Posts

Anyway, life goes on

Image
Anyway, life goes on. အနှစ်ငါးဆယ်လောက် သူပေါင်းသင်းလာခဲ့တဲ့ခင်ပွန်း ရုတ်တရက်ကွယ်လွန်သွားတော့လည်း စားနေကျဒီမုန့်ဟင်းခါးဆိုင်မှာ သူလာစားဖြစ်ခဲ့တာပဲ။ အတိအကျပြောရရင် သူတို့အိမ်ထောင်သက်က ၅၅နှစ်။ သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လက်နဲ့တောင်မရွယ်ဖူး။ အချေအတင်ရယ်လို့ ကြီးကြီးမားမားမဖြစ်ဖူး။ တစ်ယောက်က စိတ်မကြည်ရင် တစ်ယောက်က ဘာသိဘာသာနေလိုက်ခြင်းနဲ့ပဲ အဆင်ပြေနေခဲ့တာ။ သူ့ယောကျာ်းဆုံးတော့ မနှစ်က ဧပြီလထဲမှာပေါ့။ အပြင်လက်ဖက်ရည်ဆိုင်က ပြန်လာပြီး အခန်းထဲခဏဝင်အိပ်ရင်း ဆုံးသွားခဲ့တာပဲ။ အတူရှိခဲ့​​ကြတဲ့နှစ်ပေါင်းများစွာအတွက် နှုတ်ဆက်စကားတစ်ခွန်းတောင် မပြောခဲ့ရှာဘူး။ သူအခန်းထဲရောက်တော့ သူ့ယောကျာ်းအသက်မရှိတော့ဘူး။ အခုသူ့အသက် ၇၅နှစ်။ သူ့ယောကျာ်းက သူ့ထက် နှစ်နှစ်ကြီးတယ်။ မိသားစုကိုချစ်မြတ်နိုးသူတစ်ယောက် မိသားစုကိုခွဲခွာသွားခဲ့တယ်။ အစပိုင်းကာလများမှာတော့ သူ့အတွက် နေရထိုင်ရတာကြောင်တောင်တောင်နိုင်တယ်။ အင်းလေ။ ၅၅နှစ်ဆိုတဲ့ကာလဟာ နည်းနည်းလေးမှ မဟုတ်ပဲ။ မနက် ၆နာရီဆို သူအမြဲတမ်းကော်ဖီနှစ်ခွက်ဖျော်တယ်။ ဒီအကျင့်က သူတို့အိမ်ထောင်စကျကတည်းကပဲ။ သူ့ယောကျာ်းက ကော်ဖီအတော်သောက်နိုင်တဲ့သူတစ်ယောက်။ ဆိုတော့ မနက်၆...

မင်းငြိမ်ငြိမ်လေး ထိုင်နေချင်တဲ့နေ့တွေအတွက် ကဗျာတစ်ပုဒ်

Image
  ဘာဖြစ်လဲ တချို့နေ့တွေမှာ  မင်းရဲ့ စိတ်ဝိညာဥ်ဟာ မုန်တိုင်းကြီးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ‌ထီးတစ်ချောင်းလို အိမ်ရဲ့တနေရာမှာ ခွေခေါက်ငြိမ်သက်ချင်နေမှာပါ့။ ကမ္ဘာက လည်နေတယ် မင်းစိတ်ထဲမှာ အချိန်တွေက ရပ်နေတယ်။ နေ့တွေဟာ ကြာလွန်းပေမယ့် နှစ်တွေဟာ မင်းမသိလိုက်ခင်ဘဲ မင်းကို တိုက်စားသွားတယ်။ ဒီလိုအချိန်တွေမှာ မင်းထိုင်နေတဲ့ ထိုင်ခုံဟာ ငြိမ်သက်နေတဲ့ ရေပြင်ထဲ ကျောက်ချထားတဲ့ လှေကလေးတစ်စင်းလို အေးချမ်းသင့်လှပါတယ် မင်းရသင့်ပါတယ်။ မိုးရေစက်တွေဟာ  ကမ္ဘာ့မျက်နှာပြင်ကို နမ်းရှိုက်ဖို့အတွက် ခွင့်ပြုချက်မတောင်းဘဲ ဆင်းလာကြတယ် ရုတ်တရက် မင်းငိုမိရင်လည်း တရားပါတယ် တခါတလေ မှိန်ဖျော့နေတာ ရှက်စရာလား။ ဒီနေ့ညတော့ မတောက်ပချင်နဲ့တော့ ကမ္ဘာကြီးမှာ ပိုးစုန်းကြူးလေးတွေ ရှိသေးတယ် ကောင်းသောည ဖြစ်ပါစေ။ -ဆပ်ရိပ် ၇၊၇၊၂၅

