သတိထားကြည့်မိရင် ကိုယ့်ရဲ့မှတ်ဥာဏ်နဲ့အနီးဆုံးရှိနေတဲ့ လူလက်တဆုပ်ဆိုတာလည်း အချိန်နဲ့အမျှ လွင့်ပါသွားနေတယ်။ မှိန်ဖျော့လာနေတယ်။ လိုချင်ချင် မလိုချင်ချင် လူအသစ်တွေ ဘဝအသစ်တွေ တဖျတ်ဖျတ်လှန်လို့နေတယ်။ "ဒါကိုပဲ ဘဝလို့ခေါ်တယ် " လို့ သက်ပြင်းချပြီး သံဝေဂသီချင်းဆိုချင်ဆို။ အချိန်တခုမှာ အတူရှိနေဖူးတဲ့ သူငယ်ချင်းမိတ်​ဆွေများဟာ အပြီးတိုင် ပျောက်ကွယ်သွားတာမဟုတ်ပဲ အလင်းလျှော့လိုက်တဲ့ကြယ်တွေလို တနေရာမှာတော့ရှိနေမှာပဲ။ 

ရန်ကင်း ၁၂လုံးတန်းက ညမီးရောင်တွေကိုကြည့်ရင်း၊ " စိုးစိတ်တိုးတိတ်လွမ်းချိန်ကိုပေးပြီး စိုးလွင်လွင်ကိုပြန်ယူသွားတဲ့ရန်ကင်း " ဆိုတဲ့ (ဆရာ)အောင်ခင်မြင့်စာသားအကြောင်း အချိန်အတော်ကြာ ပြောပြရင်း၊ တညလုံးမအိပ်ပဲနေပြီး ဆိုင်မဖွင့်ခင် လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်သွားမှာရင်း၊ ရီစရာမကောင်းတာတွေကို ရီစရာကောင်းအောင် ရီကြရင်း၊ ဂစ်တာတီးရင်း၊ သီချင်းအော်ဆိုရင်း၊ ဆေးလိပ်မလောက်အောင်သောက်ရင်း၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင်း၊ ဆဲရင်းဆိုရင်းနဲ့

(ဆရာ)အောင်ချိမ့်ရေးတဲ့ " အဲ့ဒီတုန်းက မိုက်မဲမှုကို အခုလိမ္မာယဥ်ကျေးမှုနဲ့ မလဲပါဘူး ဘာနဲ့မှလည်းမလဲပါဘူး " ဆိုတာလို ကျနော့်အနေနဲ့ ဘဝအပေါ်ကျေးဇူးတင်စရာရှိတာက ပိုက်ဆံမလောက်တဲ့အရွယ်မှာ သူငယ်ချင်းတွေကို ကောက်ရခဲ့ပါတယ်။ ကိုယ်လုပ်ချင်တာလုပ်ရဖို့ အင်းစိန်ကနေ ကလေးဆေးရုံကို လမ်းလျှောက်သွားပြီး ၊ အိမ်ပေါ်ကပြုတ်ကျပြီး၊ လမ်းပေါ်လေလွင့်သွားပြီး၊ အဖေ့ဆီ ပြန်ရောက်လာပြီး နောက်ခြောက်နှစ်အကြာမှာ ကျနော့်သူငယ်ချင်းတယောက်ဟာ မဂ်လာဆောင်တော့မယ်။ တယောက်က နာတာရှည်ရောဂါနဲ့ ကျနော်မသိလိုက်တဲ့နေ့မှာ ကွယ်လွန်သွားခဲ့။ တယောက်က တောထဲမှာ။ တယောက်က နိုင်ငံခြားမှာ။ အားလုံးဟာ အားလုံးနဲ့အဝေးမှာ။

Castle on the hill သီချင်းထဲက ငယ်ဘဝရှိတဲ့အပြန်လမ်းကို ကားမောင်းသွားရတဲ့အခါ တယောက်ယောက်က မျက်ရည်ဝဲမိခဲ့ရင် ကျနော်တို့အချင်းချင်းလက်ညှိုးထိုးပြီး ခွီကြဦးမလား။  သတ်သေတဲ့ရုပ်ရှင်တွေခဏခဏကြည့်ပြီးမှ အင်းလျားကန်ဘောင်မှာ " လွမ်းရတဲ့ညတွေလွန်ပါစေ " သီချင်းကို အုပ်ဖွဲ့သီဆိုကြတဲ့ ကိုနေဝင်းတို့ ဦးရဲလွင်တို့ကိုမြင်တော့ (အဲ့ဒီအတိုင်း) အသက်ရှင်ချင်လာတယ်ဆိုရင် ဘဝကို တွယ်ငြိရာများကျနေမလားမသိပါဘူး။

Comments

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment