တောင်ကြီး
တောင်ကြီး
ကိုယ့်မြို့ရဲ့ အိမ်အပြန်လမ်းမှာလည်း
ချယ်ရီပန်းတွေရှိနေရင်ကောင်းမှာပဲ။
အိမ်အပြန်လမ်းတစ်လျှောက်
ချယ်ရီပန်းများအောက်
စက်ဘီးလေးကိုနင်းလို့
ပျော်ရွှင်နေသောအနွေးထည်ကိုဝတ်လို့လေ။
အဲ့ဒီစိတ်ကူးယဥ်မှုပြီးတဲ့နောက်
ခရီးသွားသူကျနော်လည်း
ဒိုင်နာကားလက်ရန်းတွေကို မီနေတယ်
ခွဲခွာရမယ့်တောင်တန်းများ သိပ်လှတယ်။
တောင်ကြီးစျေးထဲရောက်တော့
ဒေသရောက်အလွမ်းသမား
မှုန်ကုပ်ကုပ်ဆိုင်ထဲက ထောင့်ဆုံးခုံမှရွေးထိုင်ဖြစ်
ခင်ဗျားတို့မြို့က သိပ်အေးတာပဲ
တို့ဟူးနွေးတစ်ပွဲဖြစ်ဖြစ်ပေးပါဗျာ။
-ဆပ်ရိပ်
၃၁.၁၂.၁၉
Comments
Post a Comment