ကြက်ပေါင်ဖိနပ်တစ်ရံ

Image
  အဲ့ဒီအိမ်ကို ကျနော်တို့ ပထမဆုံးအကြိမ် ရောက်ခဲ့တဲ့နေ့ကို မှတ်မိပါသေးတယ်။ ညနေက သူ့ရဲ့ လက်ကျန်နေခြည်နွေးနွေးကို ကမ္ဘာကြီးအတွက် ဖြန့်ကျဲပေးနေတယ်။ နေဝင်ချိန်ကို ငေးနေတဲ့ ကျနော့်အတွက်တော့ နေရောင်ခြည်ခွဲတမ်းကို ပိုပြီး ရနေသလိုပါ။ ကျနော်ငေးနေတာကိုကြည့်ပြီး ခရီးသွားဖော် ကျနော့်သူငယ်ချင်းလည်း ကျနော့်ဘေးနား ရောက်လာတယ်။ ခဏနေတော့ သူ့ဆီကနေ လူချွန်လူကောင်း သီချင်းထဲက" ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် " ဆိုတဲ့ တေးသွားအလိုက်နဲ့ လေချွန်သံကြားရတယ်။ သူ့အသံကိုနားထောင်ရင်း ရုတ်တရက် ကျနော် ပုလွေသံကို လွမ်းမိသွားတယ်။ ငယ်ငယ်က သီချင်းဗီဒီယိုတွေမှာ မြင်ခဲ့ဖူးတဲ့ ထန်းပင်ကိုမှီပြီး ထိုင်နေတဲ့ ဆွေးမြေ့မြေ့ လူတယောက်ရဲ့ ပုံရိပ်နဲ့ ငိုချင်စရာ တေးသံကို သတိရမိတာပါ။ လယ်ကွင်းတွေဟာ လေတိုက်တိုင်း ယိမ်းနွဲ့ပြီး အဝေးက တောင်စွယ်တွေမှာ မြူတွေ လှိုက်နေတယ်။ နေဟာ အနားယူတော့မယ်။ ညဦးပိုင်းရောက်တော့မယ်။ လူတွေရော အနားရကြပါရဲ့လား။ ဆိုင်ကယ်ပျက်သွားလို့ ဖြတ်သွားဖြတ်လာရှိပေမယ့် တခါမှ မဝင်နားဖူးတဲ့ ရွာတစ်ခုကို ကျနော်တို့ ရောက်နေကြတယ်။ ရွာဆိုပေမယ့် အိမ်ကြီးအိမ်ကောင်းတွေ မရှိတော့ပါဘူး။ ထ...

