Rita San
ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့တဲ့အခါတိုင်း ရီတာစံဟာ တိုက်အပေါ်ဆုံးခေါင်မိုးပေါ် အမြဲတက်သွားတတ်တယ်။ ကျနော်ကလည်း သူတခုခုလုပ်လိုက်မှာ စိတ်ပူတာမို့ သူ့နောက်ကိုအမြဲလိုက်ကြည့်ရတယ်။ သူကလည်း ကျနော်တက်လာတာတွေ့တိုင်း လှည့်ကြည့်ပြီးပြုံးပြတတ်တယ်။ နှုတ်ကလည်း "ဘာမှမဖြစ်ပါဘူး" လို့ ခေါင်းလေးကို ခပ်ဖွဖွရမ်းရင်း ပြောသေးတယ်။ ဒါပေမယ့်သူ့အပြုံးက ပြုံးမနေတဲ့အပြုံး။ တနည်းအားဖြင့် အရောင်ပြယ်လွင့်နေတဲ့အပြုံး။
လူတွေနဲ့အနီးကပ်နေလာခဲ့ရင်း သူတို့အပြုံးတွေဟာ နှစ်တွေနဲ့အမျှ နံရံဆေးသားတွေလို အရောင်လွင့်လာတတ်ကြောင်း ကျနော်သိခဲ့ရတယ်။ ဒါက လောကဓံရဲ့အထုအရိုက်၊ ဒါမှမဟုတ်လည်း ရှင်သန်နေစဥ်အတွင်း ကြုံခဲ့ရတဲ့ဒုက္ခဆင်းရဲတွေကြောင့်ဖြစ်မယ်ထင်တယ်။ အဖေဆုံးခါနီးမှာ ရောဂါပြင်းလွန်းလို့ ဘာစကားမှမပြောနိုင်တော့ဘူး။ သူကျနော့်ကိုပြုံးပြတယ်။ အဲ့ဒီအပြုံးနဲ့ ကျနော်ငါးနှစ်သား ပထမဆုံးကျောင်းတက်ရက်မယ် ကျောင်းရှေ့မှာလာစောင့်နေခဲ့တဲ့ အဖေ့အပြုံးနဲ့တခြားဆီပဲ။ ဘာပျော်ရွှင်မှမရှိတော့ပဲ မျက်နှာကအစိတ်အပိုင်းတခုကို ကွေးညွှတ်လိုက်ရုံသက်သက် ပြုံးလိုက်တာမျိူးလေ။ ပျော်ရွှင်မှုရှိရင်တောင် တခါက ပျော်ခဲ့ဖူးတာတွေရဲ့ "တစ်" ရာခိုင်နှုန်းလောက်ကို ပြန်ပြီးခံစားမိရင်းက ပိုကြေကွဲသွားလို့ ချက်ချင်းပြန်ပြီးညှိုးငယ်သွားတဲ့မျက်ဝန်းတွေ။ အဖေဟာလည်း ကျနော့်ကိုပြုံးပြပြီးတဲ့နောက် သူ့အနေနဲ့ နှုတ်ဆက်ခြင်းအတွက် အဆင်သင့်မဖြစ်သေးကြောင်း ပြောနေကြသလိုပဲ။ ခဏနေတော့ ကျနော့်လက်ပေါ်မှာပဲ အဖေ့မျက်လုံးတွေမှိတ်သွားတယ်။ ပိတ်သွားတဲ့မျက်ခွံတွေဟာ ကျနော်မမြင်အောင် မျက်ဝန်းအိမ်ထဲမှာပုန်းနေတဲ့မျက်ရည်တပေါက်ကို ပါးပေါ် စီးကျလာဖို့ ရက်ရက်စက်စက်ဖိချလိုက်ကြပုံရတယ်။ အဲ့မြင်ကွင်းကိုတွေ့တော့ ကျနော်လုံးဝမထိန်းနိုင်တော့ဘူး။ အရုဏ်တက်ပြီး နေလုံးကြီးကိုမြင်လာရတဲ့အထိ။ ကျနော်လည်း အဲ့ဒီညက ဆေးရုံဝရန်တာမှာတညလုံးငိုနေခဲ့တယ်။
