The last text I sent her
(Unicode)
the last text I sent her
(၁)
နှုတ်ဆက်တယ်ဆိုတာ သမားရိုးကျဖြစ်စဉ်တစ်ခုပါပဲ။ အိမ်ပြန်ခါနီး အတူရှိနေတဲ့သူကိုနှုတ်ဆက်ကြတယ်။ ခရီးသွားခါနီး သက်ဆိုင်သူတွေကို နှုတ်ဆက်ကြတယ်။ ဖုန်းချခါနီး နှုတ်ဆက်ကြတယ်။ စကားပြောနေတဲ့သူကို အိပ်ခါနီးနှုတ်ဆက်ကြတယ်။ ဒါက လူတိုင်းလုပ်နေကြတာမှတ်လား။ နှုတ်ဆက်တယ်ဆိုတာ ဘာမှရှုပ်ထွေးတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဟုတ်တယ်မှတ်လား။
ဒါပေမယ့် တစ်ယောက်ယောက်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ရမယ်ဆိုရင်ရော။ အဲ့ဒီလူနဲ့ သေချာပေါက်ပြန်မတွေ့တော့ဖို့များနေပြီ။ ဥပမာအားဖြင့် ရုတ်တရက် နှုတ်မဆက်ပဲကွယ်လွန်သွားတဲ့ခံစားချက်မျိုး ဘယ်သူကမှမကြိုက်လောက်ဘူးဗျာ။ မှာစရာရှိတာတွေမှာ။ ကျေးဇူးတင်ကြောင်းလေးပြော။ အတူရှိခဲ့တဲ့အချိန်တွေအတွက် အသိအမှတ်ပြုစကားလေးဆို စသဖြင့်ပေါ့။
ကျွန်တော့်အထင်တော့ လူတွေမှာ တစ်ဦးနဲ့တစ်ဦးပတ်သတ်ဆက်နွယ်ရချိန်က အကန့်အသတ်ရှိတယ်။ အဲ့ဒီအကန့်အသတ်က တစ်ချို့တွေကံကြမ္မာလို့ပြောကြတဲ့ အရာကြီးက သတ်မှတ်ထားတာလည်းဖြစ်ရင်ဖြစ်မယ်။ လူတွေကိုယ်တိုင်သတ်မှတ်ကြတာလည်းဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီလူသားတစ်ယောက်နဲ့ထပ်ပြီးတွေ့နေဖို့အကြောင်းမရှိတော့ပါဘူးဆိုရင် နှုတ်ဆက်တာက အရေးကြီးတဲ့အပိုင်းပဲ။ ပိတ်ကားတွေကိုဆွဲပိတ်လိုက်ဖို့ ဇာတ်ခုံနောက်က ကြိုးတွေကိုသေချာပေါက်ဆွဲချဖို့လိုသလိုမျိုး နှုတ်ဆက်စကားကလည်းဆိုကိုဆိုရတော့မယ်။ ဒါမှပဲ နှစ်ဦးနှစ်ဖက်အတွက် စိတ်ထဲရှင်းရှင်းနေနိုင်မယ်။ ဒါဆိုရင် ပြသနာက ဘာတွေပြောမလဲ။ ဘယ်လိုစကားလုံးတွေနဲ့ နှုတ်ဆက်မလဲ။ အဲ့ဒါကေရာ နှုတ်ဆက်စကားအတွက် တကယ်လုံလောက်တဲ့စကားလုံးတွေလား စသဖြင့်။ တစ်ခြားသူတွေအတွက်တော့မသိဘူး။ ကျွန်တော့်အတွက်တော့ အဲ့လိုလုပ်ရတာ အမြဲခက်ခဲတယ်။ ခက်ခဲခဲ့တယ်ပေါ့လေ။
၂၀၁၀ နိုဝင်ဘာလထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ကျွန်တော်တွေ့ခဲ့တယ်။ မနက်ခင်းတွေက ဆောင်းရဲ့အငွေ့အသက်အပြည့် အိမ်အပြင်ဘက်ထွက်လိုက်ရင် လမ်းပေါ်က အပင်လေးတွေဟာ တစ်ညလုံးက်ထားတဲ့ နှင်းရည်တွေနဲ့ စိမ်းမြစိုစွတ်နေတာပဲ။ စောစောနိုးရင် လမ်းပေါ်မှာ မြူတွေဖုံးနေတာတောင် မြင်ရမယ်။ ညနေနည်းနည်းနောက်ကျပြီဆိုရင် နေရထိုင်ရတာ ချမ်းစိမ့်စိမ့်ဖြစ်နေတတ်တော့ ညစာစားပြီးချိန် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကော်ဖီလေးဘာလေးသောက်ရတာ တကယ့်အရသာပဲ။ အငွေ့တထောင်းထောင်းနဲ့ ကော်ဖီခါးသက်သက်လေးရယ် အဲ့ဒီအချိန်တုန်းက လူသူသိပ်မစည်ကားသေးတဲ့ နယ်မြို့ကလေးရဲ့ဆောင်းရာသီရယ်။ ဘယ်လောက်ပြည့်စုံလိုက်သလဲ။
အဲ့ဒီနေ့က လက်ဖက်ရည်ဆိုင်ကနေ နည်းနည်းစောပြန်ဖြစ်တယ်။ ဆိုင်ထဲမှာနည်းနည်းနွေးပေမယ့် အပြင်ဘက်မှာ သိသိသာသာအေးနေပြီ။ ကျွန်တော့်လက်တစ်ဖက်က ဝတ်ထားတဲ့ဂျင်းအင်္ကျီဘေးအိတ်ထဲထည့်ထားတယ်။ အိတ်ထဲမှာလည်း အဖေလောလောလတ်လတ်ဝယ်ပေးထားတဲ့ ကီးပတ်ဖုန်းရှိနေတော့ လက်ကအထဲထိထည့်မရဘူး။ ကျန်တဲ့လက်တစ်ဖက်ကတော့ အပ်ရမယ့်စာအုပ်တွေကိုင်ထားတယ်။ ဟုတ်တယ်။ စောပြန်မှပဲ။ မြို့မှာက စာအုပ်ဆိုင်တစ်ဆိုင်ပဲရှိတယ်။ အဲ့ဒီဆိုင်လေးက ည၈နာရီလောက်ဆိုပိတ်ချင်နေပြီ။ စာအုပ်ငှားဖတ်တဲ့သူက မြို့မှာအများကြီးမရှိတော့ စောပိတ်တာကိုလည်း အပြစ်မဆိုသာပါဘူး။
ကံကောင်းတာက ကျွန်တော့်အိမ်နေရာနဲ့ လက်ဖက်ရည်ဆိုင်၊စာအုပ်ဆိုင်တွေက သိပ်မဝေးဘူး။ အဲ့တော့ တော်ရုံဆို အိမ်မှာဆိုင်ကယ်ထားခဲ့ပြီး လမ်းပဲလျှောက်ဖြစ်တာများတယ်။ ဆောင်းတွင်းရက်တွေဆို လက်ဖက်ရည်ဆိုင်ကနေ စာအုပ်ဆိုင်ကို လမ်းလျှောက်ရတာ ကျွန်တော်ကြိုက်တယ်။ ပြီးရင်အိမ်ပြန်၊ ငှားလာတဲ့စာအုပ်လေးပြီးသလောက်ဖတ်ပြီး၊ စောင်အထူကြီးထဲ ဝင်အိပ်ပေတော့ပဲ။
ကျွန်တော်ရောက်သွားတော့ စာအုပ်ဆိုင်လေးက တံခါးတစ်ချပ်ပဲခပ်ဟဟဖွင့်ထားတယ်။ သိပ်မကြာခင် ပိတ်တော့မယ့်အလားအလာပေါ့။ မီးမလာတော့ ဆိုင်က အပြင်ကကြည့်တာတောင်မှောင်မဲနေတာပဲ။ မြို့မှာ လျှပ်စစ်မီးက နာရီနဲ့ပေးနေတာဆိုတော့ မီးပျက်တဲ့အချိန်ဆိုရင် ဖယောင်းတိုင်ထွန်းနေရုံပဲရှိတယ်။ စာအုပ်ဆိုင်မှာလည်း မီးပျက်နေတဲ့အချိန် ငှားတဲ့သူရောက်လာခဲ့ရင် ဆိုင်ရှင်ဦးမျိုးက ဖယောင်းတိုင်တစ်တိုင်ပေးတယ်။ ကိုယ့်ဘာသာ စာအုပ်အေးဆေးရွေး၊ ပြီးရင် ခုနကဖယောင်းတိုင်လေးဆီက အလင်းရောင်နဲ့ပဲ ငှားသွားတာတွေ စာရင်းမှတ်ပေးလိုက်တာပဲ။ ကောင်းတာတစ်ခုက ဦးမျိုးကိုယ်တိုင်က စာအုပ်တအားဖတ်တဲ့သူဆိုတော့ ငှားတဲ့သူအများကြီးမရှိပေမယ့် ဆိုင်မှာစာအုပ်အကောင်းတွေအများကြီးရှိတယ်။ အငှားသွက်တဲ့ကာတွန်းစာအုပ်လေးတွေနဲ့ တိုလီထွာလီမဂ္ဂဇင်းတွေလည်းရတယ်။
ဆိုင်တံခါးကိုတွန်းဖွင့်လိုက်ပြီး ဆိုင်ထဲဝင်သွားတော့ အထဲကစာအုပ်စင်တွေဘေးမှာ ဖယောင်းတိုင်မီးရောင်လေးရှိနေတာတွေ့လိုက်တယ်။ ငှားတဲ့သူတစ်ယောက်ရှိနေတယ်ပေါ့။ ထူးတော့ထူးဆန်းတယ်။ ကျွန်တော်က ဦးမျိုးဆိုင်ရဲ့ နောက်ဆုံးပိတ်အားပေးသူဖြစ်နေကျ။ ကျွန်တော်လာပြီးရင် ဆိုင်ပိတ်ဖို့သေချာသလောက်ရှိနေပြီ။ ကျွန်တော်ဆိုင်ခုံကိုလျှောက်သွားတော့ ဦးမျိုးက အပ်မယ့်စာအုပ်တွေလက်ခံယူပြီး စာအုပ်ရွေးဖို့ ဖယောင်းတိုင်တစ်တိုင်မီးညှိပေးတယ်။ သူမီးညှိနေတုန်း ကျွန်တော်လည်း " ဘယ်သူရောက်နေတာလဲ" လို့ ခပ်တိုးတိုးမေးလိုက်တယ်။ မြို့က ခပ်ကျဉ်းကျဉ်းဆိုတော့ မသိတဲ့သူရယ္မရွိပဲ အနည်းဆုံးတော့ မျက်မှန်းတန်းမိနေတာကိုး။ ဦးမျိုးက "လူသစ် ကောင်မလေးတစ်ယောက်ပဲ" တဲ့။ လူသစ်ဆိုလို့ ကျွန်တော်မျက်ခုံးပင့်သွားတယ်။ မြို့က ကောင်မလေးတွေ ရုတ်တရက်စာဖတ်လာကြတာလားလို့။
ဆိုင်ပုံစံကိုမျက်စိထဲမြင်အောင်ပြောရင် ဆိုင်အလယ်တည့်တည့်မှာ စာအုပ်စင်တစ်ခုနဲ့ ဘေးနှစ်ဖက်နံရံတွေမှာလည်း စာအုပ်တွေတင်ထားတယ်။ ဒီတော့ စာအုပ်ရွေးရင် ဘယ်ဘက်ကဖြစ်ဖြစ် တစ်ပတ်ပတ်လိုက်ရုံပဲ။ ကျွန်တော်ကတော့ ကာတွန်းစာအုပ်တွေထားတဲ့ဘက်ကနေ စပတ်လိုက်တယ်။ အလယ်စင်ကိုလည်း တစ်ချက်ကြည့်တယ်။ ကျန်တဲ့ဘက်ခြမ်းမှာ တစ်ခြားတစ်ယောက်ရွေးနေတာဆိုတော့ အနှောင့်အယှက်မပေးချင်တာကြေင့်လည်းပါတယ်။ မဂ္ဂဇင်းပုံနားရောက်တော့ ဟိုဘက်ခြမ်းက စာအုပ်ရွေးနေတဲ့မီးရောင်ကို အလယ်စာအုပ်စင်ရဲ့လွတ်နေတဲ့နေရာကနေမြင်နေရတယ်။ ပြီးတော့ ကောင်မလေးတစ်ယောက်ရဲ့မျက်နှာလေး။ သူ့မျက်နှာက သူကိုင်ထားတဲ့ ဖယောင်းတိုင်မီးရောင်နဲ့ မျက်စောင်းထိုးဆိုတော့ မြင်သင့်သလောက်မြင်နေရတယ်။ ဘယ်လိုပြောရမလဲ။ အဲ့ဒီ ဖျိုးဖျိုးဖျဖျမြင်ရတဲ့ပုံရိပ်လေးကိုက ချစ်စရာလေးရယ်။
ကျွန်တော်လည်း စာအုပ်ကောင်းကောင်းရွေးလို့မရတော့ဘူး။ ဆိုင်ထဲမှာ ကောင်မလေးတစ်ယောက်ရှိနေတဲ့အပြင် ချစ်စရာလည်းကောင်းနေသေးတော့ ကျွန်တော့်စိတ်ကသူ့ဆီမှာပဲရှိတယ်။ ဒါကသဘာဝကျပါတယ်။ ပြီးတော့ သူဘယ်သူလဲ၊ ဘယ်ကလဲဆိုတာလည်း စူးစမ်းချင်သေးတယ်။ ဒီမြို့က မဟုတ်တာတော့သေချာပါတယ်လေ။ စာအုပ်တွေ ဟိုကြည့်ဒီကြည့်လုပ်ရင်း သူ့အနား မယောင်မလည်နဲ့ရောက်သွားတယ်။ ကောင်မလေးက ခါးလောက်ထိရောက်နေတဲ့ဆံနွယ်ဖားဖားကြီးတွေနဲ့။ သူကေတာ့ ကျွန်တော့်ကိုတွေ့တော့ တစ်ချက်ကြည့်တယ်။ ပြီးတော့ သူ့ဘာသာစာအုပ်ဆက်ရှာနေပြန်တယ်။
ဆိုင်လျှောက်လမ်းက သိပ်မကျယ်တော့ သူ့ကိုဖြတ်သွားဖို့ " ခဏ " လို့ပြောလိုက်ရတယ်။ သူက ကိုယ်ကိုနည်းနည်းရို့ပေးတယ်။ အဲ့အချိန် သူ့ဆံနွယ်ကနေရလိုက်တဲ့ မွှေးရနံ့လေးကို ကျွန်တော်ခုထိမမေ့။ ခေါင်းလျှော်ရည်တစ်မျိုးမျိုးကြောင့်လား၊ တစ်ခုခုလိမ်းထားသလားမသိပါဘူး။ သူ့ကိုနည်းနည်းကျော်သွားမှ သူက ကျွန်တော့်ကိုလှမ်းခေါ်တယ်။
" အစ်ကို"
ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း မအူမလည်နဲ့ " ကျွန်တော်လား" လို့ပြန်မေးလိုက်တယ်။ သူရော ကျွန်တော်ရော လက်ထဲမှာဖယောင်းတိုင်တွေနဲ့ဆိုတော့ ရှေးခေတ်က မီးတိုင်တွေနဲ့စစ်သည်တွေနဲ့တောင်တူတယ်။
" ဟုတ်တယ်။ ညီမကို တာရာမင်းဝေစာအုပ်တွေ ဘယ်နားထားလဲပြောပြပါလား "
" အော် ဒီဘက် "
ကျွန်တော်လာခဲ့တဲ့ ဟိုဘက်ခြမ်းစာအုပ်စင်ဆီ သူ့ကိုခေါ်လိုက်တယ်။ တာရာမင်းဝေ၊နီကိုရဲ၊မင်းခိုက်စိုးစန်စာအုပ်တွေက အဲ့စင်ဘက်မှာကိုး။ ဆိုင်ကကျဉ်းနေတဲ့အပြင် မှောင်လည်းမှောင်နေတော့ သူလည်းနောက်ကနေ ခပ်ခွာခွာပဲလိုက်လာတယ်။ စင်ရှေ့ရောက်တော့ ကျွန်တော့်လက်ထဲက ဖယောင်းတိုင်မီးရောင်ကို တာရာမင်းဝေစာအုပ်တွေရှေ့ ပြလိုက်တယ်။
" ဒါတာရာမင်းဝေတွေ။ ကပ်လျက်က နီကိုရဲ။ အောက်ဆုံးက နတ်ရွာမိုးထင်တယ်"
" ဘယ်ဟာဖတ်ရမလဲဟင် "
" အဲ "
" အရှေ့မြို့ရိုးက မိုးရေစက်များ ဖတ်ပြီးပြီလား"
" ဟင့်အင်း။ ညီမ ပန်းခေတ်ကလမင်းနဲ့ နောက်သုံးလေးအုပ်ပဲ ဖတ်ရသေးတယ် "
ကျွန်တော်လည်း ဘာမှမပြောတော့ပဲ စာအုပ်ရှာနေလိုက်တယ်။ သူ့ဆီက ရေမွှေးနံ့က ကျွန်တော့်နားမှာ ရစ်ဝဲလို့နေတယ်။ ဆိုင်ရှင်ဦးမျိုးကတော့ အမှောင်ထဲမှာ ဒီတိုင်းကြီးထိုင်နေလေရဲ့။
ကံကောင်းချင်တော့ ကျွန်တော်ညွှန်းတဲ့စာအုပ်ကို ဘယ်သူမှ မငှားသွားဘူး။ စင်ထောင့်ဆုံးမှာ စာအုပ်လေးက ကျွန်တော်ယူမှာကိုစောင့်နေသလို ငြိမ်ကုပ်လို့။ စာအုပ်ကိုယူ၊ ဖုန်တစ်ချက်နှစ်ချက်ခါပြီး ကောင်မလေးလက်ထဲထည့်ပေးလိုက်တယ်။
" ဘာအကြောင်းလဲဟင် "
ကျွန်တော့်စိတ်ထဲနည်းနည်းကျွဲမြီးတိုသလိုဖြစ်သွားတာ ဝန်ခံရမယ်။ အမှောင်ထဲဖယောင်းတိုင်တစ်ချောင်းနဲ့ စာအုပ်ရှာနေရတဲ့အထဲ ကောင်မလေးက စကားများနေလို့။ ဒါပေမယ့်လည်း စာအုပ်ဖတ်သူတိုင်းက တစ်အုပ်အုပ်ဖတ်ခါနီးရင် ဇာတ်လမ်းအကျဉ်းသိချင်ကြတာတော့ သဘာဝပါပဲလေ။
" ကချေသည်တစ်ယောက်အကြောင်းပဲ။ ဂျူနိုဆိုတဲ့ လူသားကချေသည်နဲ့ စက်ရုပ်နဲ့ အနုပညာပြိုင်ကြတဲ့အကြောင်း။ ကျွန်တော်တော့ တော်တော်ကြိုက်တယ်။ နောက်တစ်အုပ်ယူဦးမလား "
" ရပြီ။ ညီမက တစ်နေ့တစ်အုပ်ပဲ။ အစ်ကို မယူတော့ဘူးလား "
