ပို့စ်ကဒ် (၁)
ပို့စကဒ် (၁)
I wish you were here
ဒီနေရာမှာ ခင်ဗျားရှိနေစေချင်တယ်
ဒီနေရာလေ
ခင်ဗျားမရှိတော့တဲ့
ကျနော့်ဘဝထဲမှာလေ။
ကျနော့်ကို မြင်ရလား
ကျနော့်အသံကို ကြားရလား
ဝေးနေသမျှဟာ အနီးစပ်နိုင်ဆုံးပဲ
အတိတ်ဟာ
ကျနော့် အကြိုက်ဆုံးရုပ်ရှင်ဖြစ်ခဲ့ရတယ်။
-ဆပ်ရိပ်
၃.၁၁.၁၉
Comments
Post a Comment