ရီတာစံကတော့ ခေါင်မ်ိုးပေါ်ကို ကျနော်လိုက်လာတိုင်း သိပ်သဘောတွေ့ပုံမရဘူး။ ကျနော်ကလည်း အလိုက်သိပါတယ်။ သူပြုံးပြတာမြင်ပြီးရင် လက်မထောင်ပြပြီး သူထိုင်နေတဲ့နေရာနဲ့ဝေးတဲ့ တိုက်ခေါင်မိုးအစွန်မှာ သွားထိုင်နေလိုက်တာပဲ။ တခါတလေလည်း ကျောခင်းချလိုက်ပြီး ညကောင်းကင်ကြီးကိုကြည့်။ ဘာစကားမှမပြော။ ဘာမှမလုပ်။ ဘဝမှာ တခုခုကိုအမြဲလုပ်နေဖို့မှမလိုအပ်တာလေ။ လူဆိုတာ အတ္တနဲ့ပဲမို့ တယောက်ယောက်နဲ့ခွဲခွာရမယ်ဆိုရင်တောင် ခွဲခွာချိန်ထိအတူရှိနေချင်တယ်။ နီးနိုင်သမျှအနီးဆုံးကနေ ဝေးချင်တယ်။ ကျနော်ခိုးကြည့်လိုက်တိုင်း ရီတာစံရဲ့ အကြည့်တွေဟာ အဝေးက ရွှေတိဂုံဘုရား၊ မီးရောင်စုံတိုက်ခန်းတွေဆီရောက်နေတတ်တယ်။ သူ့ဆံပင်တွေက လေနဲ့အတူမျောပါလို့။ သူ့မျက်နှာမှာတိုက်ရှေ့ကြော်ငြာဆိုင်းဘုတ်က မီးရောင်ဖျဖျက ထိုးကျလို့။ ရီတာစံက အဲ့ဆိုင်းဘုတ်ကိုလည်း အရမ်းလင်းလွန်းတယ်လို့ ပြောဖူးတယ်။ သူကြိုက်ပုံမရဘူး။
ရီတာစံက အမှောင်ခန်းကိုကြိုက်တယ်။ မှုန်ကုပ်နေတဲ့အခန်းကို သူဘာလို့သဘောကျလဲမသိပေမယ့် သူနဲ့နေတာကြာတော့ ကျနော့်အတွက်လည်း သက်တောင့်သက်သာမရှိတာမျိုးမဖြစ်ပါဘူး။ မိုးရွာတဲ့နေ့တွေဆိုရင် ရီတာစံက တိုက်ခန်းမျက်နှာစာရှေ့မှာထိုင်နေတတ်တယ်။ တိုက်မှာက ပြတင်းပေါက်ကိုဘေးဘက်မှာမဖောက်ထားပဲ မျက်နှာစာမှာပဲ မှန်ပြတင်းအကြီးကြီးနှစ်ချပ်လုပ်ထားတာမို့ ရှုခင်းကောင်းကောင်းမြင်ရတယ်။ မိုးရွာတဲ့နေ့တွေဆို တိမ်တွေအလိပ်လိုက်အထွေးလိုက် ရွေ့လျားနေတာ၊ ကောင်းကင်က တဖြည်းဖြည်းအရောင်မှိန်လာတာ၊ အမှောင်ကြီးကျလာတာဟာ ရီတာစံအတွက်သိပ်လှတာပဲတဲ့။ အဲ့ဒီပြတင်းပေါက်နားမှာ ဘုရားစင်ရှိတယ်။ မိုးစရွာပြီဆိုရင် ရီတာစံဟာ ပန်းအိုးထဲက ဂန္ဓမာပန်းဖြူဖြူတွေကို ရုတ်တရက်ဆွဲထုတ်ပြီး မိုးရေထဲစိုအောင် ကိုင်ထားတတ်တယ်။ ပြီးမှ ပန်းအိုးထဲပြန်ထည့်တယ်။ ဘာလို့လဲ လို့ ကျနော်မေးကြည့်ဖူးတယ်။ ပန်းအိုးထဲကရေတွေက ပိတ်လှောင်နေလို့ ပန်းကလေးတွေမိုးရေချိုးဖို့လိုတယ်တဲ့။ ရီတာစံကတော့ မိုးရေချိုးလို့မရပါဘူး။ ကျနော်နဲ့တွေ့ချိန်မှာ သူ့အဆုတ်ကျန်းမာရေးက လေအေးအေးတိုက်ရင်တောင် ချောင်းတဟွတ်ဟွတ်ဖြစ်နေခဲ့ပြီ။
ဒါပေမယ့်လည်း သူကြိုက်တဲ့အရာတွေကတော့ သူ့ကျန်းမာရေးအတွက်နည်းနည်းမှမကောင်း။ ရီတာစံက မိုးရေထဲလမ်းလျှောက်ရတာကြိုက်တယ်။ အထူးသဖြင့် ဆူးလေဘက်မှာ ရုပ်ရှင်ပွဲတွေရှိတဲ့အချိန်မျိုးဟာ ရီတာစံ့အကြိုက်ပဲ။ တနေကုန်အလကားပြတဲ့ရုပ်ရှင်တွေတကားပြီးတကားကြည့်။ အီလာရင် ဒါမှမဟုတ်လည်း ဗိုက်ဆာလာရင် ရုပ်ရှင်ရုံထဲထွက်။ ကံကောင်းထောက်မလို့ အဲ့ဒီအချိန်မှာ မိုးရွာနေခဲ့ရင် ဆူးလေလမ်းမတလျှောက် မိုးတဖွဲဖွဲထဲမှာ ခြေဦးတည့်ရာလျှောက်။ မိုးတိတ်ပြီး အဝတ်အစားတွေနွမ်းဖတ်သွားတော့မှ တွေ့တဲ့လက်ဖက်ရည်ထဲဝင်ပြီး ချိုဆိမ့်လေးတခွက်လောက် ပူပူနွေးနွေးသောက်လိုက်ရတာမျိုးဟာ ရီတာစံ့အကြိုက်ဆုံးအရာတွေပါလေ။
တခါတလေလည်း ကျနော်မကျေနပ်ဘူး။ ရီတာစံလို အလိုလောဘနည်းပြီး သူ့အသက်ရှင်မှုကို မျက်ခမ်းတထောက်စာလောက်လေးပဲရှင်နေသူအတွက် အဲ့ဒီအရာတွေကို ဘာ့ကြောင့် တသက်လုံးလုပ်ခွင့်မရနိုင်ရတာလဲလို့။ ရီတာစံက အိမ်အကြီးကြီး၊ကားအကောင်းစားတွေထက် မိုးရေထဲလမ်းလျှောက်ပြန်လာပြီး စောင်ခြုံထဲမှာ
စာအုပ်လေးတအုပ်ဖတ်ရင်း အိပ်ပျော်သွားတာကို ပိုမက်မောသူတယောက်ပါလေ။ သူ့မှာတခြားဘယ်သူ့မှလည်းမရှိ။ နောက်ပိုင်းနှစ်တွေမှာတော့ မိုးရေထဲထွက်လိုက်တာနဲ့ သွေးပါတဲ့ထိ အဆုတ်ရောဂါဟာ ရီတာစံ့ကို အနိုင်ယူနေခဲ့ပြီ။
အဲ့ဒီတုန်းက ကျနော့်အတွက် ကြည်နူးပျော်ရွှင်ရတဲ့အချိန်ဟာ ကျနော်ဂစ်တာတီးနေတုန်း သူသီချင်းလိုက်ဆိုတဲ့အချိန်ပဲ။ ကျနော့်အနေနဲ့ သူပြုံးပျော်နေတာ တတ်နိုင်သမျှမြင်ချင်တယ်။ လက်ရှိသူ့နေထိုင်မှုကို အရင်ကဘယ်လိုအရာတွေက စိတ်ဖိစီးနေစေလဲ၊ နွမ်းနယ်နေစေလဲဆိုတာ ကျနော်မသိသလို မေးလည်းမမေးခဲ့ဘူး။ ရီတာစံက သီချင်းလည်းတော်ရုံမဆိုဘူး။ သူလိုက်ဆိုချင်တာနဲ့ ကျနော်ဂစ်တာတီးနေတာ ထပ်တူကျသွားတဲ့နေ့မှာတော့ သူ့အပြုံးကို ခပ်ပါးပါးမြင်ရတယ်။ သူ့လက်သေးသေးလေးတွေဟာ ပြတင်းပေါက်ဘောင်ကိုလက်သည်းနဲ့ ခြစ်နေတတ်တယ်။
၇လပိုင်းမှာ သူ့ရဲ့ အသက် ၂၂နှစ်ပြည့်မွေးနေ့လုပ်တယ်။ လုပ်တယ်ဆိုတာထက် ကိတ်မုန့်လေးတခြမ်းဝယ် ( အပြည့်မဝယ်တာက လိုတဲ့ပိုက်ဆံကို ရုပ်ရှင်ဝင်ကြည့်လိုက်လို့ပါတဲ့) အခန်းထဲမှာ ကော်ဖီတခွက်ဆီနဲ့မျှောချလိုက်တာပါပဲ။ ကိတ်မုန့်တခြမ်းနဲ့ မွေးနေ့အခမ်းအနားမှာ ဖယောင်းတိုင်မီးရောင်ကို သူအကြာကြီးငေးနေခဲ့တယ်။ ဒီကိတ်မုန့်ကမှ တကယ့်ရီတာအစစ်ပဲလို့ ပြောသေးတယ်။ ေဖယောာင်းတိုင်မီးမှုတ်ပြီးတော့ မွေးနေ့ဆုတောင်းပါလို့ ကျနော်ကပြောတော့ ရီတာစံက "မိုးရေချိုးချင်တယ်" တဲ့။ ပြီးတော့ ပြတင်းပေါက်ကတိမ်တွေကိုငေးနေပြန်တယ်။
နောက်နေ့မနက်နိုးတော့ တိုက်ခန်းမှာရီတာစံမရှိတော့ဘူး။ အခန်းထဲမှာ စာတစောင်ထားခဲ့ပေမယ့် အဲ့ဒီစာကိုလည်း ဘာဆိုလိုမှန်းမသိခဲ့ဘူး။ စာက
" စိန်ပန်းဖွေးဖွေးမှာ ဒေဝါနတ်များ မြန်းကြွလာ" တဲ့။
စိန်ပန်းဆိုတာ နီနီရဲရဲမဟုတ်ဘူးလား။ စိန်ပန်းတွေဖွေးဖွေးလှုပ်အောင်ကျနေတာကိုပြောချင်တာလား။ နတ်တွေကရော ဘာဖြစ်လို့ကြွမြန်းလာတာလဲ။ ရီတာစံ့ရဲ့ ရောဂါပြင်းချိန်မှာမြင်ရတဲ့စိတ်အာရုံတွေများလား။ အများကြီးစဥ်းစားမိပေမယ့် ကာယကံရှင်ဖြေမှသိရမယ့် ပဟေဠိတခုကိုပဲ ဝေဝေဝါးဝါးကျနော်ရခဲ့တယ်။
ရီတာစံဟာ ဘယ်ကလာပြီးဘယ်ကိုသွားမယ်မှန်းမသိတဲ့မိန်းမတယောက်ပါပဲ။ ကျနော်သူ့ကိုရှာကြည့်သေးပေမယ့် ဘယ်နည်းနဲ့မှ မတွေ့နိုင်တော့မှန်းလည်း သိနေခဲ့ပြန််တယ်။ အဲ့ဒီညနေက မိုးရွာတယ်။ သူ့ကိုယ်နံ့တွေစွဲနေတဲ့စောင်ကို မိုးရေထဲ ကျနော်ထုတ်ထားပေးခဲ့တယ်။ ရီတာစံ မိုးရေချိုးဖို့လိုတယ်လေ။
-ဆပ်ရိပ်
၁၀.၉.၂၀
အနားမှာ တစ်ယောက်ယောက်ရှိတော့ နှလုံးသားထဲ နွေးနေမှာပါ
ReplyDeleteဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ReplyDeleteကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။
*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159