်လောက်က မုန့်ဖိုးပဲဖိုးလေးအပိုရဖို့ Delivery လိုက်ပို့ခဲ့တယ်။ အိမ်မှာနေလည်း အားနေမယ့်အတူတူ လိုင်းကားပတ်စီးရင်း ပစ္စည်းပို့မယ်ပေါ့။ ဂိုက်သင်ဘာညာကျတော့လည်း ကိုယ်စိတ်မရှည်ပုံနဲ့ အဆင်မပြေဘူးကိုး။ ဒါပေမယ့် တကယ်တမ်းလိုက်ပို့တော့ ပင်ပန်းချက်ပဲ။ နေကပူ၊ သွားရလာရတာလည်းဝေး၊ကားလမ်းတွေကလည်းကျပ်နဲ့။ တစ်ရက်တော့ နောက်ဆုံးပို့ရမယ့်ပစ္စည်းက ကြည့်မြင်တိုင်က Travel and Tour ကုမ္ပဏီတစ်ခုကို။ ညနေစောင်း ဟိုရောက်တော့ လူကတော်တော်ပြိုင်းနေပြီ။ သွားပို့တဲ့ဆီရောက်တော့ အခန်းထဲကလူတစ်ယောက်ထွက်လာတယ်။ လူရည်သန့်သန့်နဲ့ သတ်လတ်ပိုင်းအမျိူးသားတစ်ဦးပဲ။ သူက ပစ္စည်းလက်ခံတယ်။  ငွေချေပြီးတော့ ”ခဏနော်၊ညီလေး” ဆိုပြီး အထဲပြန်ဝင်သွားတယ်။  ခဏနေတော့ အအေးတစ်ဘူး၊ရေတစ်ဘူးနဲ့ပြန်ထွက်လာတယ်။ "အားမနာနဲ့ ယူသွား အကိုတို့ဆီမှာ အများကြိီးပဲ" တဲ့။ ကျနော်ကတော့ အားနာတာပေါ့ ။ ယူလည်းယူရပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာကိုလည်း နှုတ်အားဖြင့်ရော၊စိတ်အားဖြင့်ရော လေးလေးနက်နက်ပြောဖြစ်ခဲ့တယ်။ ငါသာဆိုသူ့လိုပေးဖြစ်ပါ့မလားဆိုတဲ့စိတ်လည်း လမ်းမှာစဥ်းစားမိတယ်။ တစ်ချို့သူတွေစိတ်ထားတတ်ပုံက အံ့သြစရာပဲရယ်။ နောက်တစ်ခါကတော့ အိမ်ပေါ်ကဆ...

ယနေ့နေသာသည်

Image
"ဒီနေ့တော့ ကိုယ်နားတယ်ဟေ့။ သူ့လက်ရာမြည်းကြည့်လိုက်" ဆိုင်ထဲမှာ လူနည်းနည်းကျနေတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ ကိုဆံရှည်ရဲ့အသံကိုအရင်ကြားရတယ်။ အူမြူးနေတဲ့အသံမှန်း တော်တော်သိသာပါတယ်။ ကိုဆံရှည်ကိုကြည့်လိုက်တော့ ပြုံးဖြီးဖြီးလုပ်နေတယ်။ သူ့လက်ရာလို့ သူညွှန်းတဲ့တစ်ယောက်ကတော့ မိန်းကလေးငယ်ငယ်တစ်ယောက်။ ငယ်ငယ်ဆိုပေမယ့် ကျနော်နဲ့တော့ သိပ်မကွာ​လောက်ဘူးပေါ့။ အဲ့ကောင်မလေးက ဆိုင်ခုံနောက်မှာ အဆင်သင့်။ မှာမယ့်စားစရာကို မဆိုင်းမတွလုပ်ပေးမယ့်ပုံနဲ့။  ကိုဆံရှည်တို့ဆိုင်က ဒီနားတဝိုက်မှာ နာမည်ကြီးပါတယ်။ အဓိကရောင်းတာက ရခိုင်မုန့်တီပေါ့။ ပြီးတော့ ငါးဖယ်သုပ်ရတယ်။ တို့ဟူးသုပ်စားချင်လား။ ရတယ်။ ပဲပြားသုပ်ရတယ်။ သင်္ဘောသီးသုပ်ချဥ်ချဥ်စပ်စပ်လေးရတယ်။ ဘာစားစား တစ်ပွဲငါးရာဆိုတော့ ထမင်းတွေဟင်းတွေအီနေပြီဆိုရင် သူ့ဆိုင်ကိုသတိရတာပဲ။ ဆိုင်ကိုအဓိကလူကြိုက်ကြတာက ကိုဆံရှည်ရဲ့ အသုပ်လက်ရာကြောင့်ပါ။ ဘာသုပ်သုပ် အစပ်အဟပ်တည့်တယ်။ သန့်လည်းသန့်တယ်။ အရင်ကတော့ တစ်ဆိုင်လုံးမှာ လှီးဖြတ်တာလည်းသူ၊ နယ်တာဖတ်တာလည်းသူ၊ စားပွဲထိုးလည်းသူပဲ။ ဒီနေ့တော့ ဆိုင်ခုံမှာကောင်မလေးတစ်ယောက်ရောက်နေတယ်။ ကိုဆံရှည်က ကျနော်ထိုင်​​နေတဲ့ဝိုင်းနားရောက်...

