အဝါရောင်ပန်းတွေရဲ့ကဗျာ (၁)
အဝါရောင်ပန်းတွေရဲ့ကဗျာ ၁
လူကူးမျဉ်းကြားအဝါ
ဆောက်လက်စအဆောက်အဦးတွေအဝါ
နေရောင်အဝါ
ပန်းစည်းအဝါ
ခံစားချက်ရှိမနေမှုဟာ အဝါ
စိတ်ထဲက ကွက်လပ်တွေဟာ အဝါ
ဘယ်သူနဲ့မှ ထပ်မတွေ့တော့တဲ့အိပ်မက်တွေဟာအဝါ
နာကျင်မှုဟာ အဝါ
ဘယ်သူ့ကိုမှ သတိမရပေမယ့်
အရာအားလုံးကို လွမ်းဆွတ်နေမှုဟာ အဝါ။
-ဆပ်ရိပ်
၂၂.၆.၁၉
Comments
Post a Comment