မြစ်ရဲ့သီချင်း
တနေကုန် အနွေးထည်မချွတ်ရသော အညာဆောင်းကို သူသဘောကျသည်။ ဧရာဝတီသည် သမိုင်းဖြစ်ရပ်များကို လျစ်လျူရှုထားသလို ဣန္ဒြေမပြတ် စီးဆင်းနေသည်။ မကွေးမြသလွန်ဘုရားရင်ပြင်တော်အောက်တွင်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ကလေးရှိ တရုတ်မိတ်ဆောင်းဘောက်ကလေးမှာပင် နဒီမဂ်လာသီချင်းကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။
" နံနက်ခင်း ဆီးနှင်းတို့အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ "
လူသည် မည်သည့်အချိန်မှစပြီး နေထွက်နေဝင်ဆည်းဆာကို ခံစားတတ်ပါသလဲ။ သဘာဝတရားကို ဘယ်အချိန်မှာစပြီး ချစ်တတ်ပါသလဲ။
အိပ်ယာထကာစဖြစ်၍ ဆိုင်ဝန်ထမ်းကောင်လေး၏ မျက်နှာမှာ သစ်ရွက်ခြောက်တရွက်လို ကြွေမွနေသည်။ ဆိုင်က ရင်ပြင်တော်အောက်ဆိုသော်လည်း ပင်မရင်ပြင်တော်ထက် တဆင့်သာနိမ့်သော ကြွေပြားကပ်ပရဝဏ်အတွင်းမှာသာဖြစ်သည်။ ဆိုင်ရှင်တော့ ရှိနေဟန်မတူ။ အဖျော်ဆရာဟုထင်ရသည့် ဝန်ထမ်းက လက်ဖက်ရည်ခွက်တွေထည့်သည့် စတီးလင်ဗန်းကြီးကို အငွေ့တထောင်းထောင်းထနေသော ရေနွေးပူဖြင့်ဆေးသည်။ ခုံဝိုင်းတခုတွင်နေရာယူထားသော သူ့ကိုကြည့်ပြီး " ခဏနော် အကို " ဟု ခပ်တိုးတိုးပြောသည်။ သူခေါင်းငြိမ့်ပြလိုက်တော့ မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေသည် ဝတ်ထားသော အနွေးထည်ထူထူဆီ တိုးဝင်လာသည်။
ဆိုင်ဖွင့်ရန် လိုအပ်သောအရာများကို အစီအစဥ်တကျပြုလုပ်ပြီးသွားမှ သူ့ဆီလာပြီး မှာယူနိုင်သော အစားအသောက်စာရင်းကိုရွတ်ပြသည်။ ပေါ့ဆိမ့်တခွက်နှင့်ထမင်းကြော်တပွဲ။ ဒယ်အိုးပြားကြီးတခုနှင့် ကြော်လှော်ခြင်းမပြုခင် ဝန်ထမ်းက ဆောင်းဘောက်ပါဝါခလုတ်ကိုနှိပ်ပြီး သီချင်းဖွင့်လိုက်သည်။ ခပ်တိုးတိုးပါပဲ။ တကယ်တော့ ဧရာဝတီမြစ်ကမ်းဘေးမှ စေတီရင်ပြင်တော်ပေါ်တွင် မနက်စောစောဖွင့်ရန်အတွက် " နဒီမဂ်လာ " ထက် လှပသော သီချင်းရှိပါသေးသလား။
ထိုစဥ်က သူ ခင်ဝမ်းကို နားမထောင်တတ်သေး။ ခေတ်ပေါ်သီချင်းအချို့နှင့် ထူးအိမ်သင်နှင့် ခင်မောင်တိုးနှင့်သာ သူ့ဂီတခံစားမှုသည် အချိန်ခဏမျှ ရပ်တန့်နေခဲ့သည်။ သူကြားရသော နဒီမဂ်လာတေးသွားကတော့ ခင်ဝမ်း၏ ပြန်ဆိုတေးဖြစ်သည်။ (ဦး)ခင်ဝမ်း၏ လေးနက်ကြည်လင်သောအသံသည် ဂစ်တာတီးတတ်သော ယခုမရှိကြတော့ပြီဖြစ်သော သူ့ဦးလေးများကို သတိရစေသည်။ နောက်နှစ်တွေရောက်တော့လည်း စိုးလွင်လွင်၊ မွန်းအောင်နှင့် လွှမ်းမိုးတို့ပါ သူ့လူငယ်ဘဝထဲရောက်လာခဲ့ပြီ။ မျက်လုံးမှိတ်လိုက်လျှင် စိုထိုင်းစပြုနေသော နှလုံးသားကိုမြင်ရသည်။
