Posts

Showing posts from May, 2020

အေမီ

Image
(၁) သူ့ကို " အေမီ " လို့ ခေါ်ကြတယ်။ သူ့နာမည်အရင်းကို ဘယ်သူမှမသိဘူး။ သူ့နာမည်အရင်းမပြောနဲ့။ သူ့ရုပ်သွင်အမှန်ဘယ်လို ဆိုတာကို သိတဲ့သူတောင်ရှိမယ်မထင်ဘူး။ အကြောင်းက သူ့မျက်နှာမှာ နေကာမျက်မှန်တစ်လက်ကို အမြဲတမ်းတပ်ထားခဲ့လို့ပဲ။ ဆေးလိပ်လည်း အရမ်းသောက်တတ်သေးတယ်။ အေမီက မျက်မှန်ကို နေ့ဘက်တင်မကဘဲ ညဘက်လူမြင်ကွင်းမှာထိ တပ်ထားတတ်တာမို့ သူ့ပုံစံဟာ မြင်လိုက်ရတဲ့သူအတွက် ပုံမှန်ဖြစ်မနေဘူး။ ဒီတော့ သူ့ကိုတွေ့လိုက်တဲ့လူတိုင်းဟာ သူ့အကြောင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် ပြောတတ်ကြတယ်။ ရီစရာက အေမီ့အကြောင်း ဘယ်သူမှ ဘာမှမသိကြဘူး။ ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ လူတွေဟာ အေမီ့အကြောင်းကို ပြောနိုင်ကြပြန်တယ်။ " စောက်ရူးမလေ။ မျက်မှန်တစ်လက်နဲ့ စတန့်ထွင်နေတာ" " အပျက်မဖြစ်မှာပါ။ ဒီမြို့မှာ လူသိမခံချင်လို့ လာဇာတ်မြှုပ်နေတာနေမယ် " " သနားပါတယ်။ ရူးကြောင်ကြောင်လေးပဲ" " သူဌေးသမီးဇာတ်ပျက်ထင်ပါတယ်" ဒါကတော့ အေမီ့အကြောင်း သူတို့ပြောကြတာပေါ့။  အေမီက အသားဖြူတယ်။ လှတယ်လို့ ပြောလို့ရတဲ့ လက်ချောင်းသွယ်သွယ်တွေရှိတယ်။ ဖြူဖျော့ပြီး တစ်ခါတစ်လေ ပန်းသွေးရောင်တောင် သမ်းနေတတ်တဲ့ ဘယ...