ကောင်မလေးက ခပ်သွက်သွက်ပါပဲ။ ခုမှစတွေ့တဲ့ ယောကျာ်းလေးတစ်ယောက်နဲ့စကားအချေအတင်ပြောရဲဖို့ဆိုတာ သိပ်တော့မလွယ်လှဘူးမှတ်လား။ စကားပြောနေရင်း သူ့လက်တစ်ဖက်ကို ဖယောင်းတိုင်မီးရောင်နားမှာကပ်ပြီး မီးလှုံသလိုလုပ်နေတယ်။ အေးလို့ထင်ပါရဲ့။
" ယူမယ်။ အစ်ကိုလည်းတစ်အုပ်ပဲယူတော့မယ် "
ပြောရင်း လက်က နီကိုရဲရဲ့ "ချစ်ခြင်း၏နဂ္ဂတစ်များ"ကို ဆွဲယူလိုက်တယ်။ အမှန်က အဲ့ဒီစာအုပ်ကို ဖတ်ပြီးသားပါ။ ဘေးမှာ ကောင်မလေးတစ်ယောက်ရှိနေတော့ စိတ်နည်းနည်းကျဉ်းကျပ်တာနဲ့ တွေ့တဲ့စာအုပ်ယူလိုက်တာ။ သူက ကျွန်တော့်စာအုပ်ကိုတွေ့တော့ " အဲ့စာအုပ်ကောင်းတယ်" လို့ လျှာရှည်တော်မူနေသေးတယ်။
ပြီးတော့ ဦးမျိုးထိုင်နေတဲ့ဆိုင်ခုံဘက်ကို နှစ်ယောက်သားထွက်လာကြတယ်။ လက်ထဲကဖယောင်းတိုင်တွေက ကုန်ခါနီးနေပြီ။ သူက စောရောက်နေတော့ ကျွန်တော့်ဖယောင်းတိုင်ထက် ပိုတိုနေတယ်။ ကျွန်တော်လည်း သူ့ကိုလှည့်ကြည့်ပြီး သူ့ဖယောင်းတိုင်ကို မီးငြိမ်းလိုက်ဖို့ ပြောလိုက်တယ်။
ဦးမျိုးဆီရောက်တော့ ဖယောင်းတိုင်ကို ခုံပေါ်က နို့ဆီဘူးအလွတ်ပေါ်တင်။ ကျွန်တော့်စာအုပ်ရယ် သူ့လက်ထဲကစာအုပ်ရယ်ကိုယူပြီး ဦးမျိုးဆီ စာရင်းမှတ်ဖို့ပေးလိုက်တယ်။ မီးရောင်နဲ့အတူ ဦးမျိုးရဲ့ မျက်နှာညိုညိုကြီးကို မြင်နေရတယ်။ ကျွန်တော့်စာအုပ်ကို စာရင်းအရင်မှတ်တယ်။ ပြီးမှ ကောင်မလေးကို ကြည့်ပြီး " သမီးနာမည်" လို့မေးလိုက်တယ်။
" မြိုင် ပါရှင့်"
လှတဲ့နာမည်ပဲလို့ ကျွန်တော်တွေးမိလိုက်တယ်။ ဖြေလိုက်တဲ့ အသံလွင်လွင်လေးက ပိုလို့တောင်လှသေးတယ်။
ဦးမျိုးက စာရင်းမှတ်ပြီးတော့ စာအုပ်တွေကျွန်တော့်လက်ထဲထည့်ပေးရင်း ကောင်မလေးဘက်ကိုမေးငေါ့ပြရင်း
" နောက်ကျနေပြီ။ သူ့လိုက်ပို့ပေးလိုက်စမ်းပါကွာ။ ဒီနားက ဓနသီရိလမ်းထဲကပဲ" လို့ ပြောတယ်။ မြိုင်က " ရပါတယ်။ သမီးပြန်တတ်တယ်။ အားနာစရာကြီး" လို့ အလုအယက်ဝင်ပြောလေရဲ့။
" နောက်နေ့လာရင် စောစောလာ။ ဦးတို့မြို့က လုတာယက်တာမရှိပေမယ့် ကိုယ့်ကိုယ်ကိုဂရုစိုက်တာတော့ အကောင်းဆုံးပဲ။ ဦးလေးပြောတာ နားထောင်။ စိုးဝေက အိမ်ထိလိုက်ပို့ပေးလိုက်။ နီးနီးလေးပဲကို "
မြိုင်က တခြားဘာမှမပြောတော့ဘူး။ ကျေးဇူးတင်ပါတယ်လို့ ဦးမျိုးကို ပြောပြီး ဆိုင်အပြင်ဘက်အရင်ထွက်သွားတယ်။ ကျွန်တော်လည်း ဦးမျိုးကို နှုတ်ဆက်ပြီး စာအုပ်တွေကိုကိုင်လို့ မြိုင့်နောက်က လိုက်ခဲ့တယ်။ ဆိုင်အပြင်ရောက်မှ ဦးမျိုးက စာအုပ်စပေါ်ငွေကို နောက်အပတ်ထဲပြန်ယူဖို့လှမ်းအော်နေလို့ မြိုင်က ဟုတ် လို့ ပြန်အော်ပြောနေသေးတယ်။
ဆိုင်အပြင်ဘက်ရောက်တော့ လရောင်အောက်မှာ ငြိမ်သက်အိပ်စက်နေတဲ့ ကတ္တရာလမ်းကြီးကို မြင်နေရတယ်။ ဆိုင်က မြို့ရဲ့ မိန်းလမ်းပေါ်မှာဆိုတော့ သွားရလာရလွယ်ပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်တစ်စီးစနှစ်စီးစပဲ ဖြတ်သွားဖြတ်လာရှိတော့တယ်။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အိမ်ပြန်ဖို့ နောက်ကျတဲ့အချိန်ပဲ။
အပြင်ရောက်မှကြည့်မိတယ်။ သူဝတ်ထားတာ အနွေးထည်အဖြူရောင်လေး။ ရွှန်းစိုနေတဲ့လရောင်အောက်မှာ သူ့မျက်နှာကိုအနီးကပ်မြင်နေရတယ်။ ရာသီဥတုက တော်တော်အေးနေတော့ သူကလက်တွေကို အနွေးထည်ဘေးအိတ်တွေထဲထည့်ထားတယ်။ ကျွန်တော့်လက်ထဲမှာတော့ သူ့စာအုပ်ရယ် ကျွန်တော့်စာအုပ်ရယ်။
"ကိုစိုးဝလေား"
"ဒီမြို့က မဟုတ်ဘူးထင်တယ်"
နှစ်ယောက်လုံးဆီက စကားနှစ်ခွန်းက ပြိုင်တူထွက်သွားတယ်။ ခုမှသိတဲ့သူနှစ်ယောက်ကြား တိတ်ဆိတ်မှုကိုဖြိုခွဲဖို့ ပြိုင်တူကြိုးစားလိုက်ကြတယ်ပေါ့။ ပြီးတော့ နှစ်ယောက်လုံးရီကြတယ်။ မြိုင်ကပဲ အရင်စပြောပါတယ်။
" ညီမက ဒေါ်ချိုတို့အိမ်က။ သိလား သူတို့နဲ့"
ဒေါ်ချိုဆိုတာ ကျွန်တော်တို့နဲ့ကပ်လျက်လမ်းက ပန်းထိမ်လုပ်ငန်းလုပ်တဲ့အိမ်ပဲ။ ကျွန်တော်လည်း " တမြို့တည်းသားတွေပဲ။ ရင်းလည်းရင်းနှီးပါတယ်" လို့ ဖြေလိုက်တယ်။
" ဒေါ်ဒေါ်တို့က နောက်လ ရန်ကုန်အပြီးပြောင်းတော့မှာ။ အဲ့ဒါ မပြောင်းခင် ဒီကိုအလည်လာနေပါလားဆိုလို့။ ညီမလည်းကျောင်းမတက်ရသေးတာနဲ့ လာခဲ့လိုက္တာ။ ငယ်ငယ်တည်းက တစ်ခါမှမရောက်ဖူးလို့"
ဧည့်သည်ပဲလို့ ကျွန်တော့်စိတ်ထဲတွေးမိလိုက်တယ်။ အဲ့ခံစားချက်ကြီး ကျွန်တော်ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ ဒီမြို့လေးက နယ်မြို့လေးဆိုတော့ ဧည့်သည်ဆိုတာ သိပ်ထူးဆန်းတဲ့စကားလုံးတော့မဟုတ်ဘူး။ ခဏလာလည်ကြ။ ပြန်သွားကြ။ မြို့က အရင်အတိုင်း သူ့မြို့သားတွေနဲ့ပဲ အေးချမ်းစွာကျန်နေခဲ့။ ဒီလိုပါပဲ။ မြိုင်ကလည်း ဧည့်သည်ပါတဲ့။ မြိုင့်အသံကိုနားထောင်နေရင်း လမင်းကြီးကို တစ်ချက်ကြည့်လိုက်မိတယ်။ ကျွန်တော့်စိတ်ထဲ ဆွေးမြေ့တဲ့အငွေ့အသက်တစ်ခုကို ရနေတယ်။
" အစ်ကို့နာမည်က စိုးဝေပါ။ ဒီကပဲ။ ဒေါ်ချိုတို့က ဓနသီရိလမ်း။ အစ်ကိုက ဓနသုခလမ်းထဲက။ ဒါနဲ့ မြိုင်အပြင်ထွက်တာ နောက်ကျတယ်နော်။ နည်းနည်းစောလာသင့်တယ်။ ဒီလမ်းက နောက်ကျရင် လူပြတ်တယ်။"
မြိုင်က ကလေးတစ်ယောက်လို လျှာလေးတစ်လစ်ထုတ်ပြီး ပြောင်ပြတယ်။ ပြီးမှ
" အစ်ကို အသက်ဘယ်လောက်လဲ" လို့ မေးတယ်။
"၁၇။ ခုမှ First year တက်မှာ။ ကျောင်းကတော့ ဒီက ....တက္ကသိုလ်မှာပဲ။ ညီမေရာ"
"ဟယ်။ ညီမလည်း ခုမှ First yearပဲ။ ဒါပေမယ့် ၁၆ပဲ ရှိသေးတယ်။ ရန်ကုန်မှာ အီကိုလျှောက်ထားတယ်။ "
"အစ်ကိုက ဆယ်တန်းတစ်နှစ်ကျလို့လေ"
" အော်"
စကားခဏရပ်ပြီး မြိုင့်အိမ်ဆီသွားမယ့်အတွင်းလမ်းကို ချိုးဝင်လိုက်ကြတယ်။ လမ်းထိပ်က သစ်ပင်ကြီးအောက်တော့ သစ်ရွက်တွေဆီကပြုတ်ကျလာတဲ့နှင်းရည်တွေကြောင့် ကျွန်တော့်ဆံပင်တွေအေးသွားတာပဲ။ မြိုင်ကတော့ သူ့အိမ်ရောက်တဲ့အထိ တာရာမင်းဝေစာအုပ်အကြောင်းပြောနေလေတယ်။ ကျွန်တော်က စကားထောက်ပေးရုံပဲ။ အိမ်ရောက်ခါနီးမှ မြိုင်က တစ်ခုခုကိုသတိရသလိုနဲ့ ရုတ်တရက်ပြောလိုက်တယ်။
"အစ်ကို နက်ဖန်စာအုပ်ဆိုင်သွားဦးမှာလား။ ညီမလာခဲ့မယ်။ ဒီမှာ တစ်ခြားအသိလည်းရှိတာမဟုတ်။ ဒေါ်ဒေါ်တို့ကို အစ်ကို့နာမည်ပြောလိုက်ရင်လည်း လွှတ်မှာပါ"
"အင်း။ လွှတ်ပါတယ်။ ဒါပေမယ့် အစ်ကိုက ဆိုင်သွားတာ အချိန်မမှန်ဘူး။ လက်ဖက်ရည်ဆိုင်ကပြန်မှ အေးဆေးသွားနေကျမို့"
"ရတယ်လေ။ အစ်ကို့မှာ ဖုန်းရှိလား"
အဲ့ဒီစကားက အခုဆိုရင်တော့ စိတ်ဆိုးစရာပဲ။ နှိမ်သလိုလိုဘာလိုလို။ ၂၀၁၀ လောက်ကတော့ ဖုန်းတွေက ရှားကရှားနဲ့။ ကျွန်တော့်မှာတော့ ကံကောင်းထောက်မစွာနဲ့ အဖေဝယ်ပေးထားတဲ့ ကီးပတ်ဖုန်းလေးရှိနေပါတယ်။
" ရှိတယ်။ ညီမနံပါတ်ပြောထားလိုက်။ အစ္ကိုညက် မနက်ဖန်စာအုပ်ဆိုင်သွားမယ့်အချိန်ကို Messageပို့ထားလိုက်မယ်။"
"အိုကေ။ 09.....361"
မြိုင်က ဖုန်းနံပါတ်ကို နှစ်ခါတိတိရွတ်ပြနေတယ်။ ကျွန်တော်လည်း ဘောပင်မပါလို့ စိတ်နဲ့ပဲ မှတ်မိအောင်မှတ်ရတယ်။ ခဏေနေတာ့ ဒေါ်ချိုတို့အိမ်ရှေ့ရောက်တယ်။ မြိုင်က ကျွန်တော့်လက်ထဲက သူ့စာအုပ်ကိုတောင်းယူပြီး ကျေးဇူးတင်ပါတယ် ပြောလို့ အိမ်ထဲဝင်သွားတယ်။ ကျွန်တော်လည်း အိမ်ပြန်ခဲ့တယ်။
အိမ်ရောက်တော့ အခန်းထဲပြေးပြီး မြိုင့်ဖုန်းနံပါတ်ကိုမမေ့အောင် ချရေးရတယ်။ အိမ်မှာ အင်ဗာတာနဲ့ထွန်းတဲ့လျှပ်စစ်မီးလေးရှိလို့ အဆင်ပြေပါတယ်။ အမေက ညစာစားဖို့ခေါ်တာနဲ့ ဝင်စားလိုက်တယ်။ အေဖကေတာ့ ခေါင်းကိုက်နေလို့ စောအိပ်သွားတယ်ပြောတယ်။ အိမ်သားက ၃ယောက်တည်းဆိုတော့ အိမ်က အေးဆေးပါပဲ။
ညစာစားပြီးတော့ အနွေးထည်အိတ်ထဲက ဖုန်းလေးကိုထုတ်ပြီး ကျွန်တော့်စိတ်တွေ ဂဏာမငြိမ်ဘူး။ မြိုင့်ဆီ တစ်ခုခုပို့ချင်နေတယ်။ ခုမှသိတဲ့မိန်းကလေးတစ်ယောက်ကို အပိုဆာဒါးတွေမပို့သင့်မှန်းလည်းစဉ်းစားမိတာမို့ ဖုန်းကိုအိပ်ရာဘေးချပြီး ငှားလာတဲ့စာအုပ်ပဲ ဖတ်နေလိုက်တယ်။
ည ၁၁နာရီထိုးတော့ စာအုပ်ဖတ်နေရာကနေ ရုတ်တရက်ကျွန်တော်ထထိုင်လိုက်မိတယ်။ စာပို့ရမှဖြစ်တော့မယ်။ စိတ်မြန်လက်မြန်ပဲ မြိုင့်ဖုန်းနံပါတ်ကိုမှတ်ထားတဲ့စာရွက်အပိုင်းလေးကိုယူ၊ ဖုန်းဖွင့်ပြီး ဖုန်းပေါ်က နံပါတ်တွေကို ဂရုတစိုက်ရိုက်ရတယ်။ ကျွန်တော်မြိုင့်ကိုပြောခဲ့တဲ့အတိုင်း နက်ဖန်စာအုပ်ဆိုင်သွားမယ့်အချိန်ကိုပဲ ပို့လိုက်တယ်။ မြိုင့်ကို အဲ့ညက ပထမဆုံးပို့တဲ့စာက
" 7p.m . See you at book shop" လို့။ ဒါလေးပါပဲ။
ပြီးတော့ စောင်အထူကြီးခြုံပြီး ကျွန်တော်အိပ်ပျော်သွားတယ်။ ၁နာရီလောက်မှ ဖုန်းမြည်သံကြားလို့ လန့်နိုးလာတော့တယ်။ မြိုင့်ဆီက စာဝင်တာ။ ဒီကောင်မလေး ခုထိမအိပ်သေးဘူးပဲ။ သူပြန်ပို့တာက "Hote. Goodnight Ako" တဲ့။ စာက ဘာမှမဟုတ်လို့ ဒေါသထွက်သလိုဖြစ်ပေမယ့် ပြန်စာရလို့ ပျော်သလိုလိုပဲ။ ဖုန်းပြချပြီးတော့ ကျွန်တော်ပြုံးနေမိတယ်။ ခဏနေတော့ ပြန်အိပ်ပျော်သွားတယ်။
(၂)
နောက်နေ့မနက်နိုးတော့ ကျွန်တော့်စိတ်တွေထူးထူးခြားခြားပျော်နေတယ်။ ညကဝယ်ထားတဲ့ကစားစရာအရုပ်လေးကို မနက်နိုးနိုးချင်းလိုက်ရှာတဲ့ကလေးတစ်ယောက်ရဲ့ ရိုးစင်းတဲ့ပျော်ရွှင်မှုလိုမျိုး မြိုင့်ကို ကျွန်တော်တွေ့ချင်နေမိတဲ့စိတ်ဟာ ပျော်စရာပါပဲ။ ချိန်းထားတာက ညမှဆိုတော့ အချိန်ကလိုနေသေးတယ်။ မျက်နှာသစ်ပြီး အပြင်သွားဖို့ဆိုင်ကယ်ထုတ်နေတုန်း အမေက မနက်စာစားသွားဖို့လှမ်းပြောနေတယ်။ ပြီးတော့ ဘယ်သွားမလို့လဲတဲ့။ ကျွန်တော်လည်း ရည်းစားနဲ့ချိန်းထားလို့ လို့အော်ပြီး အမြန်ထွက်ခဲ့တယ်။ အမေ မီးဖိုထဲကနေ လှမ်းပြီးကျိန်ဆဲနေလောက်တယ်။
ထွက်သာထွက်လာရတယ်။ ဘယ်သွားရမှန်းမသိတာနဲ့ ဒေါ်ချိုတို့အိမ်ရှိတဲ့လမ်းထဲချိုးဝင်လိုက်မိတယ်။ မြိုင့်အရိပ်အယောင်လေးတွေ့ရလိုတွေ့ရငြားပေါ့လေ။ ကံကောင်းတယ်ပြောရမယ်။ မြိုင်က မျက်နှာသစ်ဖို့အိမ်အောက်ကိုဆင်းလာတာနဲ့တွေ့တယ်။ ညက လရောင်အောက်မှာမြင်ခဲ့ရတဲ့ မြိုင့်မျက်နှာလေးဟာ မနက်ခင်းအလင်းရောင်နဲ့တွေ့ရတော့လည်း ကြည်လင်နေလိုက်တာ။ စမ်းချောင်းရေတိမ်မှာ ရေကြည်လွန်းလို့ ငါးလေးတွေ လူးလာနေတာမြင်ရသလိုမျိုး မြိုင့်မျက်နှာကိုမြင်ရတာ အေးချမ်းမှုတစ်မျိုးပဲ။ မြိုင်က အသားဖြူတယ်။ ခန္ဓာကိုယ်က ခပ်သေးသေးမို့ လက်တွေကလည်း သေးသေးသွယ်သွယ်နဲ့။ အကောင်သေးသေးလေးကို ဆံပင်ခါးလယ်လောက်ထိရောက်နေတော့ သူ့ပုံစံက လူကြီးပေါက်စတစ်ယောက်နဲ့တူသား။ မြိုင်ကတော့ ကျွန်တော့်ကိုတွေ့မယ်မထင်ပါဘူး။ ဆိုင်ကယ်နဲ့ခဏဖြတ်သွားတုန်းတွေ့ရတဲ့မြိုင့်ပုံရိပ်ကို အမြန်ဖမ်းယူလိုက်တာဆိုတော့။ ဒါပေမယ့် အဲ့လောက်လေးဟာ ကျွန်တော့်အတွက် သူနဲ့တွေ့ရမယ့် ညအထိစောင့်ဖို့လုံလောက်သွားပါတယ်။
