အဝါရောင်ပန်းတွေရဲ့ကဗျာ (၈)


အဝါရောင်ပန်းတွေရဲ့ကဗျာ (၈)

ကိုယ့်ဘက်ကစပြီး လက်ပြမယ့်အစား
ထွက်သွားတဲ့နောက်ကျောတွေကိုငေးရင်း 
အဆုံးသတ်လိုက်ဖို့သာရှိတယ်

ကိုယ်သိသားပဲ
တွေ့ဆုံခြင်းနဲ့ 
သူစိမ်းဆိုတဲ့စာမျက်နှာတွေဟာ
ကျောချင်းကပ်လျက်
ဖျက်ကနဲလှန်လိုက်ရုံလေးဆိုတဲ့အကြောင်းတွေ..။

-ဆပ်ရိပ်
၂၄.၈.၁၉

Comments