အဝါရောင်ပန်းတွေရဲ့ကဗျာ (၄)
အဝါရောင်ပန်းတွေရဲ့ကဗျာ (၄)
ပျော်ရင် အများကြီးပြောဖြစ်ပါတယ်
မပျော်တဲ့အခါတော့
သေလုမြောပါးလူနာကို စကားမပြောစေချင်သလိုမျိုး
နှုတ်ခမ်းရဲ့လက်တွေကို စိတ်ကဆုပ်ကိုင်လို့
လူအုပ်ကြီးရဲ့ကြားမှာ
တိုက်အမြင့်ကြီးတွေကြားမှာ
တစ်ကိုယ်တည်း ရပ်နေမိတယ်။
မိုးအရမ်းအေးတဲ့နေ့တွေမှာတော့
ကော်ဖီတစ်ခွက်နဲ့
ကိုယ့်ကိုယ်ကို ပြန်ဖက်ထားခဲ့ရတာပေါ့။
-ဆပ်ရိပ်
၂.၈.၂၀၁၉
Comments
Post a Comment