ကြည်ပြာနု မန်မိုရီ

ကြည်ပြာနု မမ်မိုရီ ဆွစ်ဇာလန်တောင်တန်းတွေကို ဘယ်သူဆေးခြယ်လဲ ဒို့ဘဝတွေရဲ့ ပန်းချီဆရာကရော ဘယ်သူလဲ။ အဝေးကြီးမတွေးနဲ့တော့ မသေအောင်နေ အနာဂတ်ကို မေ့လိုက်တော့ ဒီလိုပြောရင် ကိုယ့်ကို ရက်စက်သူလို့ မြင်ရင်မြင်ကြမယ်။  အစ္စရေးနဲ့ အီရန်ဟာ ဘာမှစောက်ရေးမပါဘူး အိမ်ကို ပုံမှန် အဆက်အသွယ်လုပ် လရောင်ကိုကြည့်ပြီး တချို့တွေ နေနိုင်လွန်းတယ်လို့  ခပ်တိုးတိုးရွတ်ဆို။ ပထဝီနိုင်ငံရေးကို ပစ်ချပြီး မာခီယာဗယ်လီကို မေ့ပစ်လိုက်ပြီး မြစိမ်းရောင်စပါးခင်းကြီးထဲ ကိုယ်ပြေးထွက်သွားချင်နေတယ်။ ကိုယ်ဆွဲမိတဲ့ ရှုခင်းပုံကလည်း အခုထိ တောင်တန်းနဲ့ ငှက်သုံးကောင်နဲ့ ကိုယ် တ မိတဲ့ ဘုရားတိုင်းကလည်း အိမ်ကိုလွမ်းနေကြတယ်။ စိတ်ကူးနဲ့ စိုက်တဲ့ ပန်းပင်လေးတွေ ရေမလောင်းဖြစ်ရင်လည်း ဝမ်းမနည်းပါနဲ့ တနေ့နေ့ တနေရာမှာတော့  စိမ်းလန်းသော မြက်ခင်းပြင်ကြီးရှိပါတယ် ယုံကွယ်။ -ဆပ်ရိပ် ၅ ဇူလိုင်၊ ၂၀၂၅

အုတ်ဂူနီတွေ မြင်ရင်တွေ့ရင်

အုတ်ဂူ‌နီတွေ မြင်ရင်တွေ့ရင် တချို့အုတ်ဂူတွေက ကြယ်ဖြူတပွင့်ပါတယ်။ တချို့က ရိုးရိုးရှင်းရှင်းပဲ။ တချို့အုတ်ဂူက ဘယ်တိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံး ဆိုတာ ပါတယ်။ တချို့အုတ်ဂူက နာမည်နဲ့ အသက်ပဲပါတယ်။ တချို့အုတ်ဂူကတော့ ဓာတ်ပုံတစ်ပုံကပ်ထားတယ်။ အုတ်ဂူတွေကို ခြံဝင်းလေးခတ်ပြီး ထားကြတာများပါတယ်။ ကျနော်မမြင်ဖူးတဲ့ တချို့နေရာတွေမှာဆို ရေအိုးစင်နဲ့ ခေါင်မိုးလေးနဲ့ လုပ်ပေးကြသတဲ့။ အိမ်ကိုစွန့်ခွာပြီး အိမ်ပြန်မရောက်တော့သူတွေအတွက် အိမ်လို့ခံစားရအောင် ကျန်ရစ်သူတွေက လုပ်ပေးကြတာပါ။ ကိုယ်တို့ဖြတ်သွားဖြတ်လာလုပ်နေကျ လမ်းပိုင်းတနေရာမှာ အုတ်ဂူအသစ် အတန်းလိုက်ကြီးရှိတယ်။ ကိုယ်တို့စိတ်ဖြောင့်လက်ဖြောင့်သွားနေတဲ့ လွတ်လပ်တဲ့လမ်းတွေဟာ ဒီလူတွေ ပေးခဲ့တာပါ။ ဒါဟာ ကဗျာစကားလုံး နမိတ်ပုံမဟုတ်ဘဲ တကယ်ကို သူတို့အသက်နဲ့ တိုက်ပေးခဲ့လို့ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့ မြို့သိမ်းစစ်ဆင်ရေးမှာ ကျခဲ့တဲ့ရဲဘော်တစ်စုပါ။ လက်ဖက်ရည်သောက်ပြီး ပြန်လာရင် အဲ့ရှေ့က ဖြတ်ရတယ်။ ညနေဆိုရင် ရေချိုးပြီးပြန်လာရင် အဲ့နေရာရောက်ရင် လှည့်ကြည့်မိတယ်။ သက်သက်လှည့်ကြည့်တာလည်းဟုတ်တယ်။ ဘာကြောင့် ကိုယ်အသက်ရှင်နေလဲဆိုတာ မမေ့အောင်ပါ။ ဒီလူတွေဟာ ဒီဒေသက မဟုတ်ကြဘူး။ အခုတော့ သူ...
Image
သတိထားကြည့်မိရင် ကိုယ့်ရဲ့မှတ်ဥာဏ်နဲ့အနီးဆုံးရှိနေတဲ့ လူလက်တဆုပ်ဆိုတာလည်း အချိန်နဲ့အမျှ လွင့်ပါသွားနေတယ်။ မှိန်ဖျော့လာနေတယ်။ လိုချင်ချင် မလိုချင်ချင် လူအသစ်တွေ ဘဝအသစ်တွေ တဖျတ်ဖျတ်လှန်လို့နေတယ်။ "ဒါကိုပဲ ဘဝလို့ခေါ်တယ် " လို့ သက်ပြင်းချပြီး သံဝေဂသီချင်းဆိုချင်ဆို။ အချိန်တခုမှာ အတူရှိနေဖူးတဲ့ သူငယ်ချင်းမိတ်​ဆွေများဟာ အပြီးတိုင် ပျောက်ကွယ်သွားတာမဟုတ်ပဲ အလင်းလျှော့လိုက်တဲ့ကြယ်တွေလို တနေရာမှာတော့ရှိနေမှာပဲ။  ရန်ကင်း ၁၂လုံးတန်းက ညမီးရောင်တွေကိုကြည့်ရင်း၊ " စိုးစိတ်တိုးတိတ်လွမ်းချိန်ကိုပေးပြီး စိုးလွင်လွင်ကိုပြန်ယူသွားတဲ့ရန်ကင်း " ဆိုတဲ့ (ဆရာ)အောင်ခင်မြင့်စာသားအကြောင်း အချိန်အတော်ကြာ ပြောပြရင်း၊ တညလုံးမအိပ်ပဲနေပြီး ဆိုင်မဖွင့်ခင် လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်သွားမှာရင်း၊ ရီစရာမကောင်းတာတွေကို ရီစရာကောင်းအောင် ရီကြရင်း၊ ဂစ်တာတီးရင်း၊ သီချင်းအော်ဆိုရင်း၊ ဆေးလိပ်မလောက်အောင်သောက်ရင်း၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင်း၊ ဆဲရင်းဆိုရင်းနဲ့ (ဆရာ)အောင်ချိမ့်ရေးတဲ့ " အဲ့ဒီတုန်းက မိုက်မဲမှုကို အခုလိမ္မာယဥ်ကျေးမှုနဲ့ မလဲပါဘူး ဘာနဲ့မှလည်းမလဲပါဘူး " ဆိုတာလို ကျနော့်အနေနဲ့ ဘ...

မြစ်ရဲ့သီချင်း

Image
တနေကုန် အနွေးထည်မချွတ်ရသော အညာဆောင်းကို သူသဘောကျသည်။ ဧရာဝတီသည် သမိုင်းဖြစ်ရပ်များကို လျစ်လျူရှုထားသလို ဣန္ဒြေမပြတ် စီးဆင်းနေသည်။ မကွေးမြသလွန်ဘုရားရင်ပြင်တော်အောက်တွင်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်က​​လေးရှိ တရုတ်မိတ်ဆောင်းဘောက်ကလေးမှာပင် နဒီမဂ်လာသီချင်းကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။ " နံနက်ခင်း ဆီးနှင်းတို့အဝေးမလွင့်မီ နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ " လူသည် မည်သည့်အချိန်မှစပြီး နေထွက်နေဝင်ဆည်းဆာကို ခံစားတတ်ပါသလဲ။ သဘာဝတရားကို ဘယ်အချိန်မှာစပြီး ချစ်တတ်ပါသလဲ။  အိပ်ယာထကာစဖြစ်၍ ဆိုင်ဝန်ထမ်းကောင်လေး၏ မျက်နှာမှာ သစ်ရွက်ခြောက်တရွက်လို ကြွေမွနေသည်။ ဆိုင်က ရင်ပြင်တော်အောက်ဆိုသော်လည်း ပင်မရင်ပြင်တော်ထက် တဆင့်သာနိမ့်သော ကြွေပြားကပ်ပရဝဏ်အတွင်းမှာသာဖြစ်သည်။ ဆိုင်ရှင်တော့ ရှိနေဟန်မတူ။ အဖျော်ဆရာဟုထင်ရသည့် ဝန်ထမ်း​က လက်ဖက်ရည်ခွက်တွေထည့်သည့် စတီးလင်ဗန်းကြီးကို အငွေ့တထောင်းထောင်းထနေသော ရေနွေးပူဖြင့်ဆေးသည်။ ခုံဝိုင်းတခုတွင်နေရာယူထားသော သူ့ကိုကြည့်ပြီး " ခဏနော် အကို " ဟု ခပ်တိုးတိုးပြောသည်။ သူခေါင်းငြိမ့်ပြလိုက်တော့ မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေသည် ဝတ်ထားသော အနွ...

