နိုဝင်ဘာဖုန်မှုန့်များ
နိုဝင်ဘာဖုန်မှုန့်များ
ပျော်ရွှင်နေရဲ့လား မိတ်ဆွေ
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး
တကယ်ပျော်ရွှင်နေတာသေချာရင်
ကျနော်ဝမ်းသာပါတယ်
ကျနော်တော့ မပျော်တာကြာပြီ။
အိမ်ပြန်လမ်းက ခွေးကလေးကို အစာပုံမှန်ကျွေး
တံတားပေါ်ကနေ လူများလမ်းများကို ငေး
ရုပ်ရှင်ရုံရောက်တိုင်း ထောင့်ဆုံးခုံပဲဝယ်
မှာထားတဲ့လက်ဖက်ရည်လို လက်ဖဝါးများအေးစက်
ကျနော်တော့ ပျော်သလိုနေနေတာ ကြာခဲ့ပါပြီ။
-ဆပ်ရိပ်
၂၂.၁၁.၂၀၁၉
Comments
Post a Comment