ပိို့စ်ကဒ် (၂)



ပို့စ်ကဒ် (၂)

ဆေးလိပ်ငွေ့တွေ စက္ကန့်ပိုင်းအတွင်း
စံပါယ်ပန်းနံ့လေး စက္ကန့်ပိုင်းအတွင်း
အိမ်ပြန်နေတဲ့ငှက်ကလေး စက္ကန့်ပိုင်းအတွင်း
နှုတ်ဆက်သွားတဲ့ကျောပြင်လေး စက္ကန့်ပိုင်းအတွင်း

ကိုယ့်မျက်စိအောက်က ပျောက်သွားလို့
ကိုယ်​အာရုံဆီကနေ ဝေးသွားလို့။

တစ်ချို့လည်း ကိုယ့်မျက်စိရှေ့တင်
တစ်ချို့လည်း မိုးကုတ်စက်ဝိုင်းတဆုံး
တစ်ချို့လည်း တစ်ယောက်တစ်နေရာမှ။

Facebookက memory တွေပြန်ပြတယ်
ကိုယ်တိုင်ကိုယ်ကျလည်းသတိရနေတယ်
အမှတ်တရများရဲ့ နေထိုင်နိုင်မှုက
နှစ်ပေါင်းများစွာ
ရင်သပ်ရျုမောဖွယ်ရာပါပဲ။

-ဆပ်ရိပ်
၁၃.၁၁.၁၉

Comments