ဒီဇာတ်လမ်း
ဒီဇာတ်လမ်း
မင်းနောက်ကျောမှာ သေနတ်တစ်လက်ကိုင်ထားပြီး
ငါ့နောက်ကျောမှာ စကားတစ်ခွန်းဖွက်ထားတယ်
ငါ့ခြေလှမ်းတွေလေးလံလာတော့
ငါ့မျက်တောင်တွေစိုစွတ်လာတာပေါ့။
ပြန်စဥ်းစားကြည့်တော့
ပျော်ရွှင်နေသောလများဆိုတာလည်း
ငါ့လည်ပင်းက ကြိုးကွင်းကို
မင်းလက်ထဲကကြိုးစင်မှာ
အတူတကွ အချိန်ယူတပ်ဆင်နေခဲ့ကြခြင်းပဲ။
အဲ့ဒီနောက်
ခရစ္စမတ်မှာ ကျတဲ့နှင်းတွေ
လမ်းအလယ်မှာ ထရပ်ကားတစ်စီးပျက်လို့
ရုပ်ရှင်ပြီးတော့ ရန်ကုန်ရဲ့အမှောင်မှာ
ငါတစ်ယောက်တည်း ရပ်လို့။
(တစ်) နေရာယူ
(နှစ်) အဆင်သင့်
(သုံး) ခြေခုနှစ်လှမ်းဆုတ်
(လေး) မင်း..ဝေး..ဝေး..ပြေး..
(ငါး)
နှုတ်ဆက်ချိန်မှာ
လှည့်ကြည့်မိသူ အရှုံးပဲ
-ဆပ်ရိပ်
၁၇.၁၂.၁၉
Comments
Post a Comment