Posts

Showing posts from September, 2020

Rita San

 ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့တဲ့အခါတိုင်း ရီတာစံဟာ တိုက်အပေါ်ဆုံးခေါင်မိုးပေါ် အမြဲတက်သွားတတ်တယ်။ ကျနော်ကလည်း သူတခုခုလုပ်လိုက်မှာ စိတ်ပူတာမို့ သူ့နောက်ကိုအမြဲလိုက်ကြည့်ရတယ်။ သူကလည်း ကျနော်တက်လာတာတွေ့တိုင်း လှည့်ကြည့်ပြီးပြုံးပြတတ်တယ်။ နှုတ်ကလည်း "ဘာမှမဖြစ်ပါဘူး" လို့ ခေါင်းလေးကို ခပ်ဖွဖွရမ်းရင်း ပြောသေးတယ်။ ဒါပေမယ့်သူ့အပြုံးက ပြုံးမနေတဲ့အပြုံး။ တနည်းအားဖြင့် အရောင်ပြယ်လွင့်နေတဲ့အပြုံး။ လူတွေနဲ့အနီးကပ်နေလာခဲ့ရင်း သူတို့အပြုံးတွေဟာ နှစ်တွေနဲ့အမျှ နံရံဆေးသားတွေလို အရောင်လွင့်လာတတ်ကြောင်း ကျနော်သိခဲ့ရတယ်။ ဒါက လောကဓံရဲ့အထုအရိုက်၊ ဒါမှမဟုတ်လည်း ရှင်သန်နေစဥ်အတွင်း ကြုံခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကြောင့်ဖြစ်မယ်ထင်တယ်။ အဖေဆုံးခါနီးမှာ ရောဂါပြင်းလွန်းလို့ ဘာစကားမှမပြောနိုင်တော့ဘူး။ သူကျနော့်ကိုပြုံးပြတယ်။ အဲ့ဒီအပြုံးနဲ့ ကျနော်ငါးနှစ်သား ပထမဆုံးကျောင်းတက်ရက်မယ် ကျောင်းရှေ့မှာလာစောင့်နေခဲ့တဲ့ အဖေ့အပြုံးနဲ့တခြားဆီပဲ။ ဘာပျော်ရွှင်မှမရှိတော့ပဲ မျက်နှာကအစိတ်အပိုင်းတခုကို ကွေးညွှတ်လိုက်ရုံသက်သက် ပြုံးလိုက်တာမျိူးလေ။ ပျော်ရွှင်မှုရှိရင်တောင် တခါက ပျော်ခဲ့ဖူးတာတွေရဲ့ "တစ်" ရာခိုင်နှုန်း...

ကြိုး

Image
 ကြိုး သူ့ခေါင်းပေါ်က ဖြူဆွတ်ဆွတ်မီးလုံးရဲ့ နံဘေးမှာ ပိုးကောင်တွေ ရစ်ဝဲလို့နေတယ်။ တချို့အကောင်တွေကလည်း သူ့ခေါင်းပေါ်ပြုတ်ပြုတ်ကျလာလို့ ဆံပင်တွေထဲကို လက်နဲ့ထိုးဖွပြီးခါထုတ်ရတာ ခဏခဏ။ အမှန်တော့ ထိုင်နေတဲ့ နေရာနည်းနည်းရွေ့လိုက်ရင်ကို ဒီကိစ္စက ဘာမှမဟုတ်ပါဘူး။ ခက်တာက သူ့စိတ်။ သူကိုက ဒီနေရာမှာ ကျောက်ချထိုင်နေချင်တာ။ အကြောင်းပြချက်ရယ်လည်း ကြီးကြီးမားမားမရှိပဲ မထချင်တော့တာမျိူးပဲ။ ရုတ်တရက် သူ့လက်ချောင်းတွေက လက်ထဲမှာကိုင်ထားတဲ့ ရေဒီယိုဆီကိုရောက်သွားတယ်။  မနက် ၁နာရီကျော်ပြီမို့ ဖုန်တက်နေတဲ့ရေဒီယိုစပီကာပေါက်ကနေ တဂျစ်ဂျစ်အသံသာကြားရတယ်။ သူ့အလုပ်က ဘာမှထွေထွေထူးထူးမရှိ။ ည ၁၀နာရီလောက်ဆိုရင် ဒီနေရာကို အရောက်လာရတယ်။ ဒီနေရာဆိုတာက သစ်ဆိုင်တဆိုင်ပါ။ သစ်တွေရောင်းတဲ့အပြင် ပွဲတွေမှာလိုတဲ့ စတိတ်စင်တွေဘာတွေလည်း လာအပ်ရင် လက်ခံလုပ်တယ်။ တနေကုန်ဒီဆိုင်ရှေ့မှာ တိုက်နေဖြတ်နေတဲ့ အလုပ်သမားတွေ၊ ဖောက်သည်တွေ၊ ဆိုင်ရှင်မိသားစုက လူတွေနဲ့ စည်ကားနေတာပဲ။ အလုပ်ပိတ်ပြီဆိုမှ သူ့တာဝန်ပေါ့။ သူ့အလုပ်က ညစောင့်လေ။ တညလုံး ဆိုင်ရှေ့က မီးလုံးအောက်နေရာလေးမှာ အရောင်လွင့်နေတဲ့ကော်ခုံတလုံးချ၊ ပြီးရင် ဖင်ကျောက်ချပြီး ထိုင်ပေရော့။ ညောင...