သီချင်းထဲမှ လူသားသည် မကြည်မြသောစိတ်၊ မအေးချမ်းသောနှလုံးသားဖြင့် နေမပွင့်ခင် မြစ်ကမ်းနားသို့ရောက်လာခဲ့သည်။ ကမ်းနံဘေး လူသွားလမ်းကလေးမှ ပန်းရနံ့တွေ လေထဲမှတဆင့် သူ့ဆီကူးခတ်လာသည်။ ပူလောင်သောစိတ်၏လေးလံခြင်းသည် မြစ်နှင့်မနက်ခင်း၏ အေးချမ်းမှုတွင် ကြည်လင်ပေါ့ပါးလာခဲ့သည်။ " ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ " ဆိုသော စာသားအဆုံးတွင် မြစ်ကမ်းဘေးမှ လူသားသည် သဘာဝ၏အေးချမ်းခြင်းတွင် မတည်ငြိမ်သော သူ၏စိတ်ရွက်လှေကို တခဏမျှ ကမ်းကပ်ထားနိုင်လိုက်ပုံရသည်။
သီချင်းစာသားများကိုနားထောင်ရင်း သီဆိုသူသိချင်သော်လည်း ဆောင်းလေအေးအေးတွင် တစုံတရာမလှုပ်ရှားချင်၍ မမေးဖြစ်ပါ။ ရန်ကုန်ပြန်ရောက်မှ သီဆိုသူနှင့်သီချင်းအမည်ရှာကြည့်ရသည်။ ထိုအချိန်က ဖုန်းတွေအခုလောက်မပေါများသေး။
တနိုင်ငံလုံးမှ စေတီပုထိုးများတွင် တည်းခိုခန်းခများ ခေါင်ခိုက်နေချိန်၌ မကွေးမြသလွန်စောင်းတန်းက အခန်းလေးတွေမှာ တညတထောင်ကျပ်ဖြင့် နေနိုင်သည်။ ဖုန်းအားသွင်းချင်လျှင် အပြည့်သွင်း ငါးရာဖြင့်သွင်းပေးသောဆိုင်တွေရှိသည်။ ထမင်းတထုတ် သုံးရာဖြင့် ပူပူနွေးနွေးရနိင်သည်။
အညာဆောင်းကို စပြီးထိတွေ့ဖူးသောအရွယ်တွင် ရနိကုန်တွင် ဆောင်းရာသီသည် သစ်ပင်များနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အညာကတော့ ပူလျှင် တိုက်သည့်လေပါ ပူသည်။ အေးလျှင်တော့ အအေးဓာတ်ကအပြည့်။
မုံရွာမှာ ရက်ပိုင်းနေခဲ့တုန်းက မနက်လင်းလျှင် စောင်ထူထူထဲမှ မထွက်ချင်။ မထွက်ချင်သော်ငြား တန်းလျားရှည်ကြီးများဖြင့် တည်ခင်းသော လက်ဖက်ရည်ဆိုင်မှ ကောက်ညှင်းပေါင်းပူပူကို မက်မောသောကြောင့် အိပ်ယာထဖြစ်အောင်ထသည်။ လက်ဖက်ရည်ဆိုင်မှပြန်လာလျှင် နေကောင်းကောင်းထွက်ပြီဆိုသော်လည်း ကျောက်စည်ပိုင်းထဲမှ ရေက ထိမရအောင်အေးစက်နေတုန်းဖြစ်သည်။ ညနေ ၃ နာရီဆိုလျှင်တော့ ဆောင်းလေပြန်ရောက်လာပြီ။ ဝတ်ထားသောအနွေးထည်က ညထိချွတ်စရာမလိုတော့။ သန်းခေါင်ယံလွန်ရင်တော့ ခေါင်မိုးပေါ်တပေါက်ပေါက်ကျနေသော ဆီးနှင်းသံတို့အောက်တွင် အဘွားက သူ့ကို စောင်ထူထူတထည် ထပ်ခြုံပေးတတ်သည်။
မကွေး၏ဆောင်းကတော့ အေးမြခြင်းသာမက ဧရာဝတီနှင့်ပါ ယှဥ်တွဲရှိနေခြင်းကြောင့် မာန်တက်နေသလိုရှိသည်။ ဆွေကြီးမျိုးကြီးတဦး၏ ဇာတိပုညဂုဏ်မာနလို နေထွက်သည်အထိ မြူတွေမလွင့်ချင်လွင်ချင်။ ဧရာဝတီတံတားကလည်း မြစ်ပြင်ပေါ်တွင်ကျောက်ချထိုင်နေသည်။
" ဟိုတဖက်ကမ်းက တရားဒေသနာ
အရုဏ်ဦးရဲ့ ငြိမ်းချမ်းမှုတွေမှာ
ပူလောင်ကျွမ်းတဲ့နှလုံးသား ကိုယ့်အသည်းကို
ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ "
သူထိုင်နေသောလက်ဖက်ရည်ဆိုင်ကလေး၏ ဟိုမှာဘက်ကမ်းတွင် နဂါးရုံဘုရားရှိမည်။ ခြေတော်ရာရှိမည်။ မြစ်ကမ်းတလျှောက် ခိုစာကျွေးသလို ဘဝက ဖြန့်ကျဲလိုက်သော ဘဝအထွေထွေရှိမည်။ ကမ်းနားကပ်လျက် မြေလမ်းကလေးတွင် တရွေ့ရွေ့သွားနေသော ကားတစီးတလေရှိမည်။ မြစ်ပြင်တွင် တံငါလှေကလေးတွေ ဟိုတစဒီတစ။ နေရောင်ကောင်းကောင်းထွက်ပြီ။ ဆိုင်ကလေးထဲတွင် လူတွေတလှုပ်လှုပ်။ တယောက်ပြီးတယောက်ရောက်လာသော စားပွဲထိုးတွေ၏မျက်နှာက လန်းဆန်းတက်ကြွနေသည်။ ဆောင်းဘောက်ဆီကတော့ ခေတ်ပေါ်သီချင်းတွေကြားနေရပြန်သည်။ ဦးခင်ဝမ်း၏ နဒီမဂ်လာသည် ဆီးနှင်းများနှင့်အတူ လွင့်ပျယ်သွားခဲ့ပုံရသည်။
ဘုရားမှပြန်ဆင်းလာတော့ လှေကားတလျှောက်ဆီးနှင်းတွေစိုရွှဲလျက်။ လူသိပ်မရောက်သော ရင်ပြင်တော်တနေရာတွင် သစ်ရွက်စိမ်းစိမ်းတွေကြွေကျနေသည်။ ဆုတောင်းသူတယောက် ထိခတ်လိုက်သော ခေါင်းလောင်းသံသည် မြစ်ပြင်ကိုဖြတ်သွားပြီး မြေလမ်းကလေးဆီ တိုးတိုးဖျဖျရောက်သွားလိမ့်မည်။ ထိုခဏတွင် ဧရာဝတီကို သူချစ်မိသွားခဲ့သည်။
နောက်ပိုင်း တခြားမြို့ရွာတွေဆီ ပြန်ရောက်ဖြစ်ခဲ့သေးသည်။ ဘယ်မြို့ရောက်ရောက် မြစ်ကမ်းနံဘေးဆီရောက်အောင်သွားသည်။ ဒုဌဝတီ၊ သံလွင်၊ စစ်တောင်းနှင့် ချင်းတွင်း။
မြစ်ကမ်းနံဘေးမြေလမ်းကလေးတွေဆီရောက်တိုင်း ဧရာဝတီ၊ အညာဆောင်းနှင့် လက်ဖက်ရည်ဆိုင်ကလေးကိုသာ သူလွမ်းဆွတ်နေပါသည်။
-ဆပ်ရိပ်
Noice
ReplyDeleteစာတွေကို တအားလွမ်း
ReplyDeleteဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ReplyDeleteကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။
*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159