Ebbing မြို့အပြင်ဘက်က လက်ကျန်နှင်းဆီပွင့်တွေ

Image
  " အပြစ်ရှိနေတယ်" လို့ အချိန်တိုင်းမှာခံစားနေရပြီး အသက်ဆက်ရှင်နေရခြင်းနဲ့ သေဆုံးသွားရခြင်းမှာ ဘယ်တခုက ကိုယ့်ကိုယ်ကိုသက်ညှာရာရောက်မလဲမသိ။ ဒီစကားလုံးကို ဇာတ်ကားထဲက အမျိုးသမီးမက်ဒရစ်ဟေးနဲ့ ရဲမှူးဝယ်လ်ဘီ နှစ်ယောက်လုံးရဲ့နေရာကနေ စဉ်းစားဖြစ်ပါတယ်။ #ဇာတ်လမ်းအကျဉ်း မစ်ဆူရီပြည်နယ်က အက်ဗင်ဆိုတဲ့မြို့ကလေးဟာ မြို့ငယ်တမြို့ဖြစ်တာမို့ တယောက်နဲ့တယောက်လည်း မသိတဲ့သူမရှိသလောက်ပါပဲ။ ဘယ်သူက ဘာအလုပ်လုပ်တယ်၊ ဘယ်သူက ဘယ်လိုအကျင့်ရှိတယ်၊ ဘယ်သူတော့ ဘာဖြစ်နေပြီဆိုတာကို မသိချင်လည်း သိ၊ မကြားချင်လည်းကြားနေရမယ့် မြို့သေးသေးတခုဆိုပါတော့။  အက်ဗင်မြို့အပြင်ဘက်မှာ လမ်းဟောင်းတခုရှိပါတယ်။ မြို့ပတ်လမ်းအဖြစ် အဝေးပြေးလမ်းတခုပေါ်လာလို့  ဘယ်သူမှအသုံးမပြုကြတော့တဲ့ လမ်းဟောင်းတခု။ သူနဲ့အတူ မြက်ခင်းစိမ်းစိမ်းတွေ၊ သံချေးတက်နေတဲ့ ကြော်ငြာဆိုင်းဘုတ်ဟောင်းကြီးတွေနဲ့ တောင်တန်းတွေရံထားတဲ့မြို့ကလေး။ တရက်တော့ အဲ့ဒီလမ်းပေါ်က ကြော်ငြာဆိုင်းဘုတ် (၃)ခုဟာ အခကြေးငွေပေးပြီး ကြော်ငြာတဲ့သူတယောက်ကြောင့် ပြန်ပြီးသစ်လွင်လာပါတယ်။ ဆိုင်းဘုတ်က ကုန်ပစ္စည်းတခုခုကို ကြော်ငြာထားတာတော့မဟုတ်။ အနီရောင်နောက်ခံမှာ စာသားတွေချည်းထင်းနေအောင်ရေးထားတဲ...