မျှော်လင့်ချက်အသေများ

Image
False Hope Syndrome ဆိုတာ မျှော်လင့်ချက်အမှားတွေ မကြာခဏရှိနေတတ်တဲ့ စိတ်အခြေအနေတစ်ခုပါ။ လက်တွေ့မကျတဲ့ မျှော်လင့်မှုတွေနဲ့ပြည့်နေတာလို့ပြောရင်လည်း ရတယ်။ ကျနော်တို့မှာ မျှော်လင့်ချက်ရှိနေတာကောင်းပါတယ်။ ဒါပေမယ့် အမှန်ကို လက်ခံနိုင်ဖို့လည်းလိုပါတယ်။ အရှိကိုအရှိတိုင်းလက်မခံပဲ Toxic Positivity တွေနဲ့ စွတ်ငြင်းဆန်တဲ့အခါ တလွဲတွေမျှော်လင့်လာတတ်တယ်တဲ့။ တစ်ခါက ရန်ကုန်မြို့ထဲမှာ သားအမိနှစ်ယောက်ရှိတယ်။ အမေတစ်ခုသားတစ်ခု နှစ်ယောက်တစ်ဘဝနေခဲ့ကြတယ်။ သားလေးက အသက် ၄နှစ်သား။ သူ့အမေက ထမင်းစားဖို့ ရပ်ကွက်တကာလှည့်ပြီး အဝတ်လျှော်ရတယ်။ သွားတဲ့အိမ်တိုင်း သူ့သားလေးကို ခေါ်သွားပြီး သူ့နားကစားခိုင်းတယ်။ သူ့သားကို တုန်နေအောင်ချစ်တယ်။ တအားစိတ်ပူတယ်။ သားကလည်း မျက်နှာချိုတော့ တွေ့တဲ့လူတိုင်းက ချစ်ကြတယ်။ သူ့အမေကတော့ ဘယ်သူချီတာမှတောင်မခံဘူး။ အမြဲတမ်း အမေနဲ့သား တပူးပူးတတွဲတွဲနေကြတယ်။ တစ်ရက်တော့ ကမ်းနားလမ်းဘက်မှာ သူတို့သားအမိ ကားလမ်းကူးကြတယ်။ အမေက သူ့သားကို လက်ဆွဲထားတယ်။ ဖြစ်ချင်တော့ နောက်တစ်ဖက်မကူးခင် လမ်းအလယ်မှာ ခဏရပ်နေတုန်း သူ့သားရဲ့လက်ကို သူကိုင်ထားပေမယ့် သူ့သားက နည်းနည်းလေး အနောက်ရောက်သွားတယ်။ အရှိန်နဲ့မောင...