ကမ္ဘာရဲ့အဆုံးသတ်မျဉ်း

Image
မင်းမြင်နေရတဲ့ တိုက်ခန်းတွဲကြီးဆီမှာ ဘာအလင်းရောင်မှရှိမနေတော့ဘူး။ ညနက်လာတဲ့အခါ တိုက်ခန်းထိပ်ဖျားက လူသေတယောက်လို ဇက်ကျိုးနေတဲ့စလောင်းအိုကြီးတွေဟာလည်း အမှောင်ထုထဲမှာ ငြိမ်သက်ကျန်နေခဲ့မှာပေါ့။ လူတွေနဲ့ အရာဝတ္ထုတွေရဲ့အဆုံးသတ်ဆိုတာ ဒီလိုပါပဲ။ သေဆုံးသွားတဲ့လူတွေဟာ ရှင်ကျန်သူတွေဆီမှာ မှတ်ဉာဏ်ဖြစ်သွားမယ်။ အဆုံးတနေ့မှာတော့ နှောင်းလူတွေဟာ မြေသားအထပ်ထပ်ဖုံးအုပ်နေတဲ့သူတို့ကို ရှာဖွေတွေ့ရှိကြမယ်။ အရင်ကဆို အဲ့ဒီဝရန်တာမှာ ညနေတိုင်း ရှိနေကျအဘိုးကြီးတယောက်ရှိတယ်။ အင်း။ ရေညှိတက်နေတဲ့ တိုင်လုံးတွေနဲ့ ဝရန်တာသေးသေးလေးထဲမှာပေါ့။ အဘိုးကြီးက အောက်ပိုင်းသေနေတာ။ သူ့အိမ်ကလူတွေပြန်လာမယ့်အချိန်ကို ညနေခင်းတိမ်တွေကိုကြည့်ရင်း စောင့်ဆိုင်းရတာ။ ဘယ်မှာလဲ အသက်ကြီးလာရင်အနားယူတော့မယ်ဆိုတဲ့ စိမ်းလန်းသောလယ်တောအိမ်လေး။ ဘယ်မှာလဲ အသက်တဝကြီးရှူလိုက်တိုင်း မျက်နှာကိုတသုန်သုန်တိုက်ခတ်နေမယ့် လေနုအေးတွေ။ အခုတော့ အဲ့ဒီအဘိုးကြီးဘယ်ရောက်သွားပြီလဲမသိဘူး။ တခြားလူတွေလည်း အသက်ရှင်သန်မယ်လို့ထင်ရတဲ့လမ်းပေါ်က လူအုပ်ကြီးထဲကို တိုးဝှေ့ပျောက်ကွယ်သွားကြပြီ။ မြို့ရဲ့လမ်းမတနေရာမှာတော့ ပလက်စတစ်ဘူးခွံလေးတခုဟာ လေနဲ့အတူ ဦးတည်ရာမဲ့ရွေ့လျားလို့နေတယ်။ လမ...