ညနေစောင်းတော့ ကျွန်တော့်မှာ ထိုင်မရထိုင်မရဖြစ်လာပြန်တယ်။ ၇နာရီမထိုးခင် မြိုင့်အိမ်ပဲသွားခေါ်ရမလို။ စာအုပ်ဆိုင်ကပဲ စောင့်ရမလိုနဲ့။ အိမ်သွားခေါ်ဖို့က အတင့်ရဲရာကျလွန်းတယ်ဆိုတော့ အဲ့စိတ်ကူးကိုမေ့လိုက်ရတယ်။ ဦးမျိုးဆိုင်မှာပဲ စကားစမြည်ပြောရင်း စောင့်တော့မယ်ပေါ့လေ။ မနေ့ကမှစတွေ့တဲ့ကောင်မလေးတစ်ယောက်ကို ဘယ်နှယ့်ကြောင့် ကျွန်တော်အဲ့လောက်စိတ်ယိုင်နေလဲမသိတော့ပါဘူး။ ဒါပေမယ့် လူဟာ ခံစားချက်နောက်ကို လိုက်သွားတတ်တာ သဘာဝပါပဲ။
၆ နာရီခွဲလောက် ဦးမျိုးဆိုင်ရောက်သွားတော့ မီးလာနေတယ်။ ဦးမျိုးက မီးလာပြီဆိုရင် ဆိုင်ထဲမှာ တရုတ်လုပ်ဆောင်းဘောက်အသေးလေးနဲ့ သူကြိုက်တဲ့သီချင်းတွေဖွင့်ထားတတ်တယ်။ ကျွန်တော်ရောက်သွားတော့ ဦးခင်မောင်တိုးရဲ့ လွမ်း သီချင်းကိုဖွင့်ထားပြီး စာအုပ်ဖတ်ရင်း လိုက်ညည်းနေလေရဲ့။ ကျွန်တော့်ကိုတွေ့တော့ " စောလှချည်လား "တဲ့။ ကျွန်တော်လည်း သူ့ရှေ့ကခုံမှာ ဝင်ထိုင်လိုက်တယ်။
" မနေ့က ကောင်မလေးနဲ့ ချိန်းထားလို့ "
ပြောချင်တာပြောပြီးမှ ကိုယ့်စကားနဲ့ကို မလုံမလဲဖြစ်သွားရတယ်။ ဦးမျိူးဘာမှမပြောပေမယ့် ကိုယ့်ဟာကိုပြန်ဖာနေမိတယ်။
" ချိန်းထားတယ်ဆိုတာ သူကတခြားအသိမရှိလို့။ မနေ့ကလာတာလည်းနောက်ကျနေတော့ စောစောလာပြီး စာအုပ်ဆိုင်ကနေ အိမ်ပြန်ပို့ပေးဖို့ပါ "
စကားဆုံးလို့ ဦးမျိုးကို မော့ကြည့်လိုက်တော့ ပြုံးဖြီးဖြီးကြီးလုပ်နေတယ်။ သူ့အပြုံးကို ကျွန်တော်သိသားပဲ။ ဒါပေမယ့်ပြုံးရုံနဲ့မပြီးဘူး။ သူက ကျွန်တော့်ကိုပြီတီတီကြည့်ပြီး
" ငါသဘောပေါက်ပါတယ် ကောင်လေးရာ" တဲ့။ ကျွန်တော်ပိုပြီး အိုးတိုးအမ်းတမ်းဖြစ်သွားရတယ်။ ပြန်ပြောလည်း မထူးမှာမို့ " ဟာဗျာ" လို့ပြောရင်း ရီပဲရီနေလိုက်တော့တယ်။ ဦးမျိုးက သီချင်းပြောင်းလိုက်တယ်။ တီးလုံးသံထွက်လာတော့ ကျွန်တော့်ကို ကြည့်နေတယ်။
ဖွင့်လိုက်တာက ဦးတိုးရဲ့ တပြည်သူမရွှေထားသီးချင်းလေ။ ကျွန်တော့်ကို သက်သက်ကျပ်လိုက်တာ။ ကျွန်တော်လည်းမသိချင်ယောင်ဆောင်ပြီး ဆိုင်ခုံပေါ်က ဖယောင်းချပ်တွေကို လက်သည်းနဲ့ထိုးခွာနေရတယ်။ မြိုင်ကလည်း ကြာလိုက်တာ။
သီချင်းအလယ်လောက်ရောက်တော့ ဆိုင်ထဲကို မြိုင်ဝင်လာပါတယ်။ ကျွန်တော်ကတော့ ဦးမျိုးစမှာကို လန့်နေတယ်။ မြိုင်ဝင်လာတော့လည်း အေးဆေးပါပဲ။ စာအုပ်တွေအကြောင်းပြောရင်း ငှားမယ့်စာအုပ်တွေရွေးနေလိုက်ကြတယ်။ ကျွန်တော်က သုံးရက်စာ သုံးအုပ်ယူတယ်။ မြိုင်လည်း သုံးအုပ်ပဲ။ စာအုပ်ဆိုင်က ညတိုင်းလာနေလို့ရပေမယ့် မီးပျက်ရင် သိပ်အဆင်မပြေလို့။ ဆိုင်ပြင်ပြန်ထွက်လာတော့မှ သီချင်းသံမရှိတော့ပဲ တပြည်သူမရွှေထားသီချင်းစာသားတွေကို ခပ်ကျယ်ကျယ်အော်ဆိုလိုက်တဲ့ ဦးမျိုးရဲ့ အသံကိုကြားရတော့တယ်။
" တပြည်သူမရွှေထားရေ။ တွယ်တာရပါသည်ကောလေ"
မြိုင်ကတော့ မသိဘူးထင်ပါရဲ့။ ကျွန်တော်ကတော့ မျက်နှာကို လမ်းဖက်လွှဲပြီး ပြုံးနေလိုက်ရတယ်။
အဲ့ဒီနေ့က အိမ်ပြန်တော့ မြိုင်က နောက်ရက်ကျရင် သူတည်းနေတဲ့ ဒေါ်ချိုတို့အိမ်လာခဲ့ဖို့ခေါ်တယ်။ ဒေါ်ချိုက မြိုင့်ကို ကျွန်တော့်လက်ထဲ အပ်ဖို့တဲ့။ ကျွန်တော်လည်း လာခဲ့မယ်လို့ပြောလိုက်တယ်။
အဲ့ဒီညက ကျွန်တော်အိပ်မပျော်ဘူး။
( ၃ )
နောက်ရက်တွေမှာတော့ ကျွန်တော်ဟာ မြိုင့်ရဲ့ အုပ်ထိန်းသူတစ်ပိုင်းဖြစ်သွားပါတယ်။ ငယ်ငယ်တည်းက ရင်းနှီးခဲ့တဲ့ဒေါ်ချိုက သူ့တူမမြိုင်ကို ကျွန်တော့်လက်ထဲအပ်ပါတယ်။ ဒီမြို့မှာရှိနေတုန်း စောင့်ရှောက်ပေးဖို့ပေါ့။ ကျွန်တော်လည်း ဝမ်းမြောက်ဝမ်းသာပဲ လက်ခံခဲ့ပါတယ်။ ဒေါ်ချိုနဲ့စကားပြောနေတုန်း မြိုင်က ဧည့်ခန်းထဲမှာ စာအုပ်ဖတ်နေလေရဲ့။ ဘယ်ချိန်ကြည့်ကြည့် ၁၆နှစ်အပျိုပေါက်လေးလို့ မထင်ရဘဲ ရင့်ကျက်တဲ့အလှနဲ့မြိုင့်ကို ကျွန်တော်ခိုးကြည့်နေမိတယ်။
အဲ့ဒီနောက်ရက်တွေကတော့ ပျော်စရာအတိပဲ။ မြိုင်သွားချင်တဲ့မြို့ကနေရာတွေကို ကျွန်တော်လိုက်ပို့ဖြစ်တယ်။ ညနေခင်းလေညင်းတွေတဖျတ်ဖျတ်တိုက်နေတဲ့အချိန် မြိုင့်ဆံနွယ်တွေလေထဲလွင့်နေတာ သိပ်လှတာပဲ။ မြိုင်က စကားပြောဆိုစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့သွက်သွက်လက်လက်ပဲပြောတတ်တယ်။ ဒီတော့ နှစ်ယောက်ကြားမှာ ပြောဆိုရတာ သက်တောင့်သက်သာရှိတယ်ပြောရမယ်။ မြိုင့်အကြောင်း၊ မြိုင့်မိသားစုအကြောင်း။ ကျွန်တော်တို့အဓိကပြောဖြစ်တာကတော့ ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်းပါပဲ။
လူတိုင်းမှာ စိတ်ကူးထဲကဖူးစာဖက်ဆိုတာမျိုး စိတ်ကူးယဉ်မှုမျိုးရှိဖူးကြတယ်မှတ်လား။ အဲ့ဒီတုန်းက ၁၇နှစ်အရွယ် ကျွန်တော့်အတွက်လည်း အဲ့လိုစိတ်ကူးယဉ်မှုမျိုးရှိတယ်။ ကျွန်တော်စိတ်ကူးယဉ်တာကတော့ စာအုပ်ဖတ်တဲ့မိန်းကလေးမျိူး။ စာအုပ်တွေအကြောင်းအတူပြောလို့ရမယ့် မိန်းကလေးမျိုး။ အဲ လှလည်းလှရမှာပေါ့လေ။ အဲ့စိတ်ကူးက အခုအချိန်မှာ ကလေးဆန်ပေမယ့် အဲ့ဒီတုန်းက ကျွန်တော့်ဘဝထဲကိုမြိုင်ရောက်လာချိန်မှာတော့ ရူးလောက်စရာဖြစ်ခဲ့တယ်။
လူတစ်ယောက်က လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာ စဖြစ်လာလဲမသိဘူး။ ကျွန်တော့်ရဲ့ မြိုင့်အပေါ်စိတ်ခံစားချက်ကတော့ အနေနီးရုံသက်သက်မဟုတ်ခဲ့တာသေချာတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ မြိုင့်ကိုခေါ်လာပြီး ကမ်းနားကိုမေးတင်ထားတဲ့လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖူးတယ်။ ဒါကတော့ မြိုင်တစ်ယောက်တည်းကြောင်တောင်တောင်ဖြစ်မနေအောင် ကျွန်တော့်သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေးထားတာ။ ပြီးတော့ ဘုရားသွားတယ်။ ဦးမျိုးစာအုပ်ဆိုင်ကို အခေါက်ပေါင်းများစွာရောက်တယ်။ ဒါပေမယ့် အဲ့အချိန်တွေအားလုံးမှာ ကျွန်တော်မြိုင့်ကို ညီမရင်းချာတစ်ယောက်လို အနွေးထွေးဆုံးစောင့်ရှောက်ခဲ့တယ်။ ကိုယ့်လက်ထဲခဏရောက်နေတဲ့ ငှက်ကလေး ခလုပ်မထိဆူးမငြိပဲ နေရပ်ပြန်သွားဖို့သာ ကျွန်တော်ဆန္ဒရှိခဲ့တယ်။
တစ်ဖက်မှာလည်း မြိုင့်ကို ကျွန်တော် သံယောဇဉ်ရှိနေတာ ဝန်ခံရမယ်။ အဲ့ထက်ပိုတာက လေးစားမှုပဲ။ စာအုပ်တွေနဲ့ ခံစားချက်တွေအကြောင်း ပြောကြတဲ့အခါ တလက်လက်ထနေတဲ့ မြိုင့်မျက်ဝန်းလေးတွေ။ အသက်နဲ့မလိုက်အောင် စိတ်ထားတတ်တဲ့မြိုင်ရဲ့ အမူအကျင့်။ စာရွက်တွေကို ခပ်ဖွဖွလှန်တတ်တဲ့ သူ့ရဲ့ လက်ချောင်းဖြူသွယ်သွယ်လေး။ တစ်ခါတစ်ခါ သူက ကျွန်တော့်ကိုတောင် ပြန်လွှမ်းမိုးနိုင်သေးတယ်။ ဘယ်စာအုပ်ဖတ်ဖို့၊ ဘယ်လိုဟာတွေပြင်ဖို့၊ ဘယ်လိုစိတ်ထားဖို့ စသဖြင့်။
အဲ့လို လွှမ်းမိုးနိုင်မှုကပဲ မြိုင့်ကို ကျွန်တော်အထင်ကြီးစေခဲ့တယ်။ ကျွန်တော်က တစ်ကောင်ကြွက်စာဂျပိုးဆိုတော့ ကိုယ့်လောက်သိတတ်တဲ့ကောင်မရှိလို့ မကြာခဏ သွေးနားထင်ရောက်တတ်တယ်။ မြိုင်ကတော့ ကျွန်တော့်ရဲ့အဲ့အတွေးကို ချေဖျက်လိုက်တယ်။ ကျွန်တော့်ထက်စာပိုဖတ်နိုင်၊ ဘာမာနမှမရှိပဲ ကျွန်တော့်ထက်အများကြီးပိုသိနေတဲ့ကောင်မလေးတစ်ယောက်ကို ကျွန်တော်သဘောကျမိခဲ့တာ အရိုးရှင်းဆုံးဝန်ခံချင်ပါတယ်။
အဲ့ဒီအထင်ကြီးမှုရဲ့နောက်မှာ တန်ဖိုးထားမှု၊ မေတ္တာတရားတွေပါ လိုက်ပါလာတဲ့အခါမှာတော့ ကျွန်တော်တစ်ခုခုကို စိုးရိမ်ပြီး ကြောက်လာမိတယ်။ အကြောင်းက မြိုင်ဟာ ဧည့်သည်ဆိုတာကို ကျွန်တော် မကြာခဏမေ့သွားတတ်လို့ပါပဲ။ မြိုင်နဲ့အတူရှိနေတဲ့အချိန်တိုင်းမှာ အဲ့အမှန်တရားကို မကြာခဏ ကျွန်တော်မျက်ကွယ်ပြုခဲ့မိတယ်ထင်တယ်။
( ၄ )
မြိုင်နဲ့စတွေ့တဲ့နေ့က မြိုင်က သူက ဒီမြို့ကို အဒေါ်ဖြစ်သူ ဒေါ်ချိုတို့ရန်ကုန်အပြီးမပြောင်းခင် ခဏလာလည်တာလို့ပြောခဲ့တယ်။ တကယ်တမ်းကျတော့ သူ ကျွန်တော်တို့မြို့မှာ တစ်လကျော်လောက်ကြာသွားတယ်။ ကျွန်တော်လည်း "ဘယ်နေ့ပြန်မလဲ" ဆိုတာကိုမေးဖို့ သေမလိုကြောက်နေခဲ့တာ။ မြိုင်ကလည်း အဲ့အကြောင်းတစ်ခါမှစကားမစဘူး။
ဖုန်းတွေကိုယ်စီရှိကြပေမယ့် လူတိုင်းဖုန်းမကိုင်နိုင်သေးတာတကြောင်း ၊ အင်တာနက်လိုင်းလည်း မကောင်းသေးတာတကြောင်းဖို့ ကျွန်တော်တို့အချင်းချင်း အပြင်မှာပဲ တွေ့ဖြစ်ကြတယ်။ ဖုန်းပြောဖို့လည်း လိုမှမလိုတာကိုး။ ဖုန်းထဲမှာ အပြန်အလှန်ပို့ဖြစ်တဲ့ message တွေတော့ရှိတယ်။ များသောအားဖြင့် အဂ်လိပ်လိုပါပဲ။ နက်ဖန်ဘယ်ချိန်ဘယ်ကိုလိုက်ပို့ပေးဖို့။ ငှားလာတဲ့စာအုပ်လေး လဲဖတ်ဖို့၊ အမေ့ကိုဂရုစိုက်ဖို့ စသဖြင့် အပြန်အလှန်ပြောဖြစ်တာတော့ တော်တော်များများရှိခဲ့တယ်။
အမေကလည်း ရန်ကုန်က ကောင်မလေးတစ်ယောက်နဲ့ ကျွန်တော်လျှောက်သွားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဘာမှမေးမြန်းတာမရှိဘူး။ ကျွန်တော်တောင် ဘာမှပြောစရာမလိုခင် ဒေါ်ချိုက သူ့တူမ မြိုင်ပါခေါ်လာပြီး ကျွန်တော့်ကိုကျေးဇူးတင်ကြောင်းလာပြောသွားလို့ ပိုကောင်းသွားတယ်။
ဒါပေမ့ယ် အဲ့ဒီနေ့က မြိုင်ရောက်လာတော့ ဒေါ်ချိုနဲ့အမေက ဒေါ်ချိုတို့မိသားစုရန်ကုန်ပြောင်းမယ့်အကြောင်း တခုတ်တရပြောနေကြတယ်။ တသက်လုံးမြို့မှာနေလာသူမို့ အမေစိတ်မကောင်းဖြစ်နေတာလည်း ဖြစ်သင့်ပါတယ်။ မြိုင်ကတော့ အဲ့ဒီနေ့က မျက်နှာသိပ်မကောင်းဘူး။ ဧည့်ခန်းက ခုံပေါ်မှာ အမေတို့ပြောသမျှကို ဘာမှဝင်မပြောဘဲ ထိုင်နားထောင်နေတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ။
ပြန်ခါနီးတော့ အမေက ဘယ်နေ့ရန်ကုန်ပြန်မလဲလို့ မြိုင့်ကိုမေးလိုက်တယ်။ အဲ့ခဏမှာ ကျွန်တော် ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားချင်ခဲ့တယ်သိလား။ မြိုင့်အဖြေကို ကျွန်တော်ရင်မဆိုင်ရဲခဲ့ဘူး။ ရေဒီယိုကနေ အောင်စာရင်းနားထောင်ရသလို ပြန်ဖြေမယ့်မြိုင့်အသံကို ရင်တထိတ်ထိတ်နဲ့ ကျွန်တော်စောင့်နေခဲ့တယ်။
" စနေနေ့ "
နားမထောင်ချင်ပေမယ့် ကျွန်တော့်စိတ်ဟာ မြိုင့်အဖြေကိုကြားတာနဲ့ ဘယ်နှစ်ရက်လိုသေးလဲလို့ အမြန်တွက်ချက်နေတယ်။ အခုက ဗုဒ္ဓဟူးနေ့ဆိုတော့ ကြားထဲမှာ နှစ်ရက်ပဲရှိတော့တာပေါ့။ ကျွန်တော်မြိုင့်ကို လှမ်းကြည့်လိုက်တော့ ကျွန်တော့်စိတ်ထဲ မောသွားရတယ်။
ပထမဆုံးအနေနဲ့ မြိုင့်မျက်ဝန်းတွေဟာ ကျွန်တော့်ကို ငေးကြည့်နေခဲ့တာတွေ့လိုက်ရလို့ပါပဲ။
(၅)
ကျွန်တော်စဉ်းစားထားတာက မြိုင်မပြန်ခင် ကြာသပတေး၊သောကြာနှစ်ရက်မှာ မြိုင်သွားချင်တဲ့နေရာလေးတွေ တစ်ခေါက်လောက်ထပ်ပို့ပြီး မြို့ကိုရောက်လာတဲ့ဧည့်သည်ကို အနွေးထွေးဆုံးနှုတ်ဆက်ဖို့ပါ။ ဒါပေမယ့် အဲ့လိုဖြစ်မလာခဲ့ဘူး။ မြိုင် ကျွန်တော့်ကိုရှောင်နေခဲ့တယ်။ နှစ်ရက်လုံးမြိုင့်ဆီက အဆက်အသွယ်မရဘူး။ စာတစ်စောင်တောင်မပို့ဘူး။ ကျွန်တော်ပို့ရင်လည်း ကောင်းကောင်းပြန်မပြောဘဲ အရွဲ့တိုက်နေတယ်။ မြိုင်ဘာလို့အဲ့လိုဖြစ်နေလဲ ကျွန်တော်တကယ်စဉ်းစားမရခဲ့ဘူး။
မြို့မှာနေနေတဲ့အချိန်အတွင်း မြိုင်နဲ့ကျွန်တော် တစ်ခါမှ အဆင်မပြေမဖြစ်ဖူးဘူး။ ရန်ဖြစ်ဖို့ဆို ဝေးစွ။ အခုမှရုတ်တရက် မြိုင်ဘာထဖြစ်တာလဲဆိုတာကိုနားလည်ဖို့ သောကြာတစ်ညလုံး အိပ်ယာထဲမှာ လူးလိမ့်စဉ်းစားခဲ့ရတယ်။ ကျွန်တော်ထင်တာတွေလည်းမှန်နေတယ်။
မြိုင်ပြန်မယ့် စနေနေ့နေ့မနက်မှာတော့ ကျွန်တော်သူ့အိမ်ရှေ့သွားခဲ့တယ်။ ဒေါ်ချိုက ကျွန်တော့်ကိုအိမ်ထဲဝင်ဖို့ခေါ်ပေမယ့် သွားစရာရှိလို့ပါ လို့ပြောပြီး မြိုင့်ကိုပဲ ခဏခေါ်ပေးဖို့ခွင့်တောင်းရတယ်။ မြိုင်အိမ်ထဲကထွက်လာတယ်။ သူ့မျက်လုံးတွေမို့လို့။
ဒေါ်ချိုအိမ်ထဲပြန်ဝင်သွားတော့ မြိုင်က ခြံတံခါးကိုခပ်ဖြေးဖြေးတွန်းဖွင့်ပြီး အပြင်ထွက်လာတယ်။ လမ်းကျဉ်းလေးမို့ ကျွန်တော်တို့နှစ်ယောက်အပြင် တစ်ခြားဘယ်သူမှရှိမနေဘူး။
" ဘာလို့ အစ်ကို့ကိုရှောင်နေတာလဲ "
မြိုင့်ဆီက ဘာအသံမှမကြားရဘူး။ ခေါင်းငုံ့ပြီး ကျွန်တော့်ရှေ့မှာငြိမ်ငြိမ်လေးရပ်နေတယ်။
" ဖြေစမ်းပါ ညီမရယ်။ အစ်ကို့မှာအပြစ်တစ်ခုခုရှိလို့လား။"
မြိုင်ဘာမှမပြော။
"ညီမအတွက် အစ်ကိုက အဲ့လောက်တောင်အရေးမပါလို့လား"
ပြောရင်းနဲ့ မထုံတတ်တေးလုပ်နေတဲ့မြိုင့်ကို ကျွန်တော်စိတ်တိုလာတယ်။ အသံတွေတောင်တုန်နေတယ်။ ဒါပေမယ့်။
မြိုင့်ဆီက ရှိုက်သံကြားလိုက်ရတယ်။ ခေါင်းငုံ့နေတဲ့မြိုင့်မျက်ဝန်းထဲကနေ မျက်ရည်တစ်ပေါက်ကျလာပြီး ကျွန်တော့်ခြေဖမိုးပေါ်ကို ပြုတ်ကျသွားတယ်။ ကျွန်တော်လည်း အဲ့ကျမှ မြိုင်ငိုနေတာသိသွားတယ်။ မြိုင်ဟာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေခဲ့တာ။ တစ်ခါမှ ကျွန်တော်မတွေ့ဖူးဘူး။ မြိုင့်နားထင်စပ်က ဆံပင်စတွေဟာ အဝေးကပြေးလာတဲ့လေကြောင့် တဖျတ်ဖျတ်လှုပ်ခါလို့နေတယ်။ မြိုင်ငိုနေတာတွေ့ရတဲ့ ကျွန်တော့်အတွက်လည်း ရင်ထဲမချိဘူး။
"အစ်ကို စိတ်ဖြတ်နိုင်အောင်ပါ "
မြိုင့်တုံ့ပြန်စကားကြောင့် "မြိုင်ရယ်" လို့ ကျွန်တော့်နှုတ်က ပြောလိုက်မိတယ်။ အမြဲရင့်ကျက်ခဲ့တဲ့မြိုင်ဟာ အခုတော့လည်း ကလေးတစ်ယောက်လိုပါပဲ။ ကျွန်တော်မြိုင့်ပခုံးတွေကိုကိုင်ပြီး ကျွန်တော်ကိုယ်တိုင်တောင်မယုံကြည်တဲ့စကားတွေ တတွတ်တွတ်ပြောနေခဲ့မိတယ်။
" နောက်လည်း မြိုင် လာလည်လို့ရတာပဲ"
" အစ်ကိုလည်း ဖုန်းဆက်မှာပေါ့ "
" အစ်ကိုလည်း ရန်ကုန်လာဖြစ်ဦးမှာပါ"
" အဆက်အသွယ်မပြတ်ရင် ပြီးတာပဲကို"
"ဦးမျိုးဆိုင်တော့ စာအုပ်ငှားမယ့်ဖောက်သည်တစ်ယောက်လျော့သွားပြန်ပြီပေါ့။"
နောက်ဆုံးစကားကြားတော့ မြိုင်က မျက်ရည်တွေနဲ့ပြုံးတယ်။ ပြီးမှ
" ညနေ ငါးနာရီကားနဲ့ပြန်မှာ။ အဲ့ဒါအစ်ကိုလိုက်ပို့ပါ။ ဦးမျိုးကိုလည်း ဝင်ကန်တော့ချင်သေးတယ်" တဲ့။
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။ မြိုင့်မျက်ရည်တွေကို လက်နဲ့ခပ်ဖွဖွသပ်ချလိုက်ပြီး အိမ်ထဲဝင်ဖို့ပြောလိုက်တယ်။
မြိုင်အိမ်ထဲပြန်ဝင်သွားတော့ ကျွန်တော့်စိတ်ထဲ တစ်ခုခုဆို့နေသလို လေးလံနေတာပဲ။ အဲ့ဒီတုန်းက ၂၀၁၀ လေ။ ဖုန်းအဆက်အသွယ်ဆိုတာလည်း အမြဲတမ်းဘယ်သူမှမလုပ်နိုင်ဘူး။ ဒေါ်ချိုတို့ကလည်း ရန်ကုန်ကိုအပြီးပြောင်းမှာဆိုတော့ မြိုင့်အနေနဲ့ ဒီကိုလာလည်ဖို့မရှိတော့ဘူး။ ကျွန်တော်ဆိုတာလည်း အဖေနဲ့အမေရှိနေတဲ့ဒီမြို့လေးမှာပဲ တစ်သက်လုံးနေဖြစ်မယ့်ကောင်။ အချိန်တွေကြာလာလေ ကျွန်တော်နဲ့မြိုင်နဲ့ တစ်ယောက်ကိုတစ်ယောက်မေ့သွားကြမှာ။ မြိုင် ဆိုတဲ့မိန်းကလေးဟာ ကျွန်တော့်မှတ်ဉာဏ်မှာ စာတွေအရမ်းဖတ်တဲ့'ချစ်စရာဧည့်သည်မိန်းကလေး' လို့ပဲ ကျန်နေခဲ့တော့မှာ။
ပိုဆိုးတာက ကျွန်တော်တို့နှစ်ဦးဟာ ဧည့်သည်နဲ့အိမ်ရှင်ဆိုတာကလွဲလို့ အဲ့ဒီထက်ဘာမှမပိုကြဘူး။ ကျွန်တော့်ဘက်က ပိုရင်တောင် မြိုင့်စိတ်ကို ကျွန်တော်မမြင်နိုင်ဘူး။ အဆိုးဆုံးက မြိုင့်ကို ကျွန်တော်ချစ်နေခဲ့တာပဲ။
ဒါပေမယ့် ဘယ်လိုများဖွင့်ပြောပါ့မလဲ။ ကျွန်တော်တို့က ဘယ်အထိဝေးကြမယ်ဆိုတာမှ မသိနိုင်တော့ပဲ။ မြိုင်သွားမယ့်လမ်းမှာ 'ချစ်ခြင်း' ဆိုတဲ့ကျောက်ခဲလေးကို ကျွန်တော်ဘယ်လိုပစ်မချချင်တော့ပါဘူး။ ဒါဟာ နှစ်ယောက်လုံးအတွက် အကောင်းဆုံးလမ်းပါပဲ။
(ခရီးဆုံးတဲ့အထိ အတူရှိနေမယ်ထင်ခဲ့တဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ဘဲလ်နှိပ်သံထွက်လာပြီး၊ ထင်မှတ်မထားဘဲ ကိုယ်ဆွံ့အသွားပြီး၊ ရုတ်တရက်မင်းထထွက်သွားပြီး၊ ပလက်ဖောင်းပေါ်က လူအုပ်ကြီးထဲတိုးဝင်ပျောက်ကွယ်သွားပြီး၊ နောက်တစ်နေရာမှာ မင်းပြန်တက်လာမလားလို့ ကိုယ်မျှော်နေမိပြီး၊ ရရှိနိုင်သမျှ ဝမ်းနည်းဆို့နင့်မှုအားလုံးကို တိတ်ဆိတ်စွာ ခံစားရရှိခဲ့ရပြီး၊ ကိုယ့်ရဲ့ဘေးကို တစ်ခြားသူတွေရောက်လာပြီး၊ နောက်ဆုံးတော့ ကိုယ်လည်းပဲ နောက်ထပ်ပလက်ဖောင်းတစ်ခုက လူတွေထဲမှာတိုးဝင်ရွေ့လျားခဲ့ရပြီး။ ဝေးတယ်ဆိုတာ ဒါပဲပေါ့အချစ်ရယ်။
- " နွေဦးလမ်း၊ ကံ့ကော်ပွင့်၊ ဟိုးအဝေးကြီးမှာ နှင်းတွေလွင့်လို့" မှ )
( ၆ )
ညနေလေးနာရီရောက်တော့ ဆိုင်ကယ်သော့ကိုယူပြီး မြိုင့်ဆီထွက်ခဲ့တယ်။ မြိုင်က ရန်ကုန်ကိုစောပြန်နှင့်ပြီး ဒေါ်ချိုတို့က နောက်ရက်မှ ကားကြီးတစ်စီးငှားသွားကြမှာ။ ကျွန်တော်ရောက်သွားတော့ မြိုင်က ပြုံးနေတယ်။ လတ်ဆတ်တဲ့အပြုံးမဟုတ်ပေမယ့် ဒီအချိန်မှာ မြိုင်ပြုံးနေတာပဲ ကျွန်တော်မြင်ချင်ပါတယ်။
နောက်ဆုံးအကြိမ်အနေနဲ့ ကျွန်တော့်ဆိုင်ကယ်နောက်က မြိုင်လိုက်ခဲ့တယ်။ ကားဂိတ်မှာ မြိုင်နဲ့ရင်းနှီးနေတဲ့ကျွန်တော့်သူငယ်ချင်းတွေလည်း ရောက်နေလောက်ပြီ။ လမ်းမှာ မြိုင်က ဦးမျိုးရဲ့စာအုပ်ဆိုင်ကိုဝင်ပြီး ကန်တော့တယ်။ စာအုပ်တွေလိုရင်လှမ်းမှာဖို့လည်းပြောရဲ့။ ဦးမျိုးကတော့ အချိန်မရွေး လာလည်ဖို့ ပြန်ပြောနေတယ်။ ကျွန်တော်ကတော့ သူတို့စကားသံတွေနားထောင်ရင်း ဆိုင်အပြင်ဘက်မှာပဲ စောင့်နေမိတယ်။ ကျွန်တော်ဘာကိုကြောက်နေခဲ့လဲ မသိတော့ပါဘူး။
ကားဂိတ်ရောက်တော့ မြိုင့်အထုတ်တစ်ထုတ်ချတယ်။ ကျွန်တော့်သူငယ်ချင်းတွေက မြိုင့်အတွက် ဒေသစာမုန့်ထုပ်တွေဝယ်ထားပေးကြတယ်။ မြိုင်က အားလုံးကိုနှုတ်ဆက်နေတယ်။
ကားထွက်ခါနီးတော့ သူငယ်ချင်းတွေက အလိုက်သိစွာနဲ့စောပြန်သွားကြတယ်။ မြိုင်နဲ့ကျွန်တော်ပဲ ဂိတ်ထဲက ခုံတန်းလေးထဲမှာ။ မြိုင်က ကျွန်တော့်အတွက် လက်ဆောင်အနေနဲ့ မောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေ စာအုပ်လေး ပေးတယ်။ ကျွန်တော်အခုထိ အဲ့စာအုပ်ကိုစာအုပ်စင်ရဲ့အမြင့်ဆုံးအကန့်မှာ ထားထားတုန်းပဲ။
ပြောစရာအများကြီးရှိပေမယ့် ကျွန်တော်တို့ဘာမှသိပ်မပြောဖြစ်ကြတော့ဘူး။ ရယ်စရာမောစရာတွေပဲ လျှောက်ပြောနေခဲ့တယ်။ နှုတ်ဆက်ခြင်းမှာ ပျော်ရွှင်စွာခွဲခွာရတာပျော်စရာပါလေ။ ကျွန်တော့်စိတ်ထဲက ဝမ်းနည်းမှုကို အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ခဲ့ကြတယ်ထင်တယ်။
ကားပေါ်တက်ခါနီးမှ ကျွန်တော်မြိုင့်လက်ဆွဲအိတ်ကိုဆွဲပြီးထလိုက်တယ်။ မြိုင်က ရှေ့ကနေ ကားဆီသွားနေတယ်။
"မြိုင်"
ကျွန်တော်ခေါ်လိုက်တော့ မြိုင်က လှည့်ကြည့်တယ်။ သူ့နှုတ်ခမ်းတွေပြုံးနေပေမယ့် သူ့မျက်ဝန်းတွေမှိန်ဖျော့နေတာပဲ။
"ဂရုစိုက်ပါ"
" ကျေးဇူးတင်ပါတယ်"
အဲ့စကားနှစ်ခွန်းဟာ ပြိုင်တူပဲ နှစ်ဦးလုံးဆီကနေထွက်သွားတယ်။ စတွေ့တဲ့နေ့က စာအုပ်ဆိုင်ကအထွက်မှာလည်း ဒီလိုပဲကိုး။ ဒီတိုက်ဆိုင်မှုအတွက်လည်း ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးရီလိုက်ကြတယ်။ ပြီးတော့ ကားပေါ်တက်သွားတဲ့ မြိုင့်နောက်ကျောကို ကျွန်တော်ငေးကြည့်နေမိခဲ့တယ်။
(၇)
မြိုင့်ကိုနှုတ်ဆက်ရတာ ကျွန်တော့်စိတ်ထဲ မပြည့်စုံသလိုဖြစ်နေတယ်။ ဖုန်းနဲ့နှုတ်ဆက်စကားလေးတော့ ပို့ဦးမှပဲလို့။ ဒါပေမယ့်ဘာပို့ရမှန်းမသိဘူး။ ဒီအချိန်တွေအားလုံးကို ကိုယ်စားပြုမယ့်နှုတ်ဆက်စကားလေးတစ်ခု။
ကားဂိတ်ထဲပြန်ဝင်ထိုင်နေရင်း မြိုင်နဲ့ပို့ခဲ့တဲ့ message တွေကို ပြန်ဖတ်နေမိတယ်။ ဟိုးအပေါ်ဆုံးမှာ ကျွန်တော်မြိုင့်ကို ပထမဆုံးစပို့ခဲ့တာ။
" 7 p.m.See you at bookshop " တဲ့။
တုန်ယင်နေတဲ့ကျွန်တော့်လက်တွေကိုထိန်းပြီး မြိုင့်အတွက် နှုတ်ဆက်စကားလေးတစ်စောင်ပို့လိုက်တယ်။ ကျွန်တော့်လက်တွေဟာ ကျွန်တော့်ကိုယ်စား မြိုင့်ဆီရောက်မယ့် စကားလုံးတွေကို တစ်လုံးချင်းရိုက်နေခဲ့တယ်။ ဒီစကားလုံးတွေဟာ အတူရှိခဲ့တဲ့နေ့တွေနဲ့ အမှတ်တရအားလုံးအတွက် လုံလောက်ပါတယ်။ ကျွန်တော်ပို့ခဲ့တာ
" 7 p.m. See you at the bookshop, later " လို့။
နောက်များမှ တစ်ရက်ရက် (သို့မဟုတ်) တစ်နှစ်နှစ်တော့ အစ်ကိုရှိနေမယ့် နယ်မြို့ကလေးက စာအုပ်ဆိုင်လေးမှာ ပြန်ဆုံကြတာပေါ့ မြိုင်ရာ။
ကျွန်တော်ပို့တဲ့စာတွေ့ရင် မြိုင်ငိုနေမလားမသိ။
ကျွန်တော့်အတွက်တော့ ဖုန်းစခရင်ပိတ်လိုက်တဲ့အချိန်မှာ မျက်ရည်ပူတစ်ပေါက်ပြုတ်ကျသွားတာတွေ့လိုက်ရတယ်။
( ၇)
ဒီဇင်ဘာလကြီး အိမ်အပြန်လမ်းမှာ မိုးတွေတအားရွာလို့။ ရင်ထဲဆို့နင့်ဝမ်းနည်းနေလို့။ ဆိုင်ကယ်မောင်းနေရင်း လမ်းတစ်ဖက်မှာ မိုးရေတွေဟာ လမ်းတစ်လျှောက်စီးဆင်းနေတာတွေ့ရတယ်။ မြိုင့်လိုပဲ ကျွန်တော်မမြင်ကွယ်ရာ ဟိုးအဝေးကြီးဆီကို။
အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တော့ အမေက မိုးမိနေမယ့်ကျွန်တော့်ကိုထီးတစ်ချောင်းနဲ့စောင့်နေတယ်။ ကျွန်တော်အမေ့ကိုပြေးဖက်ထားလိုက်ပြီး ကလေးတစ်ယောက်လိုငိုနေခဲ့တယ်။
-ဆပ်ရိပ်
၁၃.၄.၂၀၂၀
သင်္ကြန်အကျနေ့
ည ၇:၅၉
(Zawgyi)
the last text I sent her
(၁)
ႏႈတ္ဆက္တယ္ဆိုတာ သမားရိုးက်ျဖစ္စဥ္တစ္ခုပါပဲ။ အိမ္ျပန္ခါနီး အတူရွိေနတဲ့သူကိုႏႈတ္ဆက္ၾကတယ္။ ခရီးသြားခါနီး သက္ဆိုင္သူေတြကို ႏႈတ္ဆက္ၾကတယ္။ ဖုန္းခ်ခါနီး ႏႈတ္ဆက္ၾကတယ္။ စကားေျပာေနတဲ့သူကို အိပ္ခါနီးႏႈတ္ဆက္ၾကတယ္။ ဒါက လူတိုင္းလုပ္ေနၾကတာမွတ္လား။ ႏႈတ္ဆက္တယ္ဆိုတာ ဘာမွရႈပ္ေထြးတဲ့ကိစၥေတာ့မဟုတ္ပါဘူး။ ဟုတ္တယ္မွတ္လား။
ဒါေပမယ့္ တစ္ေယာက္ေယာက္ကို ေနာက္ဆုံးအေနနဲ႕ ႏႈတ္ဆက္ရမယ္ဆိုရင္ေရာ။ အဲ့ဒီလူနဲ႕ ေသခ်ာေပါက္ျပန္မေတြ႕ေတာ့ဖို႔မ်ားေနၿပီ။ ဥပမာအားျဖင့္ ႐ုတ္တရက္ ႏႈတ္မဆက္ပဲကြယ္လြန္သြားတဲ့ခံစားခ်က္မ်ိဳး ဘယ္သူကမွမႀကိဳက္ေလာက္ဘူးဗ်ာ။ မွာစရာရွိတာေတြမွာ။ ေက်းဇူးတင္ေၾကာင္းေလးေျပာ။ အတူရွိခဲ့တဲ့အခ်ိန္ေတြအတြက္ အသိအမွတ္ျပဳစကားေလးဆို စသျဖင့္ေပါ့။
ကြၽန္ေတာ့္အထင္ေတာ့ လူေတြမွာ တစ္ဦးနဲ႕တစ္ဦးပတ္သတ္ဆက္ႏြယ္ရခ်ိန္က အကန႔္အသတ္ရွိတယ္။ အဲ့ဒီအကန႔္အသတ္က တစ္ခ်ိဳ႕ေတြကံၾကမၼာလို႔ေျပာၾကတဲ့ အရာႀကီးက သတ္မွတ္ထားတာလည္းျဖစ္ရင္ျဖစ္မယ္။ လူေတြကိုယ္တိုင္သတ္မွတ္ၾကတာလည္းျဖစ္ရင္ျဖစ္မယ္။ ဘာပဲျဖစ္ျဖစ္ ဒီလူသားတစ္ေယာက္နဲ႕ထပ္ၿပီးေတြ႕ေနဖို႔အေၾကာင္းမရွိေတာ့ပါဘူးဆိုရင္ ႏႈတ္ဆက္တာက အေရးႀကီးတဲ့အပိုင္းပဲ။ ပိတ္ကားေတြကိုဆြဲပိတ္လိုက္ဖို႔ ဇာတ္ခုံေနာက္က ႀကိဳးေတြကိုေသခ်ာေပါက္ဆြဲခ်ဖိဳ႕လိုသလိုမ်ိဳး ႏႈတ္ဆက္စကားကလည္းဆိုကိုဆိုရေတာ့မယ္။ ဒါမွပဲ ႏွစ္ဦးႏွစ္ဖက္အတြက္ စိတ္ထဲရွင္းရွင္းေနနိုင္မယ္။ ဒါဆိုရင္ ျပသနာက ဘာေတြေျပာမလဲ။ ဘယ္လိုစကားလုံးေတြနဲ႕ ႏႈတ္ဆက္မလဲ။ အဲ့ဒါေကရာ ႏႈတ္ဆက္စကားအတြက္ တကယ္လုံေလာက္တဲ့စကားလုံးေတြလား စသျဖင့္။ တစ္ျခားသူေတြအတြက္ေတာ့မသိဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ အဲ့လိုလုပ္ရတာ အၿမဲခက္ခဲတယ္။ ခက္ခဲခဲ့တယ္ေပါ့ေလ။
၂၀၁၀ နိုဝင္ဘာလထဲမွာ ေကာင္မေလးတစ္ေယာက္နဲ႕ ကြၽန္ေတာ္ေတြ႕ခဲ့တယ္။ မနက္ခင္းေတြက ေဆာင္းရဲ႕အေငြ႕အသက္အျပည့္ အိမ္အျပင္ဘက္ထြက္လိုက္ရင္ လမ္းေပၚက အပင္ေလးေတြဟာ တစ္ညလုံးက္ထားတဲ့ ႏွင္းရည္ေတြနဲ႕ စိမ္းျမစိုစြတ္ေနတာပဲ။ ေစာေစာနိုးရင္ လမ္းေပၚမွာ ျမဴေတြဖုံးေနတာေတာင္ ျမင္ရမယ္။ ညေနနည္းနည္းေနာက္က်ၿပီဆိုရင္ ေနရထိုင္ရတာ ခ်မ္းစိမ့္စိမ့္ျဖစ္ေနတတ္ေတာ့ ညစာစားၿပီးခ်ိန္ လက္ဖက္ရည္ဆိုင္ထိုင္ၿပီး ေကာ္ဖီေလးဘာေလးေသာက္ရတာ တကယ့္အရသာပဲ။ အေငြ႕တေထာင္းေထာင္းနဲ႕ ေကာ္ဖီခါးသက္သက္ေလးရယ္ အဲ့ဒီအခ်ိန္တုန္းက လူသူသိပ္မစည္ကားေသးတဲ့ နယ္ၿမိဳ႕ကေလးရဲ႕ေဆာင္းရာသီရယ္။ ဘယ္ေလာက္ျပည့္စုံလိုက္သလဲ။
အဲ့ဒီေန႕က လက္ဖက္ရည္ဆိုင္ကေန နည္းနည္းေစာျပန္ျဖစ္တယ္။ ဆိုင္ထဲမွာနည္းနည္းေႏြးေပမယ့္ အျပင္ဘက္မွာ သိသိသာသာေအးေနၿပီ။ ကြၽန္ေတာ့္လက္တစ္ဖက္က ဝတ္ထားတဲ့ဂ်င္းအကၤ်ီေဘးအိတ္ထဲထည့္ထားတယ္။ အိတ္ထဲမွာလည္း အေဖေလာေလာလတ္လတ္ဝယ္ေပးထားတဲ့ ကီးပတ္ဖုန္းရွိေနေတာ့ လက္ကအထဲထိထည့္မရဘူး။ က်န္တဲ့လက္တစ္ဖက္ကေတာ့ အပ္ရမယ့္စာအုပ္ေတြကိုင္ထားတယ္။ ဟုတ္တယ္။ ေစာျပန္မွပဲ။ ၿမိဳ႕မွာက စာအုပ္ဆိုင္တစ္ဆိုင္ပဲရွိတယ္။ အဲ့ဒီဆိုင္ေလးက ည၈နာရီေလာက္ဆိုပိတ္ခ်င္ေနၿပီ။ စာအုပ္ငွားဖတ္တဲ့သူက ၿမိဳ႕မွာအမ်ားႀကီးမရွိေတာ့ ေစာပိတ္တာကိုလည္း အျပစ္မဆိုသာပါဘူး။
ကံေကာင္းတာက ကြၽန္ေတာ့္အိမ္ေနရာနဲ႕ လက္ဖက္ရည္ဆိုင္၊စာအုပ္ဆိုင္ေတြက သိပ္မေဝးဘူး။ အဲ့ေတာ့ ေတာ္႐ုံဆို အိမ္မွာဆိုင္ကယ္ထားခဲ့ၿပီး လမ္းပဲေလွ်ာက္ျဖစ္တာမ်ားတယ္။ ေဆာင္းတြင္းရက္ေတြဆို လက္ဖက္ရည္ဆိုင္ကေန စာအုပ္ဆိုင္ကို လမ္းေလွ်ာက္ရတာ ကြၽန္ေတာ္ႀကိဳက္တယ္။ ၿပီးရင္အိမ္ျပန္၊ ငွားလာတဲ့စာအုပ္ေလးၿပီးသေလာက္ဖတ္ၿပီး၊ ေစာင္အထူႀကီးထဲ ဝင္အိပ္ေပေတာ့ပဲ။
ကြၽန္ေတာ္ေရာက္သြားေတာ့ စာအုပ္ဆိုင္ေလးက တံခါးတစ္ခ်ပ္ပဲခပ္ဟဟဖြင့္ထားတယ္။ သိပ္မၾကာခင္ ပိတ္ေတာ့မယ့္အလားအလာေပါ့။ မီးမလာေတာ့ ဆိုင္က အျပင္ကၾကည့္တာေတာင္ေမွာင္မဲေနတာပဲ။ ၿမိဳ႕မွာ လွ်ပ္စစ္မီးက နာရီနဲ႕ေပးေနတာဆိုေတာ့ မီးပ်က္တဲ့အခ်ိန္ဆိုရင္ ဖေယာင္းတိုင္ထြန္းေန႐ုံပဲရွိတယ္။ စာအုပ္ဆိုင္မွာလည္း မီးပ်က္ေနတဲ့အခ်ိန္ ငွားတဲ့သူေရာက္လာခဲ့ရင္ ဆိုင္ရွင္ဦးမ်ိဳးက ဖေယာင္းတိုင္တစ္တိုင္ေပးတယ္။ ကိုယ့္ဘာသာ စာအုပ္ေအးေဆးေ႐ြး၊ ၿပီးရင္ ခုနကဖေယာင္းတိုင္ေလးဆီက အလင္းေရာင္နဲ႕ပဲ ငွားသြားတာေတြ စာရင္းမွတ္ေပးလိုက္တာပဲ။ ေကာင္းတာတစ္ခုက ဦးမ်ိဳးကိုယ္တိုင္က စာအုပ္တအားဖတ္တဲ့သူဆိုေတာ့ ငွားတဲ့သူအမ်ားႀကီးမရွိေပမယ့္ ဆိုင္မွာစာအုပ္အေကာင္းေတြအမ်ားႀကီးရွိတယ္။ အငွားသြက္တဲ့ကာတြန္းစာအုပ္ေလးေတြနဲ႕ တိုလီထြာလီမဂၢဇင္းေတြလည္းရတယ္။
ဆိုင္တံခါးကိုတြန္းဖြင့္လိုက္ၿပီး ဆိုင္ထဲဝင္သြားေတာ့ အထဲကစာအုပ္စင္ေတြေဘးမွာ ဖေယာင္းတိုင္မီးေရာင္ေလးရွိေနတာေတြ႕လိုက္တယ္။ ငွားတဲ့သူတစ္ေယာက္ရွိေနတယ္ေပါ့။ ထူးေတာ့ထူးဆန္းတယ္။ ကြၽန္ေတာ္က ဦးမ်ိဳးဆိုင္ရဲ႕ ေနာက္ဆုံးပိတ္အားေပးသူျဖစ္ေနက်။ ကြၽန္ေတာ္လာၿပီးရင္ ဆိုင္ပိတ္ဖို႔ေသခ်ာသေလာက္ရွိေနၿပီ။ ကြၽန္ေတာ္ဆိုင္ခုံကိုေလွ်ာက္သြားေတာ့ ဦးမ်ိဳးက အပ္မယ့္စာအုပ္ေတြလက္ခံယူၿပီး စာအုပ္ေ႐ြးဖို႔ ဖေယာင္းတိုင္တစ္တိုင္မီးညွိေပးတယ္။ သူမီးညွိေနတုန္း ကြၽန္ေတာ္လည္း " ဘယ္သူေရာက္ေနတာလဲ" လို႔ ခပ္တိုးတိုးေမးလိုက္တယ္။ ၿမိဳ႕က ခပ္က်ဥ္းက်ဥ္းဆိုေတာ့ မသိတဲ့သူရယၼ႐ြိပဲ အနည္းဆုံးေတာ့ မ်က္မွန္းတန္းမိေနတာကိုး။ ဦးမ်ိဳးက "လူသစ္ ေကာင္မေလးတစ္ေယာက္ပဲ" တဲ့။ လူသစ္ဆိုလို႔ ကြၽန္ေတာ္မ်က္ခုံးပင့္သြားတယ္။ ၿမိဳ႕က ေကာင္မေလးေတြ ႐ုတ္တရက္စာဖတ္လာၾကတာလားလို႔။
ဆိုင္ပုံစံကိုမ်က္စိထဲျမင္ေအာင္ေျပာရင္ ဆိုင္အလယ္တည့္တည့္မွာ စာအုပ္စင္တစ္ခုနဲ႕ ေဘးႏွစ္ဖက္နံရံေတြမွာလည္း စာအုပ္ေတြတင္ထားတယ္။ ဒီေတာ့ စာအုပ္ေ႐ြးရင္ ဘယ္ဘက္ကျဖစ္ျဖစ္ တစ္ပတ္ပတ္လိုက္႐ုံပဲ။ ကြၽန္ေတာ္ကေတာ့ ကာတြန္းစာအုပ္ေတြထားတဲ့ဘက္ကေန စပတ္လိုက္တယ္။ အလယ္စင္ကိုလည္း တစ္ခ်က္ၾကည့္တယ္။ က်န္တဲ့ဘက္ျခမ္းမွာ တစ္ျခားတစ္ေယာက္ေ႐ြးေနတာဆိုေတာ့ အေႏွာင့္အယွက္မေပးခ်င္တာေၾကင့္လည္းပါတယ္။ မဂၢဇင္းပုံနားေရာက္ေတာ့ ဟိုဘက္ျခမ္းက စာအုပ္ေ႐ြးေနတဲ့မီးေရာင္ကို အလယ္စာအုပ္စင္ရဲ႕လြတ္ေနတဲ့ေနရာကေနျမင္ေနရတယ္။ ၿပီးေတာ့ ေကာင္မေလးတစ္ေယာက္ရဲ႕မ်က္ႏွာေလး။ သူ႕မ်က္ႏွာက သူကိုင္ထားတဲ့ ဖေယာင္းတိုင္မီးေရာင္နဲ႕ မ်က္ေစာင္းထိုးဆိုေတာ့ ျမင္သင့္သေလာက္ျမင္ေနရတယ္။ ဘယ္လိုေျပာရမလဲ။ အဲ့ဒီ ဖ်ိဳးဖ်ိဳးဖ်ဖ်ျမင္ရတဲ့ပုံရိပ္ေလးကိုက ခ်စ္စရာေလးရယ္။
ကြၽန္ေတာ္လည္း စာအုပ္ေကာင္းေကာင္းေ႐ြးလို႔မရေတာ့ဘူး။ ဆိုင္ထဲမွာ ေကာင္မေလးတစ္ေယာက္ရွိေနတဲ့အျပင္ ခ်စ္စရာလည္းေကာင္းေနေသးေတာ့ ကြၽန္ေတာ့္စိတ္ကသူ႕ဆီမွာပဲရွိတယ္။ ဒါကသဘာဝက်ပါတယ္။ ၿပီးေတာ့ သူဘယ္သူလဲ၊ ဘယ္ကလဲဆိုတာလည္း စူးစမ္းခ်င္ေသးတယ္။ ဒီၿမိဳ႕က မဟုတ္တာေတာ့ေသခ်ာပါတယ္ေလ။ စာအုပ္ေတြ ဟိုၾကည့္ဒီၾကည့္လုပ္ရင္း သူ႕အနား မေယာင္မလည္နဲ႕ေရာက္သြားတယ္။ ေကာင္မေလးက ခါးေလာက္ထိေရာက္ေနတဲ့ဆံႏြယ္ဖားဖားႀကီးေတြနဲ႕။ သူေကတာ့ ကြၽန္ေတာ့္ကိုေတြ႕ေတာ့ တစ္ခ်က္ၾကည့္တယ္။ ၿပီးေတာ့ သူ႕ဘာသာစာအုပ္ဆက္ရွာေနျပန္တယ္။
ဆိုင္ေလွ်ာက္လမ္းက သိပ္မက်ယ္ေတာ့ သူ႕ကိုျဖတ္သြားဖို႔ " ခဏ " လို႔ေျပာလိုက္ရတယ္။ သူက ကိုယ္ကိုနည္းနည္းရို႔ေပးတယ္။ အဲ့အခ်ိန္ သူ႕ဆံႏြယ္ကေနရလိုက္တဲ့ ေမႊးရနံ႕ေလးကို ကြၽန္ေတာ္ခုထိမေမ့။ ေခါင္းေလွ်ာ္ရည္တစ္မ်ိဳးမ်ိဳးေၾကာင့္လား၊ တစ္ခုခုလိမ္းထားသလားမသိပါဘူး။ သူ႕ကိုနည္းနည္းေက်ာ္သြားမွ သူက ကြၽန္ေတာ့္ကိုလွမ္းေခၚတယ္။
" အစ္ကို"
႐ုတ္တရက္ဆိုေတာ့ ကြၽန္ေတာ္လည္း မအူမလည္နဲ႕ " ကြၽန္ေတာ္လား" လို႔ျပန္ေမးလိုက္တယ္။ သူေရာ ကြၽန္ေတာ္ေရာ လက္ထဲမွာဖေယာင္းတိုင္ေတြနဲ႕ဆိုေတာ့ ေရွးေခတ္က မီးတိုင္ေတြနဲ႕စစ္သည္ေတြနဲ႕ေတာင္တူတယ္။
" ဟုတ္တယ္။ ညီမကို တာရာမင္းေဝစာအုပ္ေတြ ဘယ္နားထားလဲေျပာျပပါလား "
" ေအာ္ ဒီဘက္ "
ကြၽန္ေတာ္လာခဲ့တဲ့ ဟိုဘက္ျခမ္းစာအုပ္စင္ဆီ သူ႕ကိုေခၚလိုက္တယ္။ တာရာမင္းေဝ၊နီကိုရဲ၊မင္းခိုက္စိုးစန္စာအုပ္ေတြက အဲ့စင္ဘက္မွာကိုး။ ဆိုင္ကက်ဥ္းေနတဲ့အျပင္ ေမွာင္လည္းေမွာင္ေနေတာ့ သူလည္းေနာက္ကေန ခပ္ခြာခြာပဲလိုက္လာတယ္။ စင္ေရွ႕ေရာက္ေတာ့ ကြၽန္ေတာ့္လက္ထဲက ဖေယာင္းတိုင္မီးေရာင္ကို တာရာမင္းေဝစာအုပ္ေတြေရွ႕ ျပလိုက္တယ္။
" ဒါတာရာမင္းေဝေတြ။ ကပ္လ်က္က နီကိုရဲ။ ေအာက္ဆုံးက နတ္႐ြာမိုးထင္တယ္"
" ဘယ္ဟာဖတ္ရမလဲဟင္ "
" အဲ "
" အေရွ႕ၿမိဳ႕ရိုးက မိုးေရစက္မ်ား ဖတ္ၿပီးၿပီလား"
" ဟင့္အင္း။ ညီမ ပန္းေခတ္ကလမင္းနဲ႕ ေနာက္သုံးေလးအုပ္ပဲ ဖတ္ရေသးတယ္ "
ကြၽန္ေတာ္လည္း ဘာမွမေျပာေတာ့ပဲ စာအုပ္ရွာေနလိုက္တယ္။ သူ႕ဆီက ေရေမႊးနံ႕က ကြၽန္ေတာ့္နားမွာ ရစ္ဝဲလို႔ေနတယ္။ ဆိုင္ရွင္ဦးမ်ိဳးကေတာ့ အေမွာင္ထဲမွာ ဒီတိုင္းႀကီးထိုင္ေနေလရဲ႕။
ကံေကာင္းခ်င္ေတာ့ ကြၽန္ေတာ္ၫႊန္းတဲ့စာအုပ္ကို ဘယ္သူမွ မငွားသြားဘူး။ စင္ေထာင့္ဆုံးမွာ စာအုပ္ေလးက ကြၽန္ေတာ္ယူမွာကိုေစာင့္ေနသလို ၿငိမ္ကုပ္လို႔။ စာအုပ္ကိုယူ၊ ဖုန္တစ္ခ်က္ႏွစ္ခ်က္ခါၿပီး ေကာင္မေလးလက္ထဲထည့္ေပးလိုက္တယ္။
" ဘာအေၾကာင္းလဲဟင္ "
ကြၽန္ေတာ့္စိတ္ထဲနည္းနည္းကြၽဲၿမီးတိုသလိုျဖစ္သြားတာ ဝန္ခံရမယ္။ အေမွာင္ထဲဖေယာင္းတိုင္တစ္ေခ်ာင္းနဲ႕ စာအုပ္ရွာေနရတဲ့အထဲ ေကာင္မေလးက စကားမ်ားေနလို႔။ ဒါေပမယ့္လည္း စာအုပ္ဖတ္သူတိုင္းက တစ္အုပ္အုပ္ဖတ္ခါနီးရင္ ဇာတ္လမ္းအက်ဥ္းသိခ်င္ၾကတာေတာ့ သဘာဝပါပဲေလ။
" ကေခ်သည္တစ္ေယာက္အေၾကာင္းပဲ။ ဂ်ဴနိုဆိုတဲ့ လူသားကေခ်သည္နဲ႕ စက္႐ုပ္နဲ႕ အႏုပညာၿပိဳင္ၾကတဲ့အေၾကာင္း။ ကြၽန္ေတာ္ေတာ့ ေတာ္ေတာ္ႀကိဳက္တယ္။ ေနာက္တစ္အုပ္ယူဦးမလား "
" ရၿပီ။ ညီမက တစ္ေန႕တစ္အုပ္ပဲ။ အစ္ကို မယူေတာ့ဘူးလား "
ေကာင္မေလးက ခပ္သြက္သြက္ပါပဲ။ ခုမွစေတြ႕တဲ့ ေယာက်ာ္းေလးတစ္ေယာက္နဲ႕စကားအေခ်အတင္ေျပာရဲဖို႔ဆိုတာ သိပ္ေတာ့မလြယ္လွဘူးမွတ္လား။ စကားေျပာေနရင္း သူ႕လက္တစ္ဖက္ကို ဖေယာင္းတိုင္မီးေရာင္နားမွာကပ္ၿပီး မီးလႈံသလိုလုပ္ေနတယ္။ ေအးလို႔ထင္ပါရဲ႕။
" ယူမယ္။ အစ္ကိုလည္းတစ္အုပ္ပဲယူေတာ့မယ္ "
ေျပာရင္း လက္က နီကိုရဲရဲ႕ "ခ်စ္ျခင္း၏နဂၢတစ္မ်ား"ကို ဆြဲယူလိုက္တယ္။ အမွန္က အဲ့ဒီစာအုပ္ကို ဖတ္ၿပီးသားပါ။ ေဘးမွာ ေကာင္မေလးတစ္ေယာက္ရွိေနေတာ့ စိတ္နည္းနည္းက်ဥ္းက်ပ္တာနဲ႕ ေတြ႕တဲ့စာအုပ္ယူလိုက္တာ။ သူက ကြၽန္ေတာ့္စာအုပ္ကိုေတြ႕ေတာ့ " အဲ့စာအုပ္ေကာင္းတယ္" လို႔ လွ်ာရွည္ေတာ္မူေနေသးတယ္။
ၿပီးေတာ့ ဦးမ်ိဳးထိုင္ေနတဲ့ဆိုင္ခုံဘက္ကို ႏွစ္ေယာက္သားထြက္လာၾကတယ္။ လက္ထဲကဖေယာင္းတိုင္ေတြက ကုန္ခါနီးေနၿပီ။ သူက ေစာေရာက္ေနေတာ့ ကြၽန္ေတာ့္ဖေယာင္းတိုင္ထက္ ပိုတိုေနတယ္။ ကြၽန္ေတာ္လည္း သူ႕ကိုလွည့္ၾကည့္ၿပီး သူ႕ဖေယာင္းတိုင္ကို မီးၿငိမ္းလိုက္ဖို႔ ေျပာလိုက္တယ္။
ဦးမ်ိဳးဆီေရာက္ေတာ့ ဖေယာင္းတိုင္ကို ခုံေပၚက နို႔ဆီဘူးအလြတ္ေပၚတင္။ ကြၽန္ေတာ့္စာအုပ္ရယ္ သူ႕လက္ထဲကစာအုပ္ရယ္ကိုယူၿပီး ဦးမ်ိဳးဆီ စာရင္းမွတ္ဖို႔ေပးလိုက္တယ္။ မီးေရာင္နဲ႕အတူ ဦးမ်ိဳးရဲ႕ မ်က္ႏွာညိုညိုႀကီးကို ျမင္ေနရတယ္။ ကြၽန္ေတာ့္စာအုပ္ကို စာရင္းအရင္မွတ္တယ္။ ၿပီးမွ ေကာင္မေလးကို ၾကည့္ၿပီး " သမီးနာမည္" လို႔ေမးလိုက္တယ္။
" ၿမိဳင္ ပါရွင့္"
လွတဲ့နာမည္ပဲလို႔ ကြၽန္ေတာ္ေတြးမိလိုက္တယ္။ ေျဖလိုက္တဲ့ အသံလြင္လြင္ေလးက ပိုလို႔ေတာင္လွေသးတယ္။
ဦးမ်ိဳးက စာရင္းမွတ္ၿပီးေတာ့ စာအုပ္ေတြကြၽန္ေတာ့္လက္ထဲထည့္ေပးရင္း ေကာင္မေလးဘက္ကိုေမးေငါ့ျပရင္း
" ေနာက္က်ေနၿပီ။ သူ႕လိုက္ပို႔ေပးလိုက္စမ္းပါကြာ။ ဒီနားက ဓနသီရိလမ္းထဲကပဲ" လို႔ ေျပာတယ္။ ၿမိဳင္က " ရပါတယ္။ သမီးျပန္တတ္တယ္။ အားနာစရာႀကီး" လို႔ အလုအယက္ဝင္ေျပာေလရဲ႕။
" ေနာက္ေန႕လာရင္ ေစာေစာလာ။ ဦးတို႔ၿမိဳ႕က လုတာယက္တာမရွိေပမယ့္ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္တာေတာ့ အေကာင္းဆုံးပဲ။ ဦးေလးေျပာတာ နားေထာင္။ စိုးေဝက အိမ္ထိလိုက္ပို႔ေပးလိုက္။ နီးနီးေလးပဲကို "
ၿမိဳင္က တျခားဘာမွမေျပာေတာ့ဘူး။ ေက်းဇူးတင္ပါတယ္လို႔ ဦးမ်ိဳးကို ေျပာၿပီး ဆိုင္အျပင္ဘက္အရင္ထြက္သြားတယ္။ ကြၽန္ေတာ္လည္း ဦးမ်ိဳးကို ႏႈတ္ဆက္ၿပီး စာအုပ္ေတြကိုကိုင္လို႔ ၿမိဳင့္ေနာက္က လိုက္ခဲ့တယ္။ ဆိုင္အျပင္ေရာက္မွ ဦးမ်ိဳးက စာအုပ္စေပၚေငြကို ေနာက္အပတ္ထဲျပန္ယူဖို႔လွမ္းေအာ္ေနလို႔ ၿမိဳင္က ဟုတ္ လို႔ ျပန္ေအာ္ေျပာေနေသးတယ္။
ဆိုင္အျပင္ဘက္ေရာက္ေတာ့ လေရာင္ေအာက္မွာ ၿငိမ္သက္အိပ္စက္ေနတဲ့ ကတၱရာလမ္းႀကီးကို ျမင္ေနရတယ္။ ဆိုင္က ၿမိဳ႕ရဲ႕ မိန္းလမ္းေပၚမွာဆိုေတာ့ သြားရလာရလြယ္ပါတယ္။ လမ္းေပၚမွာ ဆိုင္ကယ္တစ္စီးစႏွစ္စီးစပဲ ျဖတ္သြားျဖတ္လာရွိေတာ့တယ္။ မိန္းကေလးတစ္ေယာက္အတြက္ဆိုရင္ေတာ့ အိမ္ျပန္ဖို႔ ေနာက္က်တဲ့အခ်ိန္ပဲ။
အျပင္ေရာက္မွၾကည့္မိတယ္။ သူဝတ္ထားတာ အေႏြးထည္အျဖဴေရာင္ေလး။ ႐ႊန္းစိုေနတဲ့လေရာင္ေအာက္မွာ သူ႕မ်က္ႏွာကိုအနီးကပ္ျမင္ေနရတယ္။ ရာသီဥတုက ေတာ္ေတာ္ေအးေနေတာ့ သူကလက္ေတြကို အေႏြးထည္ေဘးအိတ္ေတြထဲထည့္ထားတယ္။ ကြၽန္ေတာ့္လက္ထဲမွာေတာ့ သူ႕စာအုပ္ရယ္ ကြၽန္ေတာ့္စာအုပ္ရယ္။
"ကိုစိုးဝေလား"
"ဒီၿမိဳ႕က မဟုတ္ဘူးထင္တယ္"
ႏွစ္ေယာက္လုံးဆီက စကားႏွစ္ခြန္းက ၿပိဳင္တူထြက္သြားတယ္။ ခုမွသိတဲ့သူႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈကိုၿဖိဳခြဲဖို႔ ၿပိဳင္တူႀကိဳးစားလိုက္ၾကတယ္ေပါ့။ ၿပီးေတာ့ ႏွစ္ေယာက္လုံးရီၾကတယ္။ ၿမိဳင္ကပဲ အရင္စေျပာပါတယ္။
" ညီမက ေဒၚခ်ိဳတို႔အိမ္က။ သိလား သူတို႔နဲ႕"
ေဒၚခ်ိဳဆိုတာ ကြၽန္ေတာ္တို႔နဲ႕ကပ္လ်က္လမ္းက ပန္းထိမ္လုပ္ငန္းလုပ္တဲ့အိမ္ပဲ။ ကြၽန္ေတာ္လည္း " တၿမိဳ႕တည္းသားေတြပဲ။ ရင္းလည္းရင္းႏွီးပါတယ္" လို႔ ေျဖလိုက္တယ္။
" ေဒၚေဒၚတို႔က ေနာက္လ ရန္ကုန္အၿပီးေျပာင္းေတာ့မွာ။ အဲ့ဒါ မေျပာင္းခင္ ဒီကိုအလည္လာေနပါလားဆိုလို႔။ ညီမလည္းေက်ာင္းမတက္ရေသးတာနဲ႕ လာခဲ့လိုကၱာ။ ငယ္ငယ္တည္းက တစ္ခါမွမေရာက္ဖူးလို႔"
ဧည့္သည္ပဲလို႔ ကြၽန္ေတာ့္စိတ္ထဲေတြးမိလိုက္တယ္။ အဲ့ခံစားခ်က္ႀကီး ကြၽန္ေတာ္ဘယ္တုန္းကမွ မႀကိဳက္ခဲ့ဘူး။ ဒီၿမိဳ႕ေလးက နယ္ၿမိဳ႕ေလးဆိုေတာ့ ဧည့္သည္ဆိုတာ သိပ္ထူးဆန္းတဲ့စကားလုံးေတာ့မဟုတ္ဘူး။ ခဏလာလည္ၾက။ ျပန္သြားၾက။ ၿမိဳ႕က အရင္အတိုင္း သူ႕ၿမိဳ႕သားေတြနဲ႕ပဲ ေအးခ်မ္းစြာက်န္ေနခဲ့။ ဒီလိုပါပဲ။ ၿမိဳင္ကလည္း ဧည့္သည္ပါတဲ့။ ၿမိဳင့္အသံကိုနားေထာင္ေနရင္း လမင္းႀကီးကို တစ္ခ်က္ၾကည့္လိုက္မိတယ္။ ကြၽန္ေတာ့္စိတ္ထဲ ေဆြးေျမ့တဲ့အေငြ႕အသက္တစ္ခုကို ရေနတယ္။
" အစ္ကို႔နာမည္က စိုးေဝပါ။ ဒီကပဲ။ ေဒၚခ်ိဳတို႔က ဓနသီရိလမ္း။ အစ္ကိုက ဓနသုခလမ္းထဲက။ ဒါနဲ႕ ၿမိဳင္အျပင္ထြက္တာ ေနာက္က်တယ္ေနာ္။ နည္းနည္းေစာလာသင့္တယ္။ ဒီလမ္းက ေနာက္က်ရင္ လူျပတ္တယ္။"
ၿမိဳင္က ကေလးတစ္ေယာက္လို လွ်ာေလးတစ္လစ္ထုတ္ၿပီး ေျပာင္ျပတယ္။ ၿပီးမွ
" အစ္ကို အသက္ဘယ္ေလာက္လဲ" လို႔ ေမးတယ္။
"၁၇။ ခုမွ First year တက္မွာ။ ေက်ာင္းကေတာ့ ဒီက ....တကၠသိုလ္မွာပဲ။ ညီေမရာ"
"ဟယ္။ ညီမလည္း ခုမွ First yearပဲ။ ဒါေပမယ့္ ၁၆ပဲ ရွိေသးတယ္။ ရန္ကုန္မွာ အီကိုေလွ်ာက္ထားတယ္။ "
"အစ္ကိုက ဆယ္တန္းတစ္ႏွစ္က်လိဳ႕ေလ"
" ေအာ္"
စကားခဏရပ္ၿပီး ၿမိဳင့္အိမ္ဆီသြားမယ့္အတြင္းလမ္းကို ခ်ိဳးဝင္လိုက္ၾကတယ္။ လမ္းထိပ္က သစ္ပင္ႀကီးေအာက္ေတာ့ သစ္႐ြက္ေတြဆီကျပဳတ္က်လာတဲ့ႏွင္းရည္ေတြေၾကာင့္ ကြၽန္ေတာ့္ဆံပင္ေတြေအးသြားတာပဲ။ ၿမိဳင္ကေတာ့ သူ႕အိမ္ေရာက္တဲ့အထိ တာရာမင္းေဝစာအုပ္အေၾကာင္းေျပာေနေလတယ္။ ကြၽန္ေတာ္က စကားေထာက္ေပး႐ုံပဲ။ အိမ္ေရာက္ခါနီးမွ ၿမိဳင္က တစ္ခုခုကိုသတိရသလိုနဲ႕ ႐ုတ္တရက္ေျပာလိုက္တယ္။
"အစ္ကို နက္ဖန္စာအုပ္ဆိုင္သြားဦးမွာလား။ ညီမလာခဲ့မယ္။ ဒီမွာ တစ္ျခားအသိလည္းရွိတာမဟုတ္။ ေဒၚေဒၚတို႔ကို အစ္ကို႔နာမည္ေျပာလိုက္ရင္လည္း လႊတ္မွာပါ"
"အင္း။ လႊတ္ပါတယ္။ ဒါေပမယ့္ အစ္ကိုက ဆိုင္သြားတာ အခ်ိန္မမွန္ဘူး။ လက္ဖက္ရည္ဆိုင္ကျပန္မွ ေအးေဆးသြားေနက်မိဳ႕"
"ရတယ္ေလ။ အစ္ကို႔မွာ ဖုန္းရွိလား"
အဲ့ဒီစကားက အခုဆိုရင္ေတာ့ စိတ္ဆိုးစရာပဲ။ ႏွိမ္သလိုလိုဘာလိုလို။ ၂၀၁၀ ေလာက္ကေတာ့ ဖုန္းေတြက ရွားကရွားနဲ႕။ ကြၽန္ေတာ့္မွာေတာ့ ကံေကာင္းေထာက္မစြာနဲ႕ အေဖဝယ္ေပးထားတဲ့ ကီးပတ္ဖုန္းေလးရွိေနပါတယ္။
" ရွိတယ္။ ညီမနံပါတ္ေျပာထားလိုက္။ အစၠိဳညက္ မနက္ဖန္စာအုပ္ဆိုင္သြားမယ့္အခ်ိန္ကို Messageပို႔ထားလိုက္မယ္။"
"အိုေက။ 09.....361"
ၿမိဳင္က ဖုန္းနံပါတ္ကို ႏွစ္ခါတိတိ႐ြတ္ျပေနတယ္။ ကြၽန္ေတာ္လည္း ေဘာပင္မပါလို႔ စိတ္နဲ႕ပဲ မွတ္မိေအာင္မွတ္ရတယ္။ ခေဏေနတာ့ ေဒၚခ်ိဳတို႔အိမ္ေရွ႕ေရာက္တယ္။ ၿမိဳင္က ကြၽန္ေတာ့္လက္ထဲက သူ႕စာအုပ္ကိုေတာင္းယူၿပီး ေက်းဇူးတင္ပါတယ္ ေျပာလို႔ အိမ္ထဲဝင္သြားတယ္။ ကြၽန္ေတာ္လည္း အိမ္ျပန္ခဲ့တယ္။
အိမ္ေရာက္ေတာ့ အခန္းထဲေျပးၿပီး ၿမိဳင့္ဖုန္းနံပါတ္ကိုမေမ့ေအာင္ ခ်ေရးရတယ္။ အိမ္မွာ အင္ဗာတာနဲ႕ထြန္းတဲ့လွ်ပ္စစ္မီးေလးရွိလို႔ အဆင္ေျပပါတယ္။ အေမက ညစာစားဖို႔ေခၚတာနဲ႕ ဝင္စားလိုက္တယ္။ ေအဖေကတာ့ ေခါင္းကိုက္ေနလို႔ ေစာအိပ္သြားတယ္ေျပာတယ္။ အိမ္သားက ၃ေယာက္တည္းဆိုေတာ့ အိမ္က ေအးေဆးပါပဲ။
ညစာစားၿပီးေတာ့ အေႏြးထည္အိတ္ထဲက ဖုန္းေလးကိုထုတ္ၿပီး ကြၽန္ေတာ့္စိတ္ေတြ ဂဏာမၿငိမ္ဘူး။ ၿမိဳင့္ဆီ တစ္ခုခုပို႔ခ်င္ေနတယ္။ ခုမွသိတဲ့မိန္းကေလးတစ္ေယာက္ကို အပိုဆာဒါးေတြမပို႔သင့္မွန္းလည္းစဥ္းစားမိတာမို႔ ဖုန္းကိုအိပ္ရာေဘးခ်ၿပီး ငွားလာတဲ့စာအုပ္ပဲ ဖတ္ေနလိုက္တယ္။
ည ၁၁နာရီထိုးေတာ့ စာအုပ္ဖတ္ေနရာကေန ႐ုတ္တရက္ကြၽန္ေတာ္ထထိုင္လိုက္မိတယ္။ စာပို႔ရမွျဖစ္ေတာ့မယ္။ စိတ္ျမန္လက္ျမန္ပဲ ၿမိဳင့္ဖုန္းနံပါတ္ကိုမွတ္ထားတဲ့စာ႐ြက္အပိုင္းေလးကိုယူ၊ ဖုန္းဖြင့္ၿပီး ဖုန္းေပၚက နံပါတ္ေတြကို ဂ႐ုတစိုက္ရိုက္ရတယ္။ ကြၽန္ေတာ္ၿမိဳင့္ကိုေျပာခဲ့တဲ့အတိုင္း နက္ဖန္စာအုပ္ဆိုင္သြားမယ့္အခ်ိန္ကိုပဲ ပို႔လိုက္တယ္။ ၿမိဳင့္ကို အဲ့ညက ပထမဆုံးပို႔တဲ့စာက
" 7p.m . See you at book shop" လို႔။ ဒါေလးပါပဲ။
ၿပီးေတာ့ ေစာင္အထူႀကီးၿခဳံၿပီး ကြၽန္ေတာ္အိပ္ေပ်ာ္သြားတယ္။ ၁နာရီေလာက္မွ ဖုန္းျမည္သံၾကားလို႔ လန႔္နိုးလာေတာ့တယ္။ ၿမိဳင့္ဆီက စာဝင္တာ။ ဒီေကာင္မေလး ခုထိမအိပ္ေသးဘူးပဲ။ သူျပန္ပို႔တာက "Hote. Goodnight Ako" တဲ့။ စာက ဘာမွမဟုတ္လို႔ ေဒါသထြက္သလိုျဖစ္ေပမယ့္ ျပန္စာရလို႔ ေပ်ာ္သလိုလိုပဲ။ ဖုန္းျပခ်ၿပီးေတာ့ ကြၽန္ေတာ္ၿပဳံးေနမိတယ္။ ခဏေနေတာ့ ျပန္အိပ္ေပ်ာ္သြားတယ္။
(၂)
ေနာက္ေန႕မနက္နိုးေတာ့ ကြၽန္ေတာ့္စိတ္ေတြထူးထူးျခားျခားေပ်ာ္ေနတယ္။ ညကဝယ္ထားတဲ့ကစားစရာအ႐ုပ္ေလးကို မနက္နိုးနိုးခ်င္းလိုက္ရွာတဲ့ကေလးတစ္ေယာက္ရဲ႕ ရိုးစင္းတဲ့ေပ်ာ္႐ႊင္မႈလိုမ်ိဳး ၿမိဳင့္ကို ကြၽန္ေတာ္ေတြ႕ခ်င္ေနမိတဲ့စိတ္ဟာ ေပ်ာ္စရာပါပဲ။ ခ်ိန္းထားတာက ညမွဆိုေတာ့ အခ်ိန္ကလိုေနေသးတယ္။ မ်က္ႏွာသစ္ၿပီး အျပင္သြားဖို႔ဆိုင္ကယ္ထုတ္ေနတုန္း အေမက မနက္စာစားသြားဖို႔လွမ္းေျပာေနတယ္။ ၿပီးေတာ့ ဘယ္သြားမလို႔လဲတဲ့။ ကြၽန္ေတာ္လည္း ရည္းစားနဲ႕ခ်ိန္းထားလို႔ လို႔ေအာ္ၿပီး အျမန္ထြက္ခဲ့တယ္။ အေမ မီးဖိုထဲကေန လွမ္းၿပီးက်ိန္ဆဲေနေလာက္တယ္။
ထြက္သာထြက္လာရတယ္။ ဘယ္သြားရမွန္းမသိတာနဲ႕ ေဒၚခ်ိဳတို႔အိမ္ရွိတဲ့လမ္းထဲခ်ိဳးဝင္လိုက္မိတယ္။ ၿမိဳင့္အရိပ္အေယာင္ေလးေတြ႕ရလိုေတြ႕ရျငားေပါ့ေလ။ ကံေကာင္းတယ္ေျပာရမယ္။ ၿမိဳင္က မ်က္ႏွာသစ္ဖို႔အိမ္ေအာက္ကိုဆင္းလာတာနဲ႕ေတြ႕တယ္။ ညက လေရာင္ေအာက္မွာျမင္ခဲ့ရတဲ့ ၿမိဳင့္မ်က္ႏွာေလးဟာ မနက္ခင္းအလင္းေရာင္နဲ႕ေတြ႕ရေတာ့လည္း ၾကည္လင္ေနလိုက္တာ။ စမ္းေခ်ာင္းေရတိမ္မွာ ေရၾကည္လြန္းလို႔ ငါးေလးေတြ လူးလာေနတာျမင္ရသလိုမ်ိဳး ၿမိဳင့္မ်က္ႏွာကိုျမင္ရတာ ေအးခ်မ္းမႈတစ္မ်ိဳးပဲ။ ၿမိဳင္က အသားျဖဴတယ္။ ခႏၶာကိုယ္က ခပ္ေသးေသးမို႔ လက္ေတြကလည္း ေသးေသးသြယ္သြယ္နဲ႕။ အေကာင္ေသးေသးေလးကို ဆံပင္ခါးလယ္ေလာက္ထိေရာက္ေနေတာ့ သူ႕ပုံစံက လူႀကီးေပါက္စတစ္ေယာက္နဲ႕တူသား။ ၿမိဳင္ကေတာ့ ကြၽန္ေတာ့္ကိုေတြ႕မယ္မထင္ပါဘူး။ ဆိုင္ကယ္နဲ႕ခဏျဖတ္သြားတုန္းေတြ႕ရတဲ့ၿမိဳင့္ပုံရိပ္ကို အျမန္ဖမ္းယူလိုက္တာဆိုေတာ့။ ဒါေပမယ့္ အဲ့ေလာက္ေလးဟာ ကြၽန္ေတာ့္အတြက္ သူနဲ႕ေတြ႕ရမယ့္ ညအထိေစာင့္ဖို႔လုံေလာက္သြားပါတယ္။
ညေနေစာင္းေတာ့ ကြၽန္ေတာ့္မွာ ထိုင္မရထိုင္မရျဖစ္လာျပန္တယ္။ ၇နာရီမထိုးခင္ ၿမိဳင့္အိမ္ပဲသြားေခၚရမလို။ စာအုပ္ဆိုင္ကပဲ ေစာင့္ရမလိုနဲ႕။ အိမ္သြားေခၚဖို႔က အတင့္ရဲရာက်လြန္းတယ္ဆိုေတာ့ အဲ့စိတ္ကူးကိုေမ့လိုက္ရတယ္။ ဦးမ်ိဳးဆိုင္မွာပဲ စကားစျမည္ေျပာရင္း ေစာင့္ေတာ့မယ္ေပါ့ေလ။ မေန႕ကမွစေတြ႕တဲ့ေကာင္မေလးတစ္ေယာက္ကို ဘယ္ႏွယ့္ေၾကာင့္ ကြၽန္ေတာ္အဲ့ေလာက္စိတ္ယိုင္ေနလဲမသိေတာ့ပါဘူး။ ဒါေပမယ့္ လူဟာ ခံစားခ်က္ေနာက္ကို လိုက္သြားတတ္တာ သဘာဝပါပဲ။
၆ နာရီခြဲေလာက္ ဦးမ်ိဳးဆိုင္ေရာက္သြားေတာ့ မီးလာေနတယ္။ ဦးမ်ိဳးက မီးလာၿပီဆိုရင္ ဆိုင္ထဲမွာ တ႐ုတ္လုပ္ေဆာင္းေဘာက္အေသးေလးနဲ႕ သူႀကိဳက္တဲ့သီခ်င္းေတြဖြင့္ထားတတ္တယ္။ ကြၽန္ေတာ္ေရာက္သြားေတာ့ ဦးခင္ေမာင္တိုးရဲ႕ လြမ္း သီခ်င္းကိုဖြင့္ထားၿပီး စာအုပ္ဖတ္ရင္း လိုက္ညည္းေနေလရဲ႕။ ကြၽန္ေတာ့္ကိုေတြ႕ေတာ့ " ေစာလွခ်ည္လား "တဲ့။ ကြၽန္ေတာ္လည္း သူ႕ေရွ႕ကခုံမွာ ဝင္ထိုင္လိုက္တယ္။
" မေန႕က ေကာင္မေလးနဲ႕ ခ်ိန္းထားလို႔ "
ေျပာခ်င္တာေျပာၿပီးမွ ကိုယ့္စကားနဲ႕ကို မလုံမလဲျဖစ္သြားရတယ္။ ဦးမ်ိဴးဘာမွမေျပာေပမယ့္ ကိုယ့္ဟာကိုျပန္ဖာေနမိတယ္။
" ခ်ိန္းထားတယ္ဆိုတာ သူကတျခားအသိမရွိလို႔။ မေန႕ကလာတာလည္းေနာက္က်ေနေတာ့ ေစာေစာလာၿပီး စာအုပ္ဆိုင္ကေန အိမ္ျပန္ပို႔ေပးဖို႔ပါ "
စကားဆုံးလို႔ ဦးမ်ိဳးကို ေမာ့ၾကည့္လိုက္ေတာ့ ၿပဳံးၿဖီးၿဖီးႀကီးလုပ္ေနတယ္။ သူ႕အၿပဳံးကို ကြၽန္ေတာ္သိသားပဲ။ ဒါေပမယ့္ၿပဳံး႐ုံနဲ႕မၿပီးဘူး။ သူက ကြၽန္ေတာ့္ကိုၿပီတီတီၾကည့္ၿပီး
" ငါသေဘာေပါက္ပါတယ္ ေကာင္ေလးရာ" တဲ့။ ကြၽန္ေတာ္ပိုၿပီး အိုးတိုးအမ္းတမ္းျဖစ္သြားရတယ္။ ျပန္ေျပာလည္း မထူးမွာမို႔ " ဟာဗ်ာ" လို႔ေျပာရင္း ရီပဲရီေနလိုက္ေတာ့တယ္။ ဦးမ်ိဳးက သီခ်င္းေျပာင္းလိုက္တယ္။ တီးလုံးသံထြက္လာေတာ့ ကြၽန္ေတာ့္ကို ၾကည့္ေနတယ္။
ဖြင့္လိုက္တာက ဦးတိုးရဲ႕ တျပည္သူမေ႐ႊထားသီးခ်င္းေလ။ ကြၽန္ေတာ့္ကို သက္သက္က်ပ္လိုက္တာ။ ကြၽန္ေတာ္လည္းမသိခ်င္ေယာင္ေဆာင္ၿပီး ဆိုင္ခုံေပၚက ဖေယာင္းခ်ပ္ေတြကို လက္သည္းနဲ႕ထိုးခြာေနရတယ္။ ၿမိဳင္ကလည္း ၾကာလိုက္တာ။
သီခ်င္းအလယ္ေလာက္ေရာက္ေတာ့ ဆိုင္ထဲကို ၿမိဳင္ဝင္လာပါတယ္။ ကြၽန္ေတာ္ကေတာ့ ဦးမ်ိဳးစမွာကို လန႔္ေနတယ္။ ၿမိဳင္ဝင္လာေတာ့လည္း ေအးေဆးပါပဲ။ စာအုပ္ေတြအေၾကာင္းေျပာရင္း ငွားမယ့္စာအုပ္ေတြေ႐ြးေနလိုက္ၾကတယ္။ ကြၽန္ေတာ္က သုံးရက္စာ သုံးအုပ္ယူတယ္။ ၿမိဳင္လည္း သုံးအုပ္ပဲ။ စာအုပ္ဆိုင္က ညတိုင္းလာေနလို႔ရေပမယ့္ မီးပ်က္ရင္ သိပ္အဆင္မေျပလို႔။ ဆိုင္ျပင္ျပန္ထြက္လာေတာ့မွ သီခ်င္းသံမရွိေတာ့ပဲ တျပည္သူမေ႐ႊထားသီခ်င္းစာသားေတြကို ခပ္က်ယ္က်ယ္ေအာ္ဆိုလိုက္တဲ့ ဦးမ်ိဳးရဲ႕ အသံကိုၾကားရေတာ့တယ္။
" တျပည္သူမေ႐ႊထားေရ။ တြယ္တာရပါသည္ေကာေလ"
ၿမိဳင္ကေတာ့ မသိဘူးထင္ပါရဲ႕။ ကြၽန္ေတာ္ကေတာ့ မ်က္ႏွာကို လမ္းဖက္လႊဲၿပီး ၿပဳံးေနလိုက္ရတယ္။
အဲ့ဒီေန႕က အိမ္ျပန္ေတာ့ ၿမိဳင္က ေနာက္ရက္က်ရင္ သူတည္းေနတဲ့ ေဒၚခ်ိဳတို႔အိမ္လာခဲ့ဖို႔ေခၚတယ္။ ေဒၚခ်ိဳက ၿမိဳင့္ကို ကြၽန္ေတာ့္လက္ထဲ အပ္ဖို႔တဲ့။ ကြၽန္ေတာ္လည္း လာခဲ့မယ္လို႔ေျပာလိုက္တယ္။
အဲ့ဒီညက ကြၽန္ေတာ္အိပ္မေပ်ာ္ဘူး။
( ၃ )
ေနာက္ရက္ေတြမွာေတာ့ ကြၽန္ေတာ္ဟာ ၿမိဳင့္ရဲ႕ အုပ္ထိန္းသူတစ္ပိုင္းျဖစ္သြားပါတယ္။ ငယ္ငယ္တည္းက ရင္းႏွီးခဲ့တဲ့ေဒၚခ်ိဳက သူ႕တူမၿမိဳင္ကို ကြၽန္ေတာ့္လက္ထဲအပ္ပါတယ္။ ဒီၿမိဳ႕မွာရွိေနတုန္း ေစာင့္ေရွာက္ေပးဖို႔ေပါ့။ ကြၽန္ေတာ္လည္း ဝမ္းေျမာက္ဝမ္းသာပဲ လက္ခံခဲ့ပါတယ္။ ေဒၚခ်ိဳနဲ႕စကားေျပာေနတုန္း ၿမိဳင္က ဧည့္ခန္းထဲမွာ စာအုပ္ဖတ္ေနေလရဲ႕။ ဘယ္ခ်ိန္ၾကည့္ၾကည့္ ၁၆ႏွစ္အပ်ိဳေပါက္ေလးလို႔ မထင္ရဘဲ ရင့္က်က္တဲ့အလွနဲ႕ၿမိဳင့္ကို ကြၽန္ေတာ္ခိုးၾကည့္ေနမိတယ္။
အဲ့ဒီေနာက္ရက္ေတြကေတာ့ ေပ်ာ္စရာအတိပဲ။ ၿမိဳင္သြားခ်င္တဲ့ၿမိဳ႕ကေနရာေတြကို ကြၽန္ေတာ္လိုက္ပို႔ျဖစ္တယ္။ ညေနခင္းေလညင္းေတြတဖ်တ္ဖ်တ္တိုက္ေနတဲ့အခ်ိန္ ၿမိဳင့္ဆံႏြယ္ေတြေလထဲလြင့္ေနတာ သိပ္လွတာပဲ။ ၿမိဳင္က စကားေျပာဆိုစရာရွိရင္လည္း ပြင့္ပြင့္လင္းလင္းနဲ႕သြက္သြက္လက္လက္ပဲေျပာတတ္တယ္။ ဒီေတာ့ ႏွစ္ေယာက္ၾကားမွာ ေျပာဆိုရတာ သက္ေတာင့္သက္သာရွိတယ္ေျပာရမယ္။ ၿမိဳင့္အေၾကာင္း၊ ၿမိဳင့္မိသားစုအေၾကာင္း။ ကြၽန္ေတာ္တို႔အဓိကေျပာျဖစ္တာကေတာ့ ဖတ္ျဖစ္တဲ့စာအုပ္ေတြအေၾကာင္းပါပဲ။
လူတိုင္းမွာ စိတ္ကူးထဲကဖူးစာဖက္ဆိုတာမ်ိဳး စိတ္ကူးယဥ္မႈမ်ိဳးရွိဖူးၾကတယ္မွတ္လား။ အဲ့ဒီတုန္းက ၁၇ႏွစ္အ႐ြယ္ ကြၽန္ေတာ့္အတြက္လည္း အဲ့လိုစိတ္ကူးယဥ္မႈမ်ိဳးရွိတယ္။ ကြၽန္ေတာ္စိတ္ကူးယဥ္တာကေတာ့ စာအုပ္ဖတ္တဲ့မိန္းကေလးမ်ိဴး။ စာအုပ္ေတြအေၾကာင္းအတူေျပာလို႔ရမယ့္ မိန္းကေလးမ်ိဳး။ အဲ လွလည္းလွရမွာေပါ့ေလ။ အဲ့စိတ္ကူးက အခုအခ်ိန္မွာ ကေလးဆန္ေပမယ့္ အဲ့ဒီတုန္းက ကြၽန္ေတာ့္ဘဝထဲကိုၿမိဳင္ေရာက္လာခ်ိန္မွာေတာ့ ႐ူးေလာက္စရာျဖစ္ခဲ့တယ္။
လူတစ္ေယာက္က လူတစ္ေယာက္ကို သေဘာက်တယ္ဆိုတာ ဘယ္လိုအေျခအေနမ်ိဳးမွာ စျဖစ္လာလဲမသိဘူး။ ကြၽန္ေတာ့္ရဲ႕ ၿမိဳင့္အေပၚစိတ္ခံစားခ်က္ကေတာ့ အေနနီး႐ုံသက္သက္မဟုတ္ခဲ့တာေသခ်ာတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႕အတူ ၿမိဳင့္ကိုေခၚလာၿပီး ကမ္းနားကိုေမးတင္ထားတဲ့လက္ဖက္ရည္ဆိုင္မွာ ထိုင္ဖူးတယ္။ ဒါကေတာ့ ၿမိဳင္တစ္ေယာက္တည္းေၾကာင္ေတာင္ေတာင္ျဖစ္မေနေအာင္ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႕ပါ မိတ္ဆက္ေပးထားတာ။ ၿပီးေတာ့ ဘုရားသြားတယ္။ ဦးမ်ိဳးစာအုပ္ဆိုင္ကို အေခါက္ေပါင္းမ်ားစြာေရာက္တယ္။ ဒါေပမယ့္ အဲ့အခ်ိန္ေတြအားလုံးမွာ ကြၽန္ေတာ္ၿမိဳင့္ကို ညီမရင္းခ်ာတစ္ေယာက္လို အေႏြးေထြးဆုံးေစာင့္ေရွာက္ခဲ့တယ္။ ကိုယ့္လက္ထဲခဏေရာက္ေနတဲ့ ငွက္ကေလး ခလုပ္မထိဆူးမၿငိပဲ ေနရပ္ျပန္သြားဖို႔သာ ကြၽန္ေတာ္ဆႏၵရွိခဲ့တယ္။
တစ္ဖက္မွာလည္း ၿမိဳင့္ကို ကြၽန္ေတာ္ သံေယာဇဥ္ရွိေနတာ ဝန္ခံရမယ္။ အဲ့ထက္ပိုတာက ေလးစားမႈပဲ။ စာအုပ္ေတြနဲ႕ ခံစားခ်က္ေတြအေၾကာင္း ေျပာၾကတဲ့အခါ တလက္လက္ထေနတဲ့ ၿမိဳင့္မ်က္ဝန္းေလးေတြ။ အသက္နဲ႕မလိုက္ေအာင္ စိတ္ထားတတ္တဲ့ၿမိဳင္ရဲ႕ အမူအက်င့္။ စာ႐ြက္ေတြကို ခပ္ဖြဖြလွန္တတ္တဲ့ သူ႕ရဲ႕ လက္ေခ်ာင္းျဖဴသြယ္သြယ္ေလး။ တစ္ခါတစ္ခါ သူက ကြၽန္ေတာ့္ကိုေတာင္ ျပန္လႊမ္းမိုးနိုင္ေသးတယ္။ ဘယ္စာအုပ္ဖတ္ဖို႔၊ ဘယ္လိုဟာေတြျပင္ဖို႔၊ ဘယ္လိုစိတ္ထားဖို႔ စသျဖင့္။
အဲ့လို လႊမ္းမိုးနိုင္မႈကပဲ ၿမိဳင့္ကို ကြၽန္ေတာ္အထင္ႀကီးေစခဲ့တယ္။ ကြၽန္ေတာ္က တစ္ေကာင္ႂကြက္စာဂ်ပိဳးဆိုေတာ့ ကိုယ့္ေလာက္သိတတ္တဲ့ေကာင္မရွိလို႔ မၾကာခဏ ေသြးနားထင္ေရာက္တတ္တယ္။ ၿမိဳင္ကေတာ့ ကြၽန္ေတာ့္ရဲ႕အဲ့အေတြးကို ေခ်ဖ်က္လိုက္တယ္။ ကြၽန္ေတာ့္ထက္စာပိုဖတ္နိုင္၊ ဘာမာနမွမရွိပဲ ကြၽန္ေတာ့္ထက္အမ်ားႀကီးပိုသိေနတဲ့ေကာင္မေလးတစ္ေယာက္ကို ကြၽန္ေတာ္သေဘာက်မိခဲ့တာ အရိုးရွင္းဆုံးဝန္ခံခ်င္ပါတယ္။
အဲ့ဒီအထင္ႀကီးမႈရဲ႕ေနာက္မွာ တန္ဖိုးထားမႈ၊ ေမတၱာတရားေတြပါ လိုက္ပါလာတဲ့အခါမွာေတာ့ ကြၽန္ေတာ္တစ္ခုခုကို စိုးရိမ္ၿပီး ေၾကာက္လာမိတယ္။ အေၾကာင္းက ၿမိဳင္ဟာ ဧည့္သည္ဆိုတာကို ကြၽန္ေတာ္ မၾကာခဏေမ့သြားတတ္လို႔ပါပဲ။ ၿမိဳင္နဲ႕အတူရွိေနတဲ့အခ်ိန္တိုင္းမွာ အဲ့အမွန္တရားကို မၾကာခဏ ကြၽန္ေတာ္မ်က္ကြယ္ျပဳခဲ့မိတယ္ထင္တယ္။
( ၄ )
ၿမိဳင္နဲ႕စေတြ႕တဲ့ေန႕က ၿမိဳင္က သူက ဒီၿမိဳ႕ကို အေဒၚျဖစ္သူ ေဒၚခ်ိဳတို႔ရန္ကုန္အၿပီးမေျပာင္းခင္ ခဏလာလည္တာလို႔ေျပာခဲ့တယ္။ တကယ္တမ္းက်ေတာ့ သူ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ တစ္လေက်ာ္ေလာက္ၾကာသြားတယ္။ ကြၽန္ေတာ္လည္း "ဘယ္ေန႕ျပန္မလဲ" ဆိုတာကိုေမးဖို႔ ေသမလိုေၾကာက္ေနခဲ့တာ။ ၿမိဳင္ကလည္း အဲ့အေၾကာင္းတစ္ခါမွစကားမစဘူး။
ဖုန္းေတြကိုယ္စီရွိၾကေပမယ့္ လူတိုင္းဖုန္းမကိုင္နိုင္ေသးတာတေၾကာင္း ၊ အင္တာနက္လိုင္းလည္း မေကာင္းေသးတာတေၾကာင္းဖို႔ ကြၽန္ေတာ္တို႔အခ်င္းခ်င္း အျပင္မွာပဲ ေတြ႕ျဖစ္ၾကတယ္။ ဖုန္းေျပာဖို႔လည္း လိုမွမလိုတာကိုး။ ဖုန္းထဲမွာ အျပန္အလွန္ပို႔ျဖစ္တဲ့ message ေတြေတာ့ရွိတယ္။ မ်ားေသာအားျဖင့္ အဂ္လိပ္လိုပါပဲ။ နက္ဖန္ဘယ္ခ်ိန္ဘယ္ကိုလိုက္ပို႔ေပးဖို႔။ ငွားလာတဲ့စာအုပ္ေလး လဲဖတ္ဖို႔၊ အေမ့ကိုဂ႐ုစိုက္ဖို႔ စသျဖင့္ အျပန္အလွန္ေျပာျဖစ္တာေတာ့ ေတာ္ေတာ္မ်ားမ်ားရွိခဲ့တယ္။
အေမကလည္း ရန္ကုန္က ေကာင္မေလးတစ္ေယာက္နဲ႕ ကြၽန္ေတာ္ေလွ်ာက္သြားေနတယ္ဆိုတာ သိပါတယ္။ ဒါေပမယ့္ ဘာမွေမးျမန္းတာမရွိဘူး။ ကြၽန္ေတာ္ေတာင္ ဘာမွေျပာစရာမလိုခင္ ေဒၚခ်ိဳက သူ႕တူမ ၿမိဳင္ပါေခၚလာၿပီး ကြၽန္ေတာ့္ကိုေက်းဇူးတင္ေၾကာင္းလာေျပာသြားလို႔ ပိုေကာင္းသြားတယ္။
ဒါေပမ့ယ္ အဲ့ဒီေန႕က ၿမိဳင္ေရာက္လာေတာ့ ေဒၚခ်ိဳနဲ႕အေမက ေဒၚခ်ိဳတို႔မိသားစုရန္ကုန္ေျပာင္းမယ့္အေၾကာင္း တခုတ္တရေျပာေနၾကတယ္။ တသက္လုံးၿမိဳ႕မွာေနလာသူမို႔ အေမစိတ္မေကာင္းျဖစ္ေနတာလည္း ျဖစ္သင့္ပါတယ္။ ၿမိဳင္ကေတာ့ အဲ့ဒီေန႕က မ်က္ႏွာသိပ္မေကာင္းဘူး။ ဧည့္ခန္းက ခုံေပၚမွာ အေမတို႔ေျပာသမွ်ကို ဘာမွဝင္မေျပာဘဲ ထိုင္နားေထာင္ေနတယ္။ ကြၽန္ေတာ္လည္း ထိုနည္းလည္းေကာင္းပါပဲ။
ျပန္ခါနီးေတာ့ အေမက ဘယ္ေန႕ရန္ကုန္ျပန္မလဲလို႔ ၿမိဳင့္ကိုေမးလိုက္တယ္။ အဲ့ခဏမွာ ကြၽန္ေတာ္ ကမာၻေျမေပၚကေန ေပ်ာက္ကြယ္သြားခ်င္ခဲ့တယ္သိလား။ ၿမိဳင့္အေျဖကို ကြၽန္ေတာ္ရင္မဆိုင္ရဲခဲ့ဘူး။ ေရဒီယိုကေန ေအာင္စာရင္းနားေထာင္ရသလို ျပန္ေျဖမယ့္ၿမိဳင့္အသံကို ရင္တထိတ္ထိတ္နဲ႕ ကြၽန္ေတာ္ေစာင့္ေနခဲ့တယ္။
" စေနေန႕ "
နားမေထာင္ခ်င္ေပမယ့္ ကြၽန္ေတာ့္စိတ္ဟာ ၿမိဳင့္အေျဖကိုၾကားတာနဲ႕ ဘယ္ႏွစ္ရက္လိုေသးလဲလို႔ အျမန္တြက္ခ်က္ေနတယ္။ အခုက ဗုဒၶဟူးေန႕ဆိုေတာ့ ၾကားထဲမွာ ႏွစ္ရက္ပဲရွိေတာ့တာေပါ့။ ကြၽန္ေတာ္ၿမိဳင့္ကို လွမ္းၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္စိတ္ထဲ ေမာသြားရတယ္။
ပထမဆုံးအေနနဲ႕ ၿမိဳင့္မ်က္ဝန္းေတြဟာ ကြၽန္ေတာ့္ကို ေငးၾကည့္ေနခဲ့တာေတြ႕လိုက္ရလို႔ပါပဲ။
(၅)
ကြၽန္ေတာ္စဥ္းစားထားတာက ၿမိဳင္မျပန္ခင္ ၾကာသပေတး၊ေသာၾကာႏွစ္ရက္မွာ ၿမိဳင္သြားခ်င္တဲ့ေနရာေလးေတြ တစ္ေခါက္ေလာက္ထပ္ပို႔ၿပီး ၿမိဳ႕ကိုေရာက္လာတဲ့ဧည့္သည္ကို အေႏြးေထြးဆုံးႏႈတ္ဆက္ဖို႔ပါ။ ဒါေပမယ့္ အဲ့လိုျဖစ္မလာခဲ့ဘူး။ ၿမိဳင္ ကြၽန္ေတာ့္ကိုေရွာင္ေနခဲ့တယ္။ ႏွစ္ရက္လုံးၿမိဳင့္ဆီက အဆက္အသြယ္မရဘူး။ စာတစ္ေစာင္ေတာင္မပို႔ဘူး။ ကြၽန္ေတာ္ပို႔ရင္လည္း ေကာင္းေကာင္းျပန္မေျပာဘဲ အ႐ြဲ႕တိုက္ေနတယ္။ ၿမိဳင္ဘာလို႔အဲ့လိုျဖစ္ေနလဲ ကြၽန္ေတာ္တကယ္စဥ္းစားမရခဲ့ဘူး။
ၿမိဳ႕မွာေနေနတဲ့အခ်ိန္အတြင္း ၿမိဳင္နဲ႕ကြၽန္ေတာ္ တစ္ခါမွ အဆင္မေျပမျဖစ္ဖူးဘူး။ ရန္ျဖစ္ဖို႔ဆို ေဝးစြ။ အခုမွ႐ုတ္တရက္ ၿမိဳင္ဘာထျဖစ္တာလဲဆိုတာကိုနားလည္ဖို႔ ေသာၾကာတစ္ညလုံး အိပ္ယာထဲမွာ လူးလိမ့္စဥ္းစားခဲ့ရတယ္။ ကြၽန္ေတာ္ထင္တာေတြလည္းမွန္ေနတယ္။
ၿမိဳင္ျပန္မယ့္ စေနေန႕ေန႕မနက္မွာေတာ့ ကြၽန္ေတာ္သူ႕အိမ္ေရွ႕သြားခဲ့တယ္။ ေဒၚခ်ိဳက ကြၽန္ေတာ့္ကိုအိမ္ထဲဝင္ဖို႔ေခၚေပမယ့္ သြားစရာရွိလို႔ပါ လို႔ေျပာၿပီး ၿမိဳင့္ကိုပဲ ခဏေခၚေပးဖို႔ခြင့္ေတာင္းရတယ္။ ၿမိဳင္အိမ္ထဲကထြက္လာတယ္။ သူ႕မ်က္လုံးေတြမို႔လို႔။
ေဒၚခ်ိဳအိမ္ထဲျပန္ဝင္သြားေတာ့ ၿမိဳင္က ၿခံတံခါးကိုခပ္ေျဖးေျဖးတြန္းဖြင့္ၿပီး အျပင္ထြက္လာတယ္။ လမ္းက်ဥ္းေလးမို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အျပင္ တစ္ျခားဘယ္သူမွရွိမေနဘူး။
" ဘာလို႔ အစ္ကို႔ကိုေရွာင္ေနတာလဲ "
ၿမိဳင့္ဆီက ဘာအသံမွမၾကားရဘူး။ ေခါင္းငုံ႕ၿပီး ကြၽန္ေတာ့္ေရွ႕မွာၿငိမ္ၿငိမ္ေလးရပ္ေနတယ္။
" ေျဖစမ္းပါ ညီမရယ္။ အစ္ကို႔မွာအျပစ္တစ္ခုခုရွိလို႔လား။"
ၿမိဳင္ဘာမွမေျပာ။
"ညီမအတြက္ အစ္ကိုက အဲ့ေလာက္ေတာင္အေရးမပါလို႔လား"
ေျပာရင္းနဲ႕ မထုံတတ္ေတးလုပ္ေနတဲ့ၿမိဳင့္ကို ကြၽန္ေတာ္စိတ္တိုလာတယ္။ အသံေတြေတာင္တုန္ေနတယ္။ ဒါေပမယ့္။
ၿမိဳင့္ဆီက ရွိုက္သံၾကားလိုက္ရတယ္။ ေခါင္းငုံ႕ေနတဲ့ၿမိဳင့္မ်က္ဝန္းထဲကေန မ်က္ရည္တစ္ေပါက္က်လာၿပီး ကြၽန္ေတာ့္ေျခဖမိုးေပၚကို ျပဳတ္က်သြားတယ္။ ကြၽန္ေတာ္လည္း အဲ့က်မွ ၿမိဳင္ငိုေနတာသိသြားတယ္။ ၿမိဳင္ဟာ ကေလးတစ္ေယာက္လို ရွိုက္ႀကီးတငင္ငိုေနခဲ့တာ။ တစ္ခါမွ ကြၽန္ေတာ္မေတြ႕ဖူးဘူး။ ၿမိဳင့္နားထင္စပ္က ဆံပင္စေတြဟာ အေဝးကေျပးလာတဲ့ေလေၾကာင့္ တဖ်တ္ဖ်တ္လႈပ္ခါလို႔ေနတယ္။ ၿမိဳင္ငိုေနတာေတြ႕ရတဲ့ ကြၽန္ေတာ့္အတြက္လည္း ရင္ထဲမခ်ိဘူး။
"အစ္ကို စိတ္ျဖတ္နိုင္ေအာင္ပါ "
ၿမိဳင့္တုံ႕ျပန္စကားေၾကာင့္ "ၿမိဳင္ရယ္" လို႔ ကြၽန္ေတာ့္ႏႈတ္က ေျပာလိုက္မိတယ္။ အၿမဲရင့္က်က္ခဲ့တဲ့ၿမိဳင္ဟာ အခုေတာ့လည္း ကေလးတစ္ေယာက္လိုပါပဲ။ ကြၽန္ေတာ္ၿမိဳင့္ပခုံးေတြကိုကိုင္ၿပီး ကြၽန္ေတာ္ကိုယ္တိုင္ေတာင္မယုံၾကည္တဲ့စကားေတြ တတြတ္တြတ္ေျပာေနခဲ့မိတယ္။
" ေနာက္လည္း ၿမိဳင္ လာလည္လို႔ရတာပဲ"
" အစ္ကိုလည္း ဖုန္းဆက္မွာေပါ့ "
" အစ္ကိုလည္း ရန္ကုန္လာျဖစ္ဦးမွာပါ"
" အဆက္အသြယ္မျပတ္ရင္ ၿပီးတာပဲကို"
"ဦးမ်ိဳးဆိုင္ေတာ့ စာအုပ္ငွားမယ့္ေဖာက္သည္တစ္ေယာက္ေလ်ာ့သြားျပန္ၿပီေပါ့။"
ေနာက္ဆုံးစကားၾကားေတာ့ ၿမိဳင္က မ်က္ရည္ေတြနဲ႕ၿပဳံးတယ္။ ၿပီးမွ
" ညေန ငါးနာရီကားနဲ႕ျပန္မွာ။ အဲ့ဒါအစ္ကိုလိုက္ပို႔ပါ။ ဦးမ်ိဳးကိုလည္း ဝင္ကန္ေတာ့ခ်င္ေသးတယ္" တဲ့။
ကြၽန္ေတာ္ေခါင္းၿငိမ့္ျပလိုက္တယ္။ ၿမိဳင့္မ်က္ရည္ေတြကို လက္နဲ႕ခပ္ဖြဖြသပ္ခ်လိဳက္ၿပီး အိမ္ထဲဝင္ဖို႔ေျပာလိုက္တယ္။
ၿမိဳင္အိမ္ထဲျပန္ဝင္သြားေတာ့ ကြၽန္ေတာ့္စိတ္ထဲ တစ္ခုခုဆို႔ေနသလို ေလးလံေနတာပဲ။ အဲ့ဒီတုန္းက ၂၀၁၀ ေလ။ ဖုန္းအဆက္အသြယ္ဆိုတာလည္း အၿမဲတမ္းဘယ္သူမွမလုပ္နိုင္ဘူး။ ေဒၚခ်ိဳတို႔ကလည္း ရန္ကုန္ကိုအၿပီးေျပာင္းမွာဆိုေတာ့ ၿမိဳင့္အေနနဲ႕ ဒီကိုလာလည္ဖို႔မရွိေတာ့ဘူး။ ကြၽန္ေတာ္ဆိုတာလည္း အေဖနဲ႕အေမရွိေနတဲ့ဒီၿမိဳ႕ေလးမွာပဲ တစ္သက္လုံးေနျဖစ္မယ့္ေကာင္။ အခ်ိန္ေတြၾကာလာေလ ကြၽန္ေတာ္နဲ႕ၿမိဳင္နဲ႕ တစ္ေယာက္ကိုတစ္ေယာက္ေမ့သြားၾကမွာ။ ၿမိဳင္ ဆိုတဲ့မိန္းကေလးဟာ ကြၽန္ေတာ့္မွတ္ဉာဏ္မွာ စာေတြအရမ္းဖတ္တဲ့'ခ်စ္စရာဧည့္သည္မိန္းကေလး' လို႔ပဲ က်န္ေနခဲ့ေတာ့မွာ။
ပိုဆိုးတာက ကြၽန္ေတာ္တို႔ႏွစ္ဦးဟာ ဧည့္သည္နဲ႕အိမ္ရွင္ဆိုတာကလြဲလို႔ အဲ့ဒီထက္ဘာမွမပိုၾကဘူး။ ကြၽန္ေတာ့္ဘက္က ပိုရင္ေတာင္ ၿမိဳင့္စိတ္ကို ကြၽန္ေတာ္မျမင္နိုင္ဘူး။ အဆိုးဆုံးက ၿမိဳင့္ကို ကြၽန္ေတာ္ခ်စ္ေနခဲ့တာပဲ။
ဒါေပမယ့္ ဘယ္လိုမ်ားဖြင့္ေျပာပါ့မလဲ။ ကြၽန္ေတာ္တို႔က ဘယ္အထိေဝးၾကမယ္ဆိုတာမွ မသိနိုင္ေတာ့ပဲ။ ၿမိဳင္သြားမယ့္လမ္းမွာ 'ခ်စ္ျခင္း' ဆိုတဲ့ေက်ာက္ခဲေလးကို ကြၽန္ေတာ္ဘယ္လိုပစ္မခ်ခ်င္ေတာ့ပါဘူး။ ဒါဟာ ႏွစ္ေယာက္လုံးအတြက္ အေကာင္းဆုံးလမ္းပါပဲ။
(ခရီးဆုံးတဲ့အထိ အတူရွိေနမယ္ထင္ခဲ့တဲ့ ဘတ္စ္ကားတစ္စီးေပၚမွာ ဘဲလ္ႏွိပ္သံထြက္လာၿပီး၊ ထင္မွတ္မထားဘဲ ကိုယ္ဆြံ႕အသြားၿပီး၊ ႐ုတ္တရက္မင္းထထြက္သြားၿပီး၊ ပလက္ေဖာင္းေပၚက လူအုပ္ႀကီးထဲတိုးဝင္ေပ်ာက္ကြယ္သြားၿပီး၊ ေနာက္တစ္ေနရာမွာ မင္းျပန္တက္လာမလားလို႔ ကိုယ္ေမွ်ာ္ေနမိၿပီး၊ ရရွိနိုင္သမွ် ဝမ္းနည္းဆို႔နင့္မႈအားလုံးကို တိတ္ဆိတ္စြာ ခံစားရရွိခဲ့ရၿပီး၊ ကိုယ့္ရဲ႕ေဘးကို တစ္ျခားသူေတြေရာက္လာၿပီး၊ ေနာက္ဆုံးေတာ့ ကိုယ္လည္းပဲ ေနာက္ထပ္ပလက္ေဖာင္းတစ္ခုက လူေတြထဲမွာတိုးဝင္ေ႐ြ႕လ်ားခဲ့ရၿပီး။ ေဝးတယ္ဆိုတာ ဒါပဲေပါ့အခ်စ္ရယ္။
- " ေႏြဦးလမ္း၊ ကံ့ေကာ္ပြင့္၊ ဟိုးအေဝးႀကီးမွာ ႏွင္းေတြလြင့္လို႔" မွ )
( ၆ )
ညေနေလးနာရီေရာက္ေတာ့ ဆိုင္ကယ္ေသာ့ကိုယူၿပီး ၿမိဳင့္ဆီထြက္ခဲ့တယ္။ ၿမိဳင္က ရန္ကုန္ကိုေစာျပန္ႏွင့္ၿပီး ေဒၚခ်ိဳတို႔က ေနာက္ရက္မွ ကားႀကီးတစ္စီးငွားသြားၾကမွာ။ ကြၽန္ေတာ္ေရာက္သြားေတာ့ ၿမိဳင္က ၿပဳံးေနတယ္။ လတ္ဆတ္တဲ့အၿပဳံးမဟုတ္ေပမယ့္ ဒီအခ်ိန္မွာ ၿမိဳင္ၿပဳံးေနတာပဲ ကြၽန္ေတာ္ျမင္ခ်င္ပါတယ္။
ေနာက္ဆုံးအႀကိမ္အေနနဲ႕ ကြၽန္ေတာ့္ဆိုင္ကယ္ေနာက္က ၿမိဳင္လိုက္ခဲ့တယ္။ ကားဂိတ္မွာ ၿမိဳင္နဲ႕ရင္းႏွီးေနတဲ့ကြၽန္ေတာ့္သူငယ္ခ်င္းေတြလည္း ေရာက္ေနေလာက္ၿပီ။ လမ္းမွာ ၿမိဳင္က ဦးမ်ိဳးရဲ႕စာအုပ္ဆိုင္ကိုဝင္ၿပီး ကန္ေတာ့တယ္။ စာအုပ္ေတြလိုရင္လွမ္းမွာဖို႔လည္းေျပာရဲ႕။ ဦးမ်ိဳးကေတာ့ အခ်ိန္မေ႐ြး လာလည္ဖို႔ ျပန္ေျပာေနတယ္။ ကြၽန္ေတာ္ကေတာ့ သူတို႔စကားသံေတြနားေထာင္ရင္း ဆိုင္အျပင္ဘက္မွာပဲ ေစာင့္ေနမိတယ္။ ကြၽန္ေတာ္ဘာကိုေၾကာက္ေနခဲ့လဲ မသိေတာ့ပါဘူး။
ကားဂိတ္ေရာက္ေတာ့ ၿမိဳင့္အထုတ္တစ္ထုတ္ခ်တယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ၿမိဳင့္အတြက္ ေဒသစာမုန႔္ထုပ္ေတြဝယ္ထားေပးၾကတယ္။ ၿမိဳင္က အားလုံးကိုႏႈတ္ဆက္ေနတယ္။
ကားထြက္ခါနီးေတာ့ သူငယ္ခ်င္းေတြက အလိုက္သိစြာနဲ႕ေစာျပန္သြားၾကတယ္။ ၿမိဳင္နဲ႕ကြၽန္ေတာ္ပဲ ဂိတ္ထဲက ခုံတန္းေလးထဲမွာ။ ၿမိဳင္က ကြၽန္ေတာ့္အတြက္ လက္ေဆာင္အေနနဲ႕ ေမာင္ဝဏၰရဲ႕ ပန္းေတြနဲ႕ေဝ စာအုပ္ေလး ေပးတယ္။ ကြၽန္ေတာ္အခုထိ အဲ့စာအုပ္ကိုစာအုပ္စင္ရဲ႕အျမင့္ဆုံးအကန႔္မွာ ထားထားတုန္းပဲ။
ေျပာစရာအမ်ားႀကီးရွိေပမယ့္ ကြၽန္ေတာ္တို႔ဘာမွသိပ္မေျပာျဖစ္ၾကေတာ့ဘူး။ ရယ္စရာေမာစရာေတြပဲ ေလွ်ာက္ေျပာေနခဲ့တယ္။ ႏႈတ္ဆက္ျခင္းမွာ ေပ်ာ္႐ႊင္စြာခြဲခြာရတာေပ်ာ္စရာပါေလ။ ကြၽန္ေတာ့္စိတ္ထဲက ဝမ္းနည္းမႈကို ေအာင္ျမင္စြာ ဖုံးကြယ္ထားနိုင္ခဲ့ၾကတယ္ထင္တယ္။
ကားေပၚတက္ခါနီးမွ ကြၽန္ေတာ္ၿမိဳင့္လက္ဆြဲအိတ္ကိုဆြဲၿပီးထလိုက္တယ္။ ၿမိဳင္က ေရွ႕ကေန ကားဆီသြားေနတယ္။
"ၿမိဳင္"
ကြၽန္ေတာ္ေခၚလိုက္ေတာ့ ၿမိဳင္က လွည့္ၾကည့္တယ္။ သူ႕ႏႈတ္ခမ္းေတြၿပဳံးေနေပမယ့္ သူ႕မ်က္ဝန္းေတြမွိန္ေဖ်ာ့ေနတာပဲ။
"ဂ႐ုစိုက္ပါ"
" ေက်းဇူးတင္ပါတယ္"
အဲ့စကားႏွစ္ခြန္းဟာ ၿပိဳင္တူပဲ ႏွစ္ဦးလုံးဆီကေနထြက္သြားတယ္။ စေတြ႕တဲ့ေန႕က စာအုပ္ဆိုင္ကအထြက္မွာလည္း ဒီလိုပဲကိုး။ ဒီတိုက္ဆိုင္မႈအတြက္လည္း ကြၽန္ေတာ္တို႔ ေပါ့ေပါ့ပါးပါးရီလိုက္ၾကတယ္။ ၿပီးေတာ့ ကားေပၚတက္သြားတဲ့ ၿမိဳင့္ေနာက္ေက်ာကို ကြၽန္ေတာ္ေငးၾကည့္ေနမိခဲ့တယ္။
(၇)
ၿမိဳင့္ကိုႏႈတ္ဆက္ရတာ ကြၽန္ေတာ့္စိတ္ထဲ မျပည့္စုံသလိုျဖစ္ေနတယ္။ ဖုန္းနဲ႕ႏႈတ္ဆက္စကားေလးေတာ့ ပို႔ဦးမွပဲလို႔။ ဒါေပမယ့္ဘာပို႔ရမွန္းမသိဘူး။ ဒီအခ်ိန္ေတြအားလုံးကို ကိုယ္စားျပဳမယ့္ႏႈတ္ဆက္စကားေလးတစ္ခု။
ကားဂိတ္ထဲျပန္ဝင္ထိုင္ေနရင္း ၿမိဳင္နဲ႕ပို႔ခဲ့တဲ့ message ေတြကို ျပန္ဖတ္ေနမိတယ္။ ဟိုးအေပၚဆုံးမွာ ကြၽန္ေတာ္ၿမိဳင့္ကို ပထမဆုံးစပို႔ခဲ့တာ။
" 7 p.m.See you at bookshop " တဲ့။
တုန္ယင္ေနတဲ့ကြၽန္ေတာ့္လက္ေတြကိုထိန္းၿပီး ၿမိဳင့္အတြက္ ႏႈတ္ဆက္စကားေလးတစ္ေစာင္ပို႔လိုက္တယ္။ ကြၽန္ေတာ့္လက္ေတြဟာ ကြၽန္ေတာ့္ကိုယ္စား ၿမိဳင့္ဆီေရာက္မယ့္ စကားလုံးေတြကို တစ္လုံးခ်င္းရိုက္ေနခဲ့တယ္။ ဒီစကားလုံးေတြဟာ အတူရွိခဲ့တဲ့ေန႕ေတြနဲ႕ အမွတ္တရအားလုံးအတြက္ လုံေလာက္ပါတယ္။ ကြၽန္ေတာ္ပို႔ခဲ့တာ
" 7 p.m. See you at the bookshop, later " လို႔။
ေနာက္မ်ားမွ တစ္ရက္ရက္ (သို႔မဟုတ္) တစ္ႏွစ္ႏွစ္ေတာ့ အစ္ကိုရွိေနမယ့္ နယ္ၿမိဳ႕ကေလးက စာအုပ္ဆိုင္ေလးမွာ ျပန္ဆုံၾကတာေပါ့ ၿမိဳင္ရာ။
ကြၽန္ေတာ္ပို႔တဲ့စာေတြ႕ရင္ ၿမိဳင္ငိုေနမလားမသိ။
ကြၽန္ေတာ့္အတြက္ေတာ့ ဖုန္းစခရင္ပိတ္လိုက္တဲ့အခ်ိန္မွာ မ်က္ရည္ပူတစ္ေပါက္ျပဳတ္က်သြားတာေတြ႕လိုက္ရတယ္။
( ၇)
ဒီဇင္ဘာလႀကီး အိမ္အျပန္လမ္းမွာ မိုးေတြတအား႐ြာလို႔။ ရင္ထဲဆို႔နင့္ဝမ္းနည္းေနလို႔။ ဆိုင္ကယ္ေမာင္းေနရင္း လမ္းတစ္ဖက္မွာ မိုးေရေတြဟာ လမ္းတစ္ေလွ်ာက္စီးဆင္းေနတာေတြ႕ရတယ္။ ၿမိဳင့္လိုပဲ ကြၽန္ေတာ္မျမင္ကြယ္ရာ ဟိုးအေဝးႀကီးဆီကို။
အိမ္ေရွ႕မွာ ဆိုင္ကယ္ရပ္လိုက္ေတာ့ အေမက မိုးမိေနမယ့္ကြၽန္ေတာ့္ကိုထီးတစ္ေခ်ာင္းနဲ႕ေစာင့္ေနတယ္။ ကြၽန္ေတာ္အေမ့ကိုေျပးဖက္ထားလိုက္ၿပီး ကေလးတစ္ေယာက္လိုငိုေနခဲ့တယ္။
-ဆပ္ရိပ္
၁၃.၄.၂၀၂၀
သၾကၤန္အက်ေန႕
ည ၇:၅၉
Comments
Post a Comment