မျက်ရည်
မျက်ရည်
လူသားတစ်ယောက်ရဲ့ ခံနိုင်ရည်ထက်ပိုသွားရင်
ငိုချင်ပေမယ့် မျက်ရည်ကျမလာတော့ဘူး။
လည်ချောင်းထဲမှာဆို့နေတဲ့တိမ်တွေကြောင့်
အသက်ရှူကျပ် ငြိမ်သက်မသွားခင်
ရုပ်ရှင်တွေကြည့်ပြီးငိုရမယ်
တစိမ့်စိမ့်တွေးပြီး ငိုသင့်ငိုရမယ်။
နောက်ဆုံး လိုအပ်ရင်
ဟာသတွေထိုင်ကြည့်တတ်ဖို့။
မျက်ရည်ထွက်တဲ့အထိ ရီပစ်ပြီးမှ
ရတဲ့မျက်ရည်မှာ အနာတရပေါင်း
ဟောင်းနွမ်းလွန်းတဲ့ကိုယ့်အဖြစ်ကို
တွေးတွေးပြီး ငိုကြွေးဖို့။
ချော်လဲရောထိုင် နာကျင်မှုတွေနဲ့
တစ်သက်လုံးနောက်ကလိုက်သူ
ဘယ်တရားပြပြ နိဗ္ဗာန်မသွား
တစ်ယောက်တည်း တစ်ကိုယ်တည်း
စောက်မှတ်မရှိ ငရဲလားလို့။
-ဆပ်ရိပ်
၆.၄.၂၀
Comments
Post a Comment