Slow Dancing In the Dark


ဘာမှမရှိတဲ့အထဲက ဘာမှထပ်ပြီးမဆုံးရှုံးချင်တော့ဘူး။ မဆုံးရှုံးနိုင်တော့ဘူး။ ငါကထုံပေနေပြီ။ ဘာကိုမှစိတ်မဝင်စားတဲ့မျက်ဝန်းတွေနဲ့ လမ်းတွေပေါ်မှာ ရွေ့လျားတတ်နေပြီ။ ငါ့အသံဟာ အိပ်မက်ယောင်သူတစ်ယောက်လို လည်ချောင်းထဲကနေ တစ်ခါတစ်ရံမှထွက်ပေါ်လာတော့တယ်။ ငါ့အသံကို ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး။ ပြီးတော့ ငါ့အသံရဲ့ခြေလှမ်းတွေဟာ သိပ်လေးလံနေခဲ့တာပဲ။ ပြောချင်တာတွေသိမ်းထားရတာများတော့  ငါ့မျက်နှာကအရေပြားဟာ အငွေ့ပျံကွာကျလာပြီး အဲ့ဒီနေရာမှာ ငါ့မျက်နှာရဲ့မပျော်တဲ့ဘက်ခြမ်းဟာ အပြီးတိုင်ရောက်လာတယ်။ ငါ့လည်ချောင်းတွေကို ဖွင့်ထုတ်အော်ဟစ်လိုက်တဲ့အခါ " အမှောင်" ဆိုတဲ့စကားလုံးပဲ ထွက်လာတော့တယ်။ အဲ့ဒီအချိန်ဆိုရင် မော့ထားတဲ့ငါ့ခံတွင်းကနေ လေးထောင့်ပုံမီးခိုးတန်းတစ်ခုထွက်လာတယ်။ အဲ့ဒီအမှောင်တန်းဟာ မိုးရွာခါနီးမည်းနက်နေတဲ့တိမ်တွေနဲ့ဆက်သွားတယ်။ ငါ့မျက်နှာပေါ်ကို မိုးတွေရွာကျလာတယ်။  စက်သေနတ်နဲ့ပစ်သလို ငါ့မျက်နှာပေါ်မိုးတွေတဖွဲဖွဲကျနေတယ်။

ညဘက်တွေဆိုရင် ငါ့နားထဲမှာ စန္ဒယားတီးလုံးသံတစ်ခုကြားတယ်။ စန္ဒယားသံဟာ ခလုပ်တစ်ခုချင်းကို တီးနေတဲ့အသံ။ စုစုပေါင်း note ၈ခုတီးတယ်။ အသံဟာတိုးရာကနေ ကျယ်လာတယ်။ ကျယ်ရာကနေပြန်တိုးသွားတယ်။ လုံးဝပျောက်ကွယ်သွားတယ်။ အသံပြန်ထွက်လာတယ်။ တိုးသွားလိုက်၊ ကျယ်လာလိုက်၊ လုံးဝပျောက်ကွယ်သွားလိုက်နဲ့ အသံတစ်ခုစီဟာ ငါ့ရဲ့ဘယ်ဘက်နားနဲ့ညာဘက်နားထဲမှာ ခေါက်တုံ့ခေါက်ပြန်စီးဆင်းနေတယ်။ အဲ့တီးလုံးပေါ်မှာ အလိုလိုလိုက်ပါနေတဲ့ ငါ့ရဲ့ညည်းသံဟာ သီချင်းတစ်ပုဒ်ဖြစ်လာတယ်။ အဲ့ဒီသီချင်းဟာ မိုးသည်းသည်းမဲမဲရွာနေတဲ့အချိန် ရေမြောင်းထဲကအမှောင်ထုထဲမှာ ငြိမ်သက်စွာကျနေတဲ့ ဘူးခွံတစ်ခုနဲ့တူတယ်။ ဘူးခွံဟာ ဘယ်ကိုမှ မျောမသွားဘူး။ ရေတွေဟာ ဘူးခွံပေါ်ကို အရှိန်ပြင်းပြင်းနဲ့ဖြတ်သန်းစီးဆင်းနေခဲ့ကြတယ်။ ငါ့နှာခေါင်းထဲကို ရေတွေဝင်လာတဲ့အခါ ငါအသက်ရှူကျပ်ပြီးလန့်နိုးလာတယ်။

ပြီးတော့ ငါဆေးလိပ်တွေသောက်တယ်။ ဆေးလိပ်ကငါ့ကိုသောက်နေတာနဲ့ပိုတူတယ်။ ဆေးလိပ်ကိုကိုင်ထားတဲ့ ငါ့လက်ဖျားတွေဟာ မီးစွဲလောင်နေပြီး တစ်ဖြည်းဖြည်းနဲ့ လက်သည်းနေရာမှာ၊ ပထမလက်ဆစ်နေရာမှာ၊ ဒုတိယလက်ဆစ်နေရာဟာ ပြာခဲကြီးဖြစ်သွားတယ်။ ငါဟာ ဆေးလိပ်ကို အထိန်းအကွပ်မရှိ အန်ချင်လာတဲ့အထိ တစ်ဖွာပြီးတစ်ဖွာ စုပ်ယူတယ်။ မှုတ်ထုတ်ထားတဲ့ဆေးလိပ်မီးခိုးတွေ ငါ့တစ်ကိုယ်လုံးကိုဖုံးအုပ်သွားတဲ့အခါ မျက်လှည့်ပြကွက်တစ်ခုလို ငါပျောက်ကွယ်သွားလိမ့်မယ်။ ငါရပ်နေတဲ့နေရာမှာ အဖြူရောင်ခွေးတစ်ကောင်ရှိနေလိမ့်မယ်။ ခွေးက အသေ။ အဖြူရောင်အမွေးတွေဟာ လျှပ်စီးလက်လိုက်တိုင်း ပန်းခင်းကြီးကိုလေတိုက်လိုက်သလို စည်းချက်ညီညီ လှိုင်းထလှုပ်ရှားလာမယ်။ ခွေးဟာမျက်လုံးပွင့်လျက်သား ငေးမောသေဆုံးနေရမယ်။ ဘေးမှာ သေနတ်တစ်လက်ရှိနေတယ်။ အဲ့သေနတ်ပေါ်ကို ကောင်းကင်ဘုံကလာတဲ့ အလင်းတန်းတစ်ခုကျနေလိမ့်မယ်။

ငါ့အသံကို ဘယ်သူမှမကြားဘူးလို့ ခံစားရတာကြာပြီ။ ငါ့ပုံစံအမှန်ကိုလည်း ဘယ်သူမှမမြင်ကြတော့ဘူး။ မှောင်မိုက်တိတ်ဆိတ်နေတဲ့တစ်ညမှာ ငါဟာ ပလက်ဖောင်းမှာပေါက်နေတဲ့ပန်းပင်သေးသေးလေးကို ဆတ်ခနဲခူးယူလိုက်ပြီး ဟာသတစ်ခုပြောတယ်။ ငါတစ်ယောက်တည်း ရီတယ်။ ရီနေတဲ့ငါ့နှုတ်ခမ်းပေါ်ကို ငါ့မျက်ဝန်းထဲက သားရေတွေစီးကျလာတယ်။ အဲ့သားရေတွေကို ငါ့နှုတ်ခမ်းကဆက်မျိုချတယ်။ ပြီးတော့ ငါ့နှုတ်ခမ်းတွေကို အပြုံးတစ်ခုနဲ့တူအောင်ကွေးလိုက်ရင်း ငိုတယ်။ နှုတ်ခမ်းကိုကိုက်ပြီး တအိအိနဲ့ ငိုနေတာ ငါမဟုတ်ဘူး။ ငါ့ရင်ခေါင်းထဲမှာ ဝမ်းနည်းနေတဲ့လူတစ်ယောက်ဟာ အချိန်အကြာကြီးရှိနေခဲ့တယ်။ ငါ့လည်ချောင်းနံရံကို သူ့ဦးခေါင်းနဲ့မှီထားရင်း သီချင်းတစ်ပုဒ်သူဆိုနေတယ်။ သီချင်းဟာ ဘာစာသားမှမပါဘဲ Note တစ်ခုပြီးတစ်ခုမြည်နေတဲ့ စန္ဒယားသံနဲ့တူတယ်။

ငါဟာ ခံစားချက်တွေကို အလွန်အကျွံသုံးစွဲခဲ့မိပုံရတယ်။ ငါ့မှာအခု ဘာခံစားမှုမှရှိမနေတော့ဘူး။ ထပ်ပြီးနောက်တစ်ခါခံစားရတဲ့အခါ ထပ်ပြီးမြင်ရမယ့် ပျော့ညံ့ပြိုလဲနေတဲ့ငါ့ပုံစံဟာ ငါ့အတွက်အရာအားလုံးထက် ကြောက်ဖို့ကောင်းတယ်။ ငါ့ကိုယ်ငါကို အရာအားလုံးထက်ပိုကြောက်တယ်။ တစ်ခုခုကို မျှော်လင့်နေခဲ့ပြီး တစ်ခုမှဖြစ်မလာခဲ့ခြင်းတွေ။ မလိုချင်တာအားလုံး ငါ့အိတ်ကပ်ထဲရောက်လာခဲ့ခြင်းတွေ။ အရုပ်ကျိုးပျက်လဲကျသွားတဲ့ လူနာ၊ သံသရာစက်ဝန်း၊ ထပ်ခါတလဲလဲပြန်ရောက်လာတဲ့နာကျင်မှု။ ငါ့ဆံပင်တွေထဲ မင်းလက်တွေနဲ့ထိုးဖွပေးမှာကို ငါတကယ်မျှော်လင့်နေခဲ့တာသိလား။

အမှောင်ထဲမှာ လူတစ်ယောက်ရှိတယ်။ လူတစ်ယောက်အပေါ်မိုးတွေရွာနေတယ်။ လူတစ်ယောက်ဟာ စိုရွဲလေးလံလာတဲ့အဝတ်အစားနဲ့ မိုးရေထဲမှာရပ်နေတယ်။ သူ့ရဲ့ လက်ထိပ်ဖျားတွေဟာ မိုးရေကြောင့် တွန့်လိပ်လာကြတယ်။ နှုတ်ခမ်းတွေဟာ ဖြူရော်လာတယ်။ နောက်ဆုံးမှာတော့ သူဟာ "အမှောင်" လို့ သံရှည်ဆွဲအော်လိုက်ပြီး သီချင်းအတိုင်းဖြည်းညင်းစွာ မျောပါကခုန်နေခဲ့တော့တယ်။ သူ့ခြေတွေလက်တွေဟာ တစ်ခါတုန်းက  ညနေလေပြေထဲလွင့်နေတဲ့ သူ့ရည်စားဟောင်းရဲ့ဆံနွယ်တွေလို သီချင်းအတိုင်း အလိုက်သင့်ငြိမ့်ညောင်းစွာ။ သီချင်းဆုံးတော့ သူ့နောက်ကျောကို ကပ်ရပ်ထိုးထည့်လိုက်တဲ့ ဓားတစ်ချောင်း အမှောင်ထဲက​​နေ တိုးဝင်လာတယ်။ အိကနဲအသံထွက်ပြီး လမ်းပေါ်မှာ သူပုံကျသေဆုံးသွားခဲ့တယ်။

From the song
"Slow Dancing In the Dark" By "Joji"

-ဆပ်ရိပ်
၁၀.၃.၂၀

Comments

  1. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment