မင်းငြိမ်ငြိမ်လေး ထိုင်နေချင်တဲ့နေ့တွေအတွက် ကဗျာတစ်ပုဒ်
ဘာဖြစ်လဲ
တချို့နေ့တွေမှာ
မင်းရဲ့ စိတ်ဝိညာဥ်ဟာ
မုန်တိုင်းကြီးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ထီးတစ်ချောင်းလို
အိမ်ရဲ့တနေရာမှာ ခွေခေါက်ငြိမ်သက်ချင်နေမှာပါ့။
ကမ္ဘာက လည်နေတယ်
မင်းစိတ်ထဲမှာ အချိန်တွေက ရပ်နေတယ်။
နေ့တွေဟာ ကြာလွန်းပေမယ့်
နှစ်တွေဟာ မင်းမသိလိုက်ခင်ဘဲ
မင်းကို တိုက်စားသွားတယ်။
ဒီလိုအချိန်တွေမှာ
မင်းထိုင်နေတဲ့ ထိုင်ခုံဟာ
ငြိမ်သက်နေတဲ့ ရေပြင်ထဲ
ကျောက်ချထားတဲ့ လှေကလေးတစ်စင်းလို
အေးချမ်းသင့်လှပါတယ်
မင်းရသင့်ပါတယ်။
မိုးရေစက်တွေဟာ
ကမ္ဘာ့မျက်နှာပြင်ကို နမ်းရှိုက်ဖို့အတွက်
ခွင့်ပြုချက်မတောင်းဘဲ ဆင်းလာကြတယ်
ရုတ်တရက် မင်းငိုမိရင်လည်း တရားပါတယ်
တခါတလေ မှိန်ဖျော့နေတာ ရှက်စရာလား။
ဒီနေ့ညတော့ မတောက်ပချင်နဲ့တော့
ကမ္ဘာကြီးမှာ ပိုးစုန်းကြူးလေးတွေ ရှိသေးတယ်
ကောင်းသောည
ဖြစ်ပါစေ။
-ဆပ်ရိပ်
၇၊၇၊၂၅
ကောင်းသောည ဖြစ်ပါစေ..☘️🍀
ReplyDelete