အဝါရောင်ပန်းတွေရဲ့ကဗျာ (၂)



အဝါရောင်ပန်းတွေရဲ့ကဗျာ ၂

ဘယ်နေရာမှာမှ မင်းကိုမတွေ့ရတော့ကတည်းက
နေရာတိုင်းမှာ မင်းကိုမြင်လာတော့တာပဲ

မမြင်ရာမကြားရာ
ဝေးတာထက် ပိုပြီးဝေးခဲ့တဲ့ကမ္ဘာ...

အိတ်ကပ်ထဲမှာ အဝါရောင်ပွင့်ဖတ်တွေ ကြေမွ
ငါ့နားထဲကနေ မင်းအသံတွေပြန်ကြားရတယ်..။

-ဆပ်ရိပ်
၇.၇.၂၀